ထပ်ခါထပ်ခါလည်းသတိပေးပါတယ်။
ထပ်လည်းရေးပါဦးမယ်။
ဂရုတွေမှာ ဟိုပစ္စည်း ဒီပစ္စည်းရောင်းမယ်ဆိုပြီး စရံပို့ခိုင်းပါတယ်။
ငွေကြိုပို့ခိုင်းပါတယ်။ ဘဏ်အကောင့်တွေပေးတဲ့အခါ ကိုယ်ငွေပို့မဲ့ ဘဏ်အကောင့်ပိုင်ရှင်ရဲ့ ဖုန်းနံပါတ်ကို ဘဏ်မှာတောင်းလို့ ရပါတယ်။
တောင်းပြီးတော့မှ ကျွန်တော်က ဘယ်ကိစ္စအတွက် ခင်များအကောင့်ထဲကို
ငွေလွှဲမလို့ပါ ဆိုသေချာမေးပါ။ ငွေလက်ခံမဲ့သူက ကိုယ်ငွေလွှဲမဲ့ကိစ္စတွက်ငွေလက်ခံတယ်ဆိုတာ သေချာပြီဆိုမှ ငွေလွှဲပါ။ အကြောင်းမျိုးစုံနဲ့ ငွေကြိုလွှဲခိုင်းပြီး ပစ္စည်းမပေးတာတွေလည်း အများကြီးရှိပါတယ်။ အကောင့်တစ်ခုကိုငွေလွှဲခိုင်းပြီး အဲ့ငွေလက်ခံအကောင့်ပိုင်ရှင်ဆီကနေ အခြား တစ်ခုခု ပြန်ဝယ်သွားတဲ့ခုတုံး လုပ်နည်းတွေလည်း အ၇မ်းများပါတယ်။
ဘဏ်အကောင့်ကို အလွဲသုံးစားလုပ် ငွေလိမ်တဲ့သူတွေ အ၇မ်းခေတ်စားနေပါတယ်။ ကျွန်တော်ကိုယ်တိုင် မကြာခန ခုတုံးလုပ်ခံရလို့ အချို့အလုပ်တွေ နားပစ်လိုက်တယ်။ အချို့ကိစ္စတွေကို ငွေလွှဲသူဆီ တကူးတကန့်လိုက်ဆက်သွယ်ပြီးပြန်မေးပါတယ်။
ဖြစ်နိုင်ရင်တော့ အွန်လိုင်းကနေ အလုပ်လုပ်တဲ့အခါ အ၇မ်းအ၇မ်း ကို သတိထားကြပါ။ ဖြစ်ပြီးရင်တော့ ပြန်ရဖို့ဆိုတာ မလွယ်သလို ရဲတိုင်ရင်လည်း လူလိမ်တွေဘက်က အတော်လေးကိုပြင်ဆင် ပြီးလုပ်တာမို့ အချိန် ထပ်ကုန်ငွေထပ်ကုန်တာအပြင် ကိုယ့်အတွက် အကျိုး ဘာတစ်ခုမှဖြစ်မလာပါ။
လူလိမ်ကို မိတယ်ဆိုတာလည်း မရှိသလောက်ပါ။
လူလိမ်ခံရခြင်း အဓိက က လောဘ ကို အခြေခံတာများပါတယ်။
ကိုယ်ယူမဲ့ ပစ္စည်းက သာမန်ထက် သက်သာနေပြီဆိုရင် အထူးသတိထားပြီး လုပ်ကြပါလို့။ အလွယ်တကူ ယုံကြည်ပြီး ငွေမလွှဲကြပါနဲ့လို့ ။
မြန်မာပြည်မှာ ကိုယ့်အန္တရ်ာယကိုယ်ကြည့်ရှောင်မှ သက်သာပါမယ်။
Crd Kyaw Thura