Lazy day

kayko45(38)
Published in
#esteem
Words
62
Reading
1 min
Listen
Play
8y

ဘ်ာဒါတို့ရေ ဒီနေ့ သြဂုတ်လ (၁၀) ရက်ကတော့ ပရိသတ်တွေလည်း ပါဝင်ဆင်နွှဲနိုင်တဲ့ နေ့လေးတစ်နေ့ဖြစ်ပါတယ်။
ဒီနေ့ကတော့ Lazy Day ပဲဖြစ်ပါတယ်။ Lazy Day ကတော့ ဘာအလုပ်မှမလုပ်ဘဲ အေးအေးဆေးဆေးနဲ့ သက်သောင့်သက်သာ အနားယူနိုင်တဲ့နေ့ ဖြစ်ပါတယ်။
ထူးခြားတဲ့ဒီလိုနေ့ကို ဆင်နွှဲချင်တယ်ဆိုရင်တော့ အဓိကလုပ်ရမှာက ထိုင်ခုံမှာ အညောင်းပြေထိုင်ချလိုက်တာ၊ ဒါမှမဟုတ် အိပ်ရာပေါ်သွားပြီး အိပ်စက်လှဲလျောင်းနေဖို့ပဲ လိုအပ်ပါတယ်။

လုပ်နေကျအလုပ်တွေ၊ ပင်ပန်းတဲ့အလုပ်တွေကို ခဏမေ့ထားပြီး အနားယူဖို့အတွက် အညောင်းအညာပြေ Spa သွားတာ၊ Message လုပ်တာတွေပြုလုပ်ကြတာ ဖြစ်ပါတယ်။
Lazy Day ကိုဖန်တီးခဲ့တဲ့သူကတော့ ဘယ်သူလဲဆိုတာ အတိအကျတော့မရှိခဲ့ပေမဲ့ အလုပ်တွေများတဲ့ ဘဝထဲမှာ အပန်းဖြေအနားယူဖို့အတွက် မေ့နေလို့ ဒီလိုနေ့မျိုးကို တီထွင်ခဲ့ကြတာဖြစ်ပါတယ်။

နေ့စဉ်လှုပ်ရှားရုန်းကန်နေရတဲ့ ဘဝမှာလည်း လူတွေက အမြဲတမ်းလိုလို စိတ်ဖိစီးမှုတွေနဲ့ တွေ့ကြုံကြရပါတယ်။ ဒီလိုနေ့မှာတော့ စိတ်ဖိစီးမှုတွေကို ခဏမေ့ထားပြီး အနားယူစေဖို့ ဖန်တီးခဲ့တာ ဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်။

Lazy day | Ecency