Gossip dies when it hits a wise person's ears.
အတင်းအဖျင်း စကားတွေဟာ ပညာရှိသူရဲ့နားစည်ကို ရိုက်ခတ်တဲ့အခါ သေဆုံးသွားတယ် ။
( ဉာဏ်ပညာရှိသူတို့သည် အတင်းအဖျင်းစကားကို မယုံကြည်ကြပါ ။ )
LET'S LEARN BASIC ENGLISH GRAMMAR TOGETHER!
အင်္ဂလိပ်စာကိုကျွမ်းကျင်ပိုင်နိုင်ဖို့အရေးကြီးတဲ့ GRAMMAR(သဒ္ဒါ)ကိုအခြေခံမှစတင်ကာ
အတူလေ့လာကြပါစို့)
LESSON (28)
#RELATIVE CLAUSE
ဝါကျထဲမှာဘဲ ကိုယ်ပိုင်ကတ္တားနဲ့ကြိယာပါ
နေတဲ့စကားစုကို 'Clause' လို့ခေါ်တယ်၊
ဒီစကားစုဟာ၊ရှေ့ကနာမ်ပုဒ်တစ်ခုကိုသွားပြီး
အထူးပြုနေရင်Relative Clause (သို့)
Adjective Clause
#People who do such things are fools.
(ဒါမျိုး လုပ်တဲ့သူတွေဟာအရုးဘဲ)
ဒီဝါကျမှာ> ပင်မ၀ါကျက "People are fools.
အဲဒီမှာပါဝင်နေတဲ့ "who do such things ကိုကြည့်ရင်whoကကတ္တား၊doကကြိယာဖြစ်လို့၊သူဟာ Clause ဖြစ်တယ်။
ဒီCLAUSEကPeopleကိုသွားပြီးအထူးပြုတယ် ဘယ်လိုလူမျိုးတွေကရုးတာလဲ'ဆိုတာ၊
ဒါကြောင့်Relative Clause ဖြစ်တယ်။
Relative Clauseတွေကို Relative Pronoun ဖြစ်တဲ့(Who,Which,That)တွေနဲ့တည်ဆောက်ထားတာဖြစ်တယ်၊ဒီPronounတွေကိုမှန်မှန်ကန်ကန်သုံးတတ်ဖို့၊မြုပ်ရမယ့်နေရာမြုပ်တတ်ဖို့၊အရေးကြီးတယ်
Relative Clauseတွေကို(2)မျိုးခွဲခြားထားတယ်
(1) Defining Clauses
(2) Non-defining Clauses
(1) Defining Clauses
နမူနာဝါကျဖြစ်တဲ့<People are fool ကိုကြည့်
ရင်၊လူတိုင်းကိုအရှုးလို့ပြောလို့မရဘူး၊
ဒီလိုအလုပ်မျိုးလုပ်သူတွေမှသာရှုးတယ်ဆိုတဲ့
ဆိုတဲ့စကားစုပါမှ အဓိပ္ပာယ်ကပြည်စုံတယ်၊
ဒီစကားစုဟာဘောင်သတ်မှတ်ပေးတယ်၊အဓိပ္ပါယ်ဖွင့်ဆိုပေးတယ်ဒါကိုအင်္ဂလိပ်လို define လုပ်တယ်လို့ခေါ်တယ်
<ဒါ့ကြောင့် Who do such things ဆိုတဲ့
ပုဒ်စုဟာ "Defining Clause" ဖြစ်သည်>
(2) Non-defining Clause
~Yangon, which is the capital of Myanmar land, is a big city.
#ဒီဝါကျမှာ "which is the capital of Myanmar land" ဆိုတဲ့ပုဒ်စုဟာ Yangon
အကြောင်းဖြည့်စွက်ပြောရုံဘဲဖြစ်တယ်၊ဘယ်ရန်ကုန်ရယ်လို့ဘောင်ခတ်ပေးခြင်း၊အဓိပ္ပါယ်ဖွင့်ပြပေးခြင်းမျိုးမရှိဘူး၊သူမပါလဲဝါကျကပြည့်စုံတယ်၊
~Yangon is a bg city. ပေါ့
ဒီလို Clause မျိုးကို Non-defining Clause လို့ခေါ်တယ်
<Non-defining Clause ကိုစာရေးရာမှာဘဲ
သုံးတယ်၊စကားပြောရာမှာအသုံးနဲတယ်>
#Non-defining Clause မှာ 'comma' အဖွင့်
အပိတ်နဲ့သုံးရတာသတိပြုပါ၊'comma မပါရင်
defining ဖြစ်သွားမယ်၊အဓိပ္ပါယ်လဲပြောင်း
သွားမယ်
~My wife, who lives in Yangon, has just written me a letter.
ပုံမှန်ဘဲ<သူမိန်းမရှိတယ်၊ရန်ကုန်မှာနေတယ်၊ခုသူမကစာရေးလိုက်တယ်>
*My wife who lives in Yangon has just written me a letter.
အဓိပ္ပါယ်ကပြောင်းသွားပြီ၊commaမပါတော့defining ဖြစ်သွားတယ်၊defining ဆိုတော့ ဘယ်မိန်းမလဲလို့defineလုပ်ပေးရတဲ့သဘော၊
(သူ့မှာမိန်းမတွေအများကြီးရှိတယ်၊ခုရန်ကုန်မှာနေတဲ့မိန်းမကစာရေးလိုက်တယ်)
လို့အဓိပ္ပါယ်ဖြစ်သွားတယ်။
#လူဆိုရင်ကတ္တားမှာ Defining ရော၊ Non-defining ပါ who သုံးပါ။
#ကံပုဒ်ဖြစ်ရင် Defining မှာ that သုံးပါ၊
ဒါပေမဲ့ဘာမှမသုံးဘဲထားတာပိုခတ်စားတယ်၊ဒါမျိုးကို Contact Clause လို့ခေါ်တယ်
The man you met yesterday is my uncle.
(ခင်ဗျားမနေ့ကတွေ့တာကျွန်တော့်ဦးလေးပါ)
The man that you met yesterday is my uncle.
လို့သုံးနိုင်ပေမဲ့မကောင်းလို့၊အသုံးမများဘူး။
#ကံပုဒ်ဖြစ်နေရင် Non-defining မှာ whom သုံးပါ၊ that ကိုဘယ်တော့မှာ Non-defining မှာမသုံးရ
U Tim Moe, whom you met yesterday, is a poet.
ခင်ဗျားမနေ့ကတွေ့တဲ့ဦးတင်မိုးဟာကဗျာဆရာ
#အရာဝထ္ထုတွေမှာ DEFININGဆိုရင်ကတ္တား
ရော၊ကံပါ That သုံးပါ၊ which သုံးနိုင်ပေမဲ့
ခေတ်မစားတော့။
#Non-defining မှာတော့ which ဘဲသုံးပါ
~The book that (which) is lying on the table is mine.
(ကတ္တား။ that မဖြုတ်နိုင်)
~The book I put on the table is mine.
(ကံပုဒ်။thatထည့်လဲရပေမဲ့၊ဖြုတ်တာပိုကောင်းတယ်)။
ဂတိမြဲသော ပုဂ္ဂိုလ် ၁၅ ယောက်
၁။ သုဒ္ဓါဝါသဘုံသို့ ရောက်ပြီးနောက် အသက်ထက်ဝက် မလွန်မီ အရဟတ္တဖိုလ်-ရဟန္တာအဖြစ်သို့ ရောက်သော အနာဂါမ်ပုဂ္ဂိုလ်- အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်၊
၂။ လွန်ကဲစွာ အားမထုတ်ရဘဲ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူဖြင့် အရဟတ္တဖိုလ်သို့ ရောက်သော အနာဂါမ်ပုဂ္ဂိုလ်- အသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ်၊၊
၃။ လွန်ကဲစွာ အားထုတ်ပြီး ပင်ပန်းစွာ အရဟတ္တဖိုလ်သို့ ရောက်သော အနာဂါမ်ပုဂ္ဂိုလ်- သသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ်၊
၎။ အဝိဟာ စသော သုဒ္ဓါဝါသငါးဘုံသို့ ရောက်၍ ထိုဘုံ၌ သက်တန်းထက်ဝက်ကို ကျော်လွန် ပြီးလျှင် နောက်ဆုံး အသက်အပိုင်းအခြားသို့ မရောက်ဘဲ ပရိနိဗ္ဗာန် ဝင်စံ လတ္တံ့သော အနာဂါမ်- ဥပဟစ္စပရိနိဗ္ဗာယီပုဂ္ဂိုလ်၊၊
၅။ ဤကာမဘုံ၌ အနာဂါမိဖိုလ်ကို ရ၍ စုတေ သေလွန်ပြီးလျှင် အဝိဟာဘုံမှ စ၍ အောက်သုဒ္ဓါဝါသ လေးဘုံတို့၌ အစဉ်အတိုင်း ဖြစ်ကာ စုတေပြီးနောက် အကနိဋ္ဌဘုံ၌ အရဟတ္တဖိုလ်-ရဟန္တာအဖြစ်သို့ ရောက်သော အနာဂါမ်ပုဂ္ဂိုလ်- ဥဒ္ဓံသောတအကနိဋ္ဌဂါမီပုဂ္ဂိုလ်၊
၆။ သကဒါဂါမ်ပုဂ္ဂိုလ်၊၊
၇။ ဧကဗီဇီ သောတာပန်ပုဂ္ဂိုလ်၊
၈။ ကောလံကောလ သောတာပန်ပုဂ္ဂိုလ်၊၊
၉။ သတ္တက္ခတ္တုပရမ သောတာပန်ပုဂ္ဂိုလ်၊
၁၀။ သရဏဂုံသုံးပါးနှင့် ငါးပါးသီလမြဲသော ပုဂ္ဂိုလ်၊
၁၁။ သလာကဘတ် မြဲသော ပုဂ္ဂိုလ်၊
၁၂။ ပက္ခိကဘတ် မြဲသော ပုဂ္ဂိုလ်၊
၁၃။ ဝါဆိုသင်္ကန်း အမြဲလှူဒါန်းသော ပုဂ္ဂိုလ်။
၁၄။ ရေတွင်း ရေကန် လှူဒါန်းသော ပုဂ္ဂိုလ်၊
၁၅။ ကျောင်းလှူဒါန်းသော ပုဂ္ဂိုလ်။