နှင်းဆီယို

kayko45(38)
Published in
#esteem
Words
151
Reading
1 min
Listen
Play
8y

နှင်းဆီပန်းယို လုပ်စားရအောင်
နှင်းဆီပန်းရဲ့ အမွှေးနံ့သင်းသင်းလေးရယ်၊ လှပတဲ့ပွင့်ဖက်လေးတွေ၊ ဆန်းပြားတဲ့ အရောင်အသွေး၊ ချစ်စရာ ပုံစံလေးတွေကြောင့် ကမ္ဘာပေါ်မှာ နှင်းဆီပန်းချစ်သူတွေ အများအပြား ရှိပါတယ်။
ချစ်သူခင်သူတွေကြားထဲမှာလည်း အောင်သွယ်တော် အချစ်ပန်းလေးအဖြစ် ကျော်ကြားတာ Valentine Day နေ့( ချစ်သူများနေ့) မှာ ပို သိသာပါတယ်။ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတွေကို နှင်းဆီပန်းစည်းလေးတွေနဲ့ က တဆင့် ဖော်ပြကြတာ တွေ့မြင်ရတယ်။ ဂုဏ်ပြု အခမ်းအနားတွေမှာလည်း သူက မပါမဖြစ်ပါပဲ။
လှပပြီး စွဲမက်လောက်အောင် မွှေးတဲ့ နှင်းဆီပန်းလေးတွေကို အလှဆင်တာ၊ ပန်းစည်းပြုလုပ်တာ၊ ရေမွှေးပြုလုပ်တာတွေ အပြင် စားစရာအဖြစ် ဖန်တီးလို့ရတာရော သိပြီး ကြပြီလားရှင့်။ ဟုတ်ကဲ့ နှင်းဆီပန်းလေးတွေကို ကမ္ဘာ့ဟင်းလျာတွေမှာ ဆန်းသစ်တဲ့ တီထွင်မှုတွေနဲ့ ပေါင်းစပ်ပြီးအရသာရှိတဲ့ အစားအသောက်တွေကို ဖန်တီးလျက် ရှိပါတယ်။ ဒီလို နှင်းဆီပန်းနှင့် ပြုလုပ်ထားတဲ့ အစားအစာ ဟင်းလျာတွေထဲကမှ လုပ်ရလွယ်ကူပြီး ချိုမြိန်တဲ့ အရသာရှိတဲ့ နှင်းဆီပွင့်ဖက်ယို လုပ်နည်းလေး ကို ဝေမျှပေးချင်ပါတယ်။

လိုအပ်သော ပစ္စည်းများ
နှင်းဆီ ပန်း အပွင့် ၂၀
သကြား
ပျားရည် အနည်းငယ်
ရေ
သံပုရာရည် အနည်းငယ်

ပြုလုပ်နည်း
ပထမဦးဆုံး ဘယ်နှင်းဆီပန်းကို ဝယ်ရမလဲ ဆိုရင်တော့ ကိုယ်ကြိုက်တဲ့ နှင်းဆီပန်းအရောင်ကို ရွေးချယ်ပြီး ပြုလုပ်လို့ ရပါတယ်။ နှင်းဆီ အနီရင့်ရင့်နဲ့ ပြုလုပ်မယ်ဆို နှင်းဆီပွင့်ဖက်ယိုရဲ့ အရောင်က အနီရောင် ရရှိမှာ ဖြစ်ပြီး ပန်းရောင်လေးကို ရွေးချယ်မယ်ဆိုရင်တော့ ယိုက ပန်းနုရောင်လေး ဖြစ်နေမှာပါ။
ဝယ်လာတဲ့ နှင်းဆီပန်းလေးတွေရဲ့ ပွင့်ဖက်လေးတွေကို ခြွေပြီး ရေဆေးပါ။
သကြားကို ရေအနည်းငယ် ထည့်ပြီး ကြိုပါ။ သံပုရာအနည်းငယ် နှင့် ပျားရည်ကို ရောထည့်ပါ။ သကြားရည်တွေ စေးပြီး ပျစ်လာပြီဆိုရင်တော့ နှင်းဆီပွင့်ဖက်လေးတွေကို ထည့်လိုက်ပါ။
နှင်းဆီပွင့်ဖက်လေးတွေနဲ့ သကြားရည်တို့ကို မိနစ် ၂၀ လောက် မွေပြီး ကြိုပေးပါ။နောက်ဆုံးမှာတော့ အအေးခံပြီး ကြိုက်နှစ်သက်ရာ ပေါင်မုန့်၊ ကိတ်မုန့်၊ Toat ၊ Cracker တို့နဲ့ တွဲဖက်စားလို့ ကောင်းသလို အခြားသော အချို ပွဲ ၊ မုန့်ပြုလုပ်ရမှာလည်း ထည့်ပြီး အသုံးပြုနိုင်ပါတယ်။
Credit – Khainezar
Ref : Doemal

နှင်းဆီယို | Ecency