မင်္ဂလာပါ။ ယခုအချိန်တွင် မြန်မာပြည်၌ cryptocurrency အကြောင်း ရေပန်းစားလျက်ရှိရာ ကိုဟင့် အနေဖြင့်လည်း Cryptocurrency အကြောင်း အနည်းငယ်ဝေမျှလိုပါသည်။ ဆိုလိုသည်မှာ ကျွန်တော်တို့ Hive တွင် လည်ပတ်နေရင်း Cryptocurrency စုဆောင်းနေကြသည်ဖြစ်ရာ Trading အတွက်လည်း လေ့ကျင့်နိုင်ပါသည်။
Hive engine platform သည် trading လေ့ကျင့်သူတို့ အတွက် အကောင်းဆုံးနေရာပင် ဖြစ်ပါသည်။ မိတ်ဆွေတို့ အနေဖြင့် Hive Engine token များအား မြန်မာ ကျပ်ငွေဖြင့် တွက်ချက်ကာ လေ့ကျင့်လျင် အကောင်းဆုံး ဖြစ်ပါသည်။
ဆိုလိုသည်မှာ ဈေးကွက် အတက်အကျ / ဖယောင်းတိုင်မည်သို့ရှိသည်၊ တြိဂံ မည်သို့ရှိသည် ၊ မျဉ်းများ မည်ကဲ့သို့ တက်သွားသည် ကျ သွားသည် စသည်တို့အား လေ့လာနေသူတို့သည် BTC အား တိုက်ရိုက် trading လုပ်ခြင်းထက် Hive engine တွင် လေ့ကျင့် ခြင်းက ပို၍ ထိရောက်စေမည်ဟုထင်ပါသည်။
Hive Engine တွင်လည်း Leo / CCC/ Archon/ Palnet / POB အစရှိသဖြင့် ရှိရာ ပြင်ပ လောက တွင် Trading မလုပ်ခင် Hive Engine တွင် အရင်လေ့လာလျင်ပို၍ အသုံးဝင်ပါသည်။ အမှန်ဆိုရလျင် ကျွန်တော့ အနေဖြင့် လည်း Hive Engine တွင် ဝယ်ရောင်း လေ့ကျင့်၍ အပြင်တွင် trading လုပ်ခြင်းကို ပို သဘောကျပါသည်။
လောလောဆယ်တော့ Hive platform အား သာပို၍ သဘောကျကာ Hive power များ တတ်အားသလောက်စုနေပါသည်။ Hive platform အောင်မြင်လာသည်နှင့် အမျှ ကျွန်တော်တို့လည်း အဆင်ပြေလာမည်ဟု မျှော်လင့်ရပါသည်။ ရေမြှင့်လျင် ကြာတင့်ပါလိမ့် မည်။
ကျွန်တော့ အနေဖြင့် ဆောင်းပါး အတိုလေးအား မအားသည့်ကြားထဲမှ ရေးလိုက်ရသည့် အတွက် စာဖတ်သူများအား တောင်းပန်ပါသည်။ ကျွန်တော့ အနေဖြင့်လည်း တနေ့ စာတပုဒ် ရေးဖြစ်ရန် ကြိုးစားနေသည့် အတွက် နားလည်စေချင်ပါသည်။
Henry Aung ( Kachin )
Tuesday - 20;21 Pm