Should do exercises everyday for your health

Words
473
Reading
3 min
Listen
Play
9y

မြန်မာFB_IMG_1501736419402.jpg တွေဟာ ဘာလို့ ဇရာကို စောစောစီးစီး အရှုံးပေးနေရတာလဲ ?

ဘောလိဝုဒ်မင်းသား အမီယာခန်း (PK) အသက် ၅၀ ကျော်နေပြီ
ခုထိ လူငယ် အခန်း ရိုက်ကောင်းနေတုန်း
Gym ဆော့ကောင်းတုန်း
ဗလ ကလဲ လူငယ်တွေနဲ့ ယှဉ်လို့ရတယ်

ရှရွတ်ခန်း ဆိုရင် ဒွေးနဲ့ ခေတ်ပြိုင်တောင်မဟုတ်ဘူး
ဒွေးထက် စောတယ်
ဒွေး သေလို့ အရိုးဆွေးနေပြီ
ရှရွတ်ခန်း က ခုထိ မင်းသားခန်း ရိုက်နေတုန်း

ဦးကျော်ဟိန်း နဲ့ ခေတ်ပြိုင်
အမီတာဘဂျမ်း တို့၊
ဟောလိဝုဒ်က ဘရုဝီလီ တို့ဆိုရင်လဲ အက်ရှင်ကား တွေ သန်သန် မြန်မြန် သရုပ်ဆောင်နေတုန်းပဲ
တို့ဘကြီး ဘုန်းကြီးကတော့ တော်တော်အိုစာ သွားတယ်

ဇရာဆိုတာက ငါအိုပြီဆိုပြီး သံဝေဂရ နှလုံးသွင်း လိုက်တော့မှ ရောက်လာတာ မျိုးဖြစ်မယ်

ခင်မောင်တိုး ၊ ကိုငှက်၊ စိုင်းထီးဆိုင်
တို့ရဲ့ သီချင်းအသစ်တွေ နားမထောင်ရတော့ ဘူး
သူတို့ နဲ့ သက်တူ ရွယ်တူ အမေရိကန် ကန်းထရီးစတားကြီး
ဘလိတ် ရှယ်တန် ကြီးက တော့ သီချင်း အသစ် တွေ ထွက်တုန်း
One man Show တွေ
Live Tour တွေ နဲ့ ကဲကောင်းတုန်း ရှိသေးတယ်

သူတို့က အသက် ၄၀ မှ ဘဝစတယ် လို့တွေးတယ်
ကိုယ်တွေ ဆီမှာက အသက်၄၀ ဆိုရင် အဖိုးကြီး ဖြစ်ပြီ တွေးတယ်

ကျန်းမာရေး လဲ ဂရုမစိုက်ကြဘူး
လေ့ကျင့်ခန်း လဲ မလုပ်ကြဘူး
အသက် ၃၀ ကျော် အများစုက ဗိုက်ပူ နေပြီ
၃၀ ကျော်ရင် သွေးတိုး၊ နှလုံး၊ ဆီးချို၊ အသည်း ရောဂါ တစ်ခုခု ဝင် ချင် နေပြီ

အစားအသောက် ၊ ကျန်းမာရေး လေ့ကျင့်ခန်း၊ အရက် ၊ မူးယစ်ဆေးဝါး ၊
ဇရာ အပေါ် ရှု့မြင်ပုံ တွေကွာသွား တာ ဖြစ်မှာပဲ

မြန်မာအစားအစာ တွေက သိတဲ့အတိုင်းပဲ
ကမ္ဘာကို တင်ပို့လို့မရဘူး
ဓာတ်ခွဲစစ်လိုက်ရင် တစ်ခုခုတော့ ငြိနေတာပဲ
ကျနော် တို့စားနေတာ ၉၀% က အဆိပ်တွေ

နေ့တိုင်း ဆော့သင့်တဲ့ Gym ကို သူဌေးတွေ ဇိမ်ခံတာလိုလို ဘာလိုလို ထင်နေကြတယ်
မန်ဘာကြေး အကုန်မခံနိုင်ရင် ကိုယ့်ဘာကိုယ်လဲ အိမ်မှာလုပ်လို့ ရတာပဲ
YouTube မှာ ၈မိနစ်လေ့ ကျင့်ခန်း တွေ အများကြီး ရှိတယ်
တစ်နေ့ ရှစ်မိနစ် လောက်အပင်ပန်း ခံရုံနဲ့
ယွကျား ဆိုရင် Six pack ဖြစ်မယ်
မိန်းခေး ဆိုရင် ကိတ်လာမယ်
လေ့ကျင့်ခန်း အမြဲလုပ်မယ်ဆိုရင် ကြွက်သားသန်မာ မှုကို အနည်းဆုံး အသက်၇၀ လောက်ထိ ထိန်းထားလို့ ရတယ်
ကြွက်သားတွေ သန်မာရင် အသက် ၉၀ ထိ ခါးမကိုင်းဘူး

အရက်ကတော့ တန်ဆေး လွန်ဘေးပဲ
အများစုက တော့ တစ်ခွက်မူးပြီးရင် မထိန်းနိုင်တော့ ဘူး ဆက်ဆွဲပြီ
အရက်တစ်ပက် ကို ချေဖို့ အသည်းက ၄နာရီ နဲ့ ခြောက်နာရီကြား အလုပ်လုပ်ရတယ် တဲ့
တစ်နေ့ နှစ်ပက်လောက်ပဲ သောက်သင့်တယ်

မူးယစ်ဆေး ကတော့ အနုပညာ သမားတွေ အကြိုက်ပဲ
ဖန်တီး မှု ပိုဈာန်ဝင်တယ်ထင်ရတာပေါ့
အမှန်တော့ စိတ်က illusion ဖြစ်တာပါ
ဂျော့စတစ် တို့လို အဆိုတော်ကြီးတွေ အဖိုးကြီး ဖြစ်တဲ့ အထိ မူးယစ်ဆေးမသုံးဘဲ သီချင်းကောင်းတွေ ဖန်တီးပြ နေတုန်းပဲ

ဇရာကို ရှု့မြင်ပုံမှာ မြန်မာတွေဟာ တော်တော် ကဲတယ်
အသက် ၁၆ နှစ် ကလေး တွေက သူတို့ကိုယ်သူတို့ လူကြီး ဖြစ်ပြီထင်နေတယ်
အသက် ၃၀ ကျော်ကို ဦးလေး အရွယ်ထင်နေတယ်
၄၀ ကျော်ရင်တော့ အဖိုးကြီးပဲ သွားပြီ
တရားစခန်းပဲ ဝင်ရတော့ မလိုလို
ဘုန်းကြီးပဲ ဝတ်ရတော့ မလိုလို

အမှန်က
အသက် ၁၆ နှစ်က ၂၅ နှစ်အရွယ်က ချာတိတ် လေးတွေပဲ ရှိသေးတာ

၂၅ နှစ်က ၄၀ အထိက လူငယ်

၄၀ မှ လူတစ်ယောက် ဘဝစတာ
၄၀ မှ လူလတ် ဖြစ်တာ
၄၀ ကနေ ၆၀ အထိ လူလတ်

၆၀ ကနေ ၈၀ အထိ မှ လူကြီး

၈၀ နဲ့ ၉၀ ၊ ၁၀၀ ကြား ကို မှ အဘိုးကြီး အဘွားကြီး ခေါ်တာ

တကယ်တော့ အသက်အရွယ် ဇရာ ဆိုတာလဲ
ကိုယ်က အရှုံးပေးမှ ကိုယ့်ဆီရောက်လာတာ

အသက် ၆၀ မှာ ကာယဗလ ကစားပြီး အသက် ၇၀ မှာ အကောင်းဆုံးကြွက်သား Performance ရတဲ့ ကာယဗလ မောင်တောင် ရှိတယ်

မြန်မာ အများစု ရဲ့ Body Building က အစွန်းရောက် နေတယ်

၃၀ ကျော် ယွကျား တွေက ကိုယ်ဝန်သည်လို ဗိုက်ပူရင် ပူ မပူရင် ရှုနာရှိုက်ကုန်း လေထိမခံ ရေထိမခံ ဖြစ်နေတယ်

၃၀ ကျော်မိန်းမ တွေက အိမ်ထောင်ကျပြီးရင် ဝက်လို၊ ရာဝင်အိုးလို၊ တိုင်ကီ လိုဖြစ်လာတယ်

သွေးတိုး၊ နှလုံး၊ ဆီးချို ၊ အသည်းခြောက် စသဖြင့် နာတာရှည် ဖြစ်တော့ ဆရာဝန် တွေကို ပိုက်ဆံ ပေးရတာပဲ မဟုတ်လား

အဲ့ဒီ ပိုက်ဆံတွေကို ရောဂါမဖြစ်ခင်
ကျန်းမာရေး အတွက် အားကစား ပစ္စည်းတွေဝယ် ၊ Gym အတွက်သုံး တော့
Body Building အတွက် ပိုမကောင်း ဘူးလား
အရက်တွေ၊ ဘီယာတွေ လျှော့သောက်တော့ ကလေးပညာရေး အသုံးစရိတ် ပိုရတာပေါ့
အားလပ်ရက် ခရီးထွက် မယ့် ပိုက်ဆံ ပိုထွက် လာတာပေါ့

နိုင်ဂျံဂါးက အဖိုးကြီးတွေ ရဲ့ သီချင်း အသစ် တွေ ထွက်တိုင်း
မနာလို ဘူး
ဦးထီး တို့၊ ဦးဌက် တို့၊ ဦးခင်မောင်တိုးတို့ သီချင်းသစ် တွေ နားထောင် ချင်တယ်
လွမ်းလဲ လွမ်းတယ်
ခင်ဗျား တို့ ကိုယ့်ကျန်းမာရေး ကိုယ် ဘာလို့ ဂရုမစိုက်တာလဲ ဆိုပြီး ကြိမ်နဲ့ လဲ ရိုက်ချင်စိတ် ပေါက်တယ်

ကိုယ့် လူမျိုး ကိုယ် အသက်ရှည် စေချင်တယ်
ကိုယ့် အနုပညာ ရှင်တွေ ကို အသက် ရှည်စေ ချင်တယ်

ကျနော် နားလည်တဲ့ အမျိုးသားရေးက အဲ့လို

ကိုယ့်အလုပ်လဲ မဟုတ်ပါဘူးလေ
အားလို့ ယားလို့ လျှောက်ရေးနေတာ :-P

တရေးအိပ် ပြီး ဝိတ်မ လတ်အုံးမယ်
ဒါဗြဲ

ူ Credit Ma Chaw Kye Mon

Should do exercises everyday for your health | Ecency