တီ​ကောင်

kayko45(38)
Published in
#esteem
Words
54
Reading
1 min
Listen
Play
8y

ဒီအကောင်ကို ဖီလစ်ပိုင် ဘာသာဖြင့်(Tamilok)လို့ခေါ်ပါတယ်။

အင်္ဂလိပ်ဘာသာဖြင့် (woodworm (or) Shipworm)လို့ခေါ်ပါတယ်။

မြန်မာလိုဆိုရင်တော့ သစ်သံကောင်၊သစ်တီကောင်(သို့)ပလုတ်ကောင်လို့ ခေါ်ဆိုကြပါတယ်။ဒီအကောင်တွေဟာ တီကောင် အမျိုးအစားထဲကပါ။

သူတို့ဟာ ရေငံဒေသမှာ ပေါက်ရောက်တတ်တဲ့ ပရုန်းပင် နဲ့ ဆောင်ပင်တွေအတွင်းမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။တနည်းအားဖြင့် သစ်စားပိုးတစ်မျိုးဖြစ်ပါတယ်။

သို့သော် မြိတ်ကျွန်းစု မှာ ရှိတဲ့ ကျွန်းသားတွေဟာ ပရုန်းသစ် အမျိုးစာ မှာ ဖြစ်ပေါ်တဲ့ ပုလုတ်ကောင် တမျိုးတည်းကိုပဲ စား ကြတယ်လို့ဆိုပါတယ်။

ပလုတ်ကောင်ဟာ အကောင်လိုက် အစိမ်းစားလို့ရသည့်အပြင် သူ့ကို ဟင်းရည်ချို ချက်သောက်လို့ရပါတယ်။သူ့ရဲ့ဟင်းရည်ချိုဟာ ဘယ်လောက်ပူပူ အငွေ့မထွက်ဘူးဟု ဆိုထားပါတယ်။

ဘာကောင်းသလဲဆိုရင် ခွန်အားတိုးစေပြီး စိတ်ဖိစီးမှုဒဏ်လျော့ကျသွားစေတယ်လို့ဆိုပါတယ်။

သူ့ကို ဖီလစ်ပိုင်ငံနိုင် ပလာဝမ်ကျွန်း(Palawan)မှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်..ကျွန်တော် ဘဝခါးခါးပါ။

Credit-ဘဝခါးခါး✏
Photo credit:fb

တီ​ကောင်​ | Ecency