✉📝📒📒✏

kbkb(39)
Published in
#esteem
Words
708
Reading
4 min
9y
Listen to this post
~5 min

ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ ဖန်ဆင်းရှင်
We are the only creators of our lives


ကျွန်တော်တို့ဟာ မှန်နှင့်တူတဲ့ ကံကြမ္မာကို အမှီပြုပီး နေရတာပါ။ အပြုံးပုံရိပ် ဒါမှမဟုတ် အငိုပုံရိပ်တွေ ရောင်ပြန်ဟပ်လာစေဖို့ လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။

We are relying on the action which is like the mirror. We have right to make a free choice to reflect smile or cry appearances.

ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေဆိုတာ ဘုရား တရား သံဃာ ရတနာသုံးပါးအပေါ်မှာ သက်ဝင်ယုံကြည်မှု ရှိရပါတယ်။ ဒါနဲ့တင်တော့ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်ဖို့  မလုံလောက်သေးပါဘူး။ အနည်းဆုံး ရတနာသုံးပါးအပြင် အကြောင်းအကျိုးဆိုတဲ့ လောကဥပဒေသကိုပါ သက်ဝင်ယုံကြည်မှု ရှိရပါမယ်။ ဒီ အကြောင်းအကျိုးဆိုတဲ့ လောကဥပဒေသကို သက်ဝင်ယုံကြည်မှုဟာ အလွန်အရေးကြီးပါတယ်။ ဒီယုံကြည့်မှုကနေ ဗုဒ္ဓဘာသာနဲ့ အခြားဘာသာတွေကို ခြားနားစေတာဖြစ်ပါတယ်။

We Buddhists need to have faith in Three Gems: the Buddha, the Dhamma and the Sangha. But it is not enough to be a true Buddhist yet. At lease we have to believe in Three Gems and the natural law of cause and effect also. The belief in law of cause and effect is more important , it distinguished Buddhism from other religions.

ကျွန်တော်တို့ လုပ်ဆောင်သမျှ အကြောင်းအားလုံးကို ကံတွေလို့ ခေါ်ပါတယ်။ ကံတရားဟာ မှန်နဲ့  အလားတူပြီး ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်သမျှကို အကျိုးဆက်အဖြစ် ရောင်ပြန်ထင်ဟပ်စေပါတယ်။ မှန်ထဲမှာ အငိုမျက်နှာနှင့် ကြည့်ရင် အငိုပုံရိပ်ရောင်ပြန်ပြီး အပြုံးမျက်နှာနှင့်ကြည့်ရင် အပြုံးပုံရိပ် ရောင်ပြန်ပါတယ်။ အငိုမျက်နှာနဲ့ကြည့်ပြီး အပြုံးပုံရိပ်မြင်ချင်လို့ မရပါဘူး။

The causes that we do are called actions. Action is like the mirror, It reflects what we do as result. if we look at ourselves in the mirror with smile face, it will reflect smile appearance. If we look at with cry face, it will reflect cry appearance. We cannot see smile appearance with cry face look.

အကြောင်းအကျိုး လောကဥပဒေသအရ အကြောင်းတွေကိုသာ ကျွန်တော်တို့  ရွေးချယ်ခွင့်ရှိပါတယ်။ အကျိုးကို ရွေးချယ်ခွင့်မရှိပါဘူး။ အကျိုးတရာဟာ အကြောင်းတရားနဲ့ အညီ အလိုအလျောက် ထပ်တူပေါ်လာတာပါ။

According to natural law of cause and effect, we have right to choose only causes not the effect. Effect is identical to cause automatically.

သင့်လျော်ကောင်မွန်းတဲ့ အကြောင်းတရားကို လုပ်ဆောင်လျင် ကောင်းကျိုး သေချာပေါက် ပေါ်လာမှာပါ။ အလားတူပဲ မကောင်းတဲ့ အကြောင်းတရားတွေ ပြုလျင်လည်း မကောင်းတဲ့အကျိုး ဧကန် ပေါ်ပေါက်လာပါလိမ့်မယ်။ ဒီသဘာဝ ဥပဒေသကို ဘယ်သူမှပြောင်းလဲနိုင်စွမ်း မရှိပါဘူး။

If we do wholesome causes, the effect will surely be good. If we do unwholesome causes, the effect will be bad indeed likewise. No one can change this natural law.

ကာယကံ၊ ဝစီကံ၊ မနောကံရယ်လို့ ကံတရားသုံးမျိုးရှိပါတယ်။ ကျွန်တော်တို့ ကိုယ်ခန္ဓာနဲ့ ပြုသမျှ အကောင်းအဆိုးတွေဟာ ကာယကံဖြစ်ပြီး၊ နှုတ်နဲ့ပြောသမျှ စကားတွေက ဝစီကံဖြစ်ပါတယ်။ စိတ်မှာ ကြံစီသမျှက မနောကံများ ဖြစ်ပါတယ်။

There three kinds of action; bodily action, verbal action and mental action. Something we do in good or bad deeds with our body is called bodily action.
Something we speak with our mouth is verbal action and something we think in our mind is mental action.

ကျွန်တော်တို့ဟာ သာမန်ပုထုဇဉ်တွေ ဖြစ်ကြသည့်အလျောက် အကောင်းအဆိုး ကံနှစ်မျိုးလုံး လုပ်မိပါလိမ့်မယ်။ ကောင်းတဲ့ ကံကြမ္မာတွေက ကောင်းကျိုးဖြစ်စေပြီး၊ မကောင်းတဲ့ကံကြမ္မာက မကောင်းကျိုးဖြစ်စေတယ်ဆိုတာကိုတော့ စွဲစွဲမြဲမြဲ ယုံကြည်ထားရပါမယ်။ ပြီးတော့ ကျွန်တော်တို့ ဘဝကို ကောင်းအောင် ဆိုးအောင် ကိုယ်ကလွဲပြီး အခြား ဘယ်သူတစ်ဦးတစ်ယောက်မှ မဖန်တီးနိုင်ဘူးဆိုတာကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။

As we are ordinary person, we may do both good and bad actions. We must firmly believe that good actions cause good effects and bad action cause bad effects. And we must consider that no one can create our lives to be good or to be bad but ourselves.

ဒီနေရာမှာ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံနှစ်မျိုးအကြောင်းကို ရှင်းပြချင်ပါတယ်။ အတိတ်ကံတွေက လက်ရှိပစ္စုပ္ပန်အခြေနေကို အကျိုးရလဒ်ဖြစ်ပေါ်စေသလို လက်ရှိပစ္ဈပ္ပန်ကံတွေကလည်း ကျွန်တော်တို့ ရဲ့  အနာဂတ်အခြေနေကို အကျိုးဆက်အဖြစ် ပုံဖော်ပေးပါလိမ့်မယ်။

Here I like to explain two kinds of actions: past action and present action. Just as past actions result in our present condition so also present actions will surely effect on our future.

မတူညီတဲ့  ကံကြမ္မာတွေက ကျွန်တော်ရဲ့  ဘဝတွေကို မတူညီအောင်ဖန်တီးတယ်ဆိုတာ သင်သတိပြုမိပါလိမ့်မယ်။ ဒါကြောင့် လူအချို့ က ချမ်းသာပြီး အချို့ က ဆင်းရဲတယ်။ အချို့က ပြည့်စုံပြီး အချို့က ချို့တဲ့တယ်။ အချို့ က ကျန်းမာပြီး အချို့ ကျန်းမားရေးညံ့တယ်။ အချို့က ရုပ်အဆင်းလှပပြီး အချိုကရုပ်ဆိုးတယ် စတာတွေဖြစ်လာတာပါ။

You may notice different actions make our lives different. So some are rich but some are poor. Some are perfect and some are lack. Some are healthy and some are in poor health. Some are pretty and some are ugly. etc.

ကျွန်တော်တို့က ချို့တဲ့နေရင် အခြားသူတွေရဲ့  ပြည့်စုံတဲ့အခြေနေတွေကို မနာလိုဖြစ်ခြင်းထက်၊ အတိတ်က ကိုယ်တိုင်ပြုခဲ့တဲ့ မကောင်းမှုတွေအတွက် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်သင့်ပါတယ်။ ဒီလိုဘဝတွေဖြစ်လာအောင် ဘယ်သူကမှ ထိမ်းချုပ်ပြီး ဖန်းတီးထားတာ မဟုတ်ပါဘူး။ စကြာဝဠာကြီးထဲမှာ ကျွန်တော်တို့ ကိုယ်တိုင်ကသာ ကျွန်တော်တို့ ရဲ့ ဖန်းဆင်းရှင်တွေဖြစ်ပါတယ်။

If we are lack, we should blame our selves for having done bad actions in the past than being jealous of others perfect condition. No one has controlled and created our lives to be like that. We are creators of our lives in the Universe.

ဒါကြောင့် တစ်ခုခုလုပ်ဆောင်မည်ဆိုသည်နှင့် မလုပ်ဆောင်ခင် ကောင်းတာလုပ်မှာလား ဆိုးတာလုပ်မှာလား လေးလေးနက်နက် စဉ်းစားပါ။ မကောင်းတဲ့ လုပ်ဆောင်မှုတွေကနေ ကောင်းကျိုးရလာဖို့ ဘယ်သူ တစ်ဦးတစ်ယောက်မှာမှ အထူးအခွင့်အရေး မရှိပါဘူး။ ဒါဟာ ရိုးရှင်းတဲ့ ဥပဒေသဖြစ်ပြီး အားလုံးတွက် မျှမျှတတ ရှိလှပါတယ်။

So deeply think about yourself what to do; good or bad before you take any action. No one has a great chance to have good result from bad actions. This is very simple law and this is fair to all.

သင်ကြိုက်ရာကို ရွေးချယ်ပြီးလုပ်ပါတယ်။ ဒါပေမဲ့ ကံကြမ္မာက သင်နှင့်ကျွန်ုပ်အပါဝင် ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ မျက်နှာမလိုက်ဘူးဆိုတာတော့ ဘယ်တော့မှ မမေ့ပါနဲ့။

You can do as you like but never forget that action doesn't favor anyone including you and me.

image
kbkb@kbkb

✉📝📒📒✏ | Ecency