မင်္ဂလာပါ။ Myanmay steemit Community members များ ဝါတွင်းကာလ အခါသမယမှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ။ ကျွန်တော်ကိုယ်တိုင် steemit Platform ပေါ်မှာ ဆောင်းပါးများ ရေးမတင်ဖြစ်သည်မှာ တလနီးပါးခန့် ရှိသွားပြီ ဖြစ်ပါသည်။
ဤ တလ အတောအတွင်း MSC အား အချိန်ရတိုင်း ဝင်ကြည့် ဖြစ်ခဲ့ပါသည်။ အချို့ကလည်းစာ၊ ဆာင်းပါးရေးသားခြင်းကို လုံးဝ ရပ်လိုက် ပြီ ဖြစ်သလို့ အချို့ကလည်း တပါတ်လျင်တပုဒ် ခန့် ဆက်လက်ရေးသားနေကြပါသည်။ အချို့ကတော့ ဇွဲ ရှိရှိ promotion မပြတ် တင်သူများလည်း ရှိနေကြပါသည်။ မည်သို့ပင်ဆိုစေ သူ့အကြောင်းနှင့်သူ ရှိနေကြပါသည်။
Steem ဈေးကျနေခြင်း ၊ SBD ဈေးများ ကျဆင်းနေခြင်းကလည်း အကြောင်းအရာတခု ပါဝင်နေပါလိမ့်မည်။ Steem နှင့် SBD ဈေးများ မည်သို့ပင် ကျဆင်းနေသော်လည်း မိမိ တို့ လက်ဝယ်တွင် ရှိနေသော Steem နှင့် SBD များသည် USD 1$ အထက်ရှိနေသေးသည်ကိုတော့ သတိထားမိစေချင်ပါသည်။
ယနေ့ မိမိ 1 Steem သို့ မဟုတ် 1 SBD ရလိုက်သည် ဆိုလျင် မြန်မာငွေ ၁၅၀၀ ကျပ်ခန့် ရရှိ လိုက်ပြီ ဖြစ်ပါသည်။ ဤ ၁၅၀၀ ကျပ်သည် မည်မျှလောက်မှ အဖိုးမတန်သော်လည်း ထမင်း တနပ်တော့ စား၍ ရအုံးမည်ဟု ထင်ပါသည်။ ရှိစေတော့။ ဤ ဆောင်းပါးမှာ Steem နှင့် SBD တို့ အကြောင်း ရေးသားရန် မဟုတ်သော်လည်း MSC members အပေါင်းတို့ မိမိတို့ လက်ဝယ်တွင်ရှိနေသော SP အား တန်းဖိုး သိရန်နှင့် ဤသို့ အဖိုးတန်သော Steem များအား မိုးတစက်ချင်း နှမ်းတစေ့ချင်း စုဆောင်းကြနိုင်ရန် အသိပေးရခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့ Myanmar Steemit Community ဖွဲ့စည်းခဲ့သည်မှာများမကြာခင် တနှစ် ပြည့်တော့မည် ဖြစ်၍ ဤတွေ့ဆုံပွဲ တွင် Member များ မျက်နှာချင်း စုံညီ တွေ့ ဆုံ နိုင်ကြပါတော့မည်။ မိမိ တို့ on line ပေါ်မှ နေ၍ chat group များ အသုံးပြုကာ ခင်မင်ရင်း နှီး ခဲ့ကြသော ညီ အစ်ကို မောင်နှမများ အပြင်တွင် စကားဖောင်ဖွဲ့ပြောနိုင်ကြတော့မည်။ တဦး ၏ အမြင်ကို နောက်တဦးက နားထောင်ခွင့်ရကြပါတော့မည်။
ရင်းရင်း နှီးနှီး စကားဖောင်ဖွဲ့ ပြောဆိုခြင်းက အသင်းအဖွဲ့ စိတ်ထက် မိသား စုစိတ်ဓါတ်ဘက်သို့ ပြောင်းလည်း ပေးပါလိမ့်မည်။ တဦး ၏ အသိ အမြင် ကို နောက်တဦး ကကြာခွင့်ရ၍ နားလည်မှု ပိုမို ပေးလာနိုင်ကြပါလိမ့်မည်။ on line အတွင်း၌ စာရေးသား ပြောဆိုရခြင်းဖြစ်၍ ကန့်သတ်ချက်များရှိပါသည်။ ပြင်ပတွင် ရင်းနှီး ပွင့်လင်းစွာ ပြောဆိုခြင်းက ပို၍ ထိရောက်မည် ဖြစ်သလို မိမိ ပေးချင် သော message များအားလည်း ပို၍ အသက်ဝင်စေမည်ဖြစ်ပါသည်။
ထို့ကြောင့် ဤ တွေ့ဆုံပွဲသို့ တက်ရောက်လာကြမည် ဖြစ်သော MSC members များအား အထူးမှာကြားလိုသည်မှာ မိမိတို့ စိတ်ကူးထဲတွင် ပုံစံ ဖေါ်ထားသော MSC အနာဂါတ်များ အတွက် ပွင့်ပွင့်လင်းလင်း ဝင်ရောက် ဆွေးနွေးကြပါရန် တိုက်တွန်းလိုပါသည်။ ပုဂံ တွင် ပြုလုပ်မည် ဖြစ်သော MSC တနှစ်ပြည့် တွေ့ဆုံ ပွဲတွင် ဆရာတင်လှိုင် ဦး ထံမှ ရသစာပေ အကြောင်း သိကောင်းစရာ များကို ကြားရမည် ဖြစ်သလို MSC members များ အားလုံး စုပေါင်း တိုင်ပင်ကြမည် ဖြစ်သော " MSC ရှေ့ရေး နှင့် အနာဂါတ် " အစီအစဉ်လည်း ပါဝင်ပါသည်။
ထို MSC စကားဝိုင်း အစီအစဉ်ကို ကျွန်တော် ဦးဆောင် မည် ဖြစ်ပြီး formal ဆန်ဆန် မဟုတ်ပဲ တဦး ချင်းစီ၏ လွတ်လပ် ပွင့်လင်းသော အကြံပြု ချက်များ အပေါ် အခြေခံ ဆွေးနွေး သွားမည် ဖြစ်ပါသည်။ လက်ရှိ အချိန်အထိ ဤ တွေ့ဆုံ ပွဲ ဖြစ်မြောက် ရန် အတွက် Admin များ ၏ ပြင်ဆင်ထားချက် များ ကျွန်တော်သိသလောက် ဖေါ်ပြရလျင် , သက်ကိုဇော်နှင့် ဒိုမီလေး တို့ မှ member တို့အား ကြိုဆို နေရာ ချထား ပေးရေး တာဝန်ယူ ထားသလို ၊ ကိုရွှေဘို နှင့် ပြည့် စုံ တို့မှ Member တို့အား ကျွှေးမွေးရန် အစားအသောက် စီမံရေး တာဝန်ကို ယူထားကြပါသည်။ ပျော်ရွှင်ဖွယ်ရာ game အစီအစဉ်အား အစ်ကို ဒွန်မှ ဦးဆောင်မည် ဖြစ်ပါသည်။ နောက်တနေ့ member တို့အား ပုဂံ ဘုရားစုံ ဖူးနိုင်ရန် အတွက် သက်ကို ဇော်မှ ကားငှားထား ပြီ ဖြစ်ကြောင်းလည်း သိရပါသည်။
မြန်မာတို့၏ အသည်းနှလုံး ဖြစ်သော ပုဂံ မြေတွင် Myanmar Steemit Community တနှစ်ပြည့် တွေ့ဆုံ ပွဲ ဟူသော မှတ်တိုင် အတူတကွ စိုက်ထူ နိုင်ရန် အတွက် ကျွန်တော် Henry Aung လည်း အရောက် ပြန်လာပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Author : Henry Aung ( Kachin )
MSC : 001