Web3 Project တစ်ခု

Words
106
Reading
1 min
Listen
Play
2y

အားလုံးပဲမင်္ဂလာပါဗျ။ ဒီနေ့ကစပြီးတော့ ကျွန်တော် post တင်ခြင်းကို ညဖက်သို့ပြောင်းလဲလိုက်ပြီးပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ မနက်ပိုင်မှာ သင်တန်းတစ်ခုရှိနေခြင်းကြောင့် ပဲ ဖြစ်ပါတယ်။ သင်တန်းကနေပြန်လာပြီးမှသာလျှင် စာရေးဖြစ်နေခြင်းကြောင့်လဲ ပါပါတယ်။

လက်ရှိမှာတော့ web3 airdrop တစ်ခုဆိုတာထက် အဲ token ကလဲ စျေးထွက်ထားပြီးပဲဖြစ်ပါတယ်။ တခြား airdrop တွေလိုမျိူး အချိန်ပြည့် အချိန်တိုင်လုပ်နေစရာမလိုပဲ တစ်ခါလုပ်ပြီးတာနဲ့ internet သုံးနေစဥ်အတွင်းမှာတင် သူ့အလိုလိုတက်နေမှာပဲ ဖြစ်ပါတယ်။

Token အနေနဲ့ကတော့ အဲ web မှာတင် BTC,ETH,USDT နဲ့ ကြိုက်ရာ swap ပြီးတော့ withdraw လုပ်လို့ရသလို Gate.io သို့ ပို့ပြီးတော့ မိမိကြိုက်နှစ်သက်ရာကိုလဲ trade လုပ်ပြီးတော့ ရောင်းစားလို့ရပါသေးတယ်။

လက်ရှိ upgradမှာတော့ ထပ်တိုး swap လို့ရမယ် crypto တွေကိုလဲ ပါလာခဲ့ပြီးပဲ ဖြစ်ပါတယ်။Swap crypto တွေကတော့ USDC,SOL,DOGE,XRP တို့ပဲ ဖြစ်ပါတယ်။ အရင်တုန်းကတော့ fee ကြေးက တော်တော်လေးမြောက်နေပေးမယ့် လက်ရှိ update မှာတော့ fee ကြေးလေးတွေလျော့ချထားပေးပါတယ်။

အရင်တုန်းကတော့ web မှာပဲလုပ်လို့ရပါသေးသော်လည်း လက်ရှိတော့ App တောင်ထွက်ရှိလာပြီးပဲ ဖြစ်ပါတယ်။ App ထဲမှာတော့ staking ပါ ထည့်ပေးထားသလို Banking ထိတောင် updat လုပ်ထားတာပဲ ဖြစ်ပါတယ်။ Banking ကတော့ သေချာတာတစ်ခုကတော့ မြန်မာတွေအတွက် မဟုတ်တာတော့ သေချာပါတယ်။

နောက်ရက်မှာတော့ ထို web3 ကို ဘယ်လိုလုပ်ရမယ်ဆိုတာကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ အားလုံးပဲကံကောင်းကြပါစေ။

Web3 Project တစ်ခု | Ecency