Mothers' Love

k020(38)
Published in
#esteem
Words
204
Reading
1 min
Listen
Play
8y

ယုံကြည်မှု ဆိုတာ စာရွက်တစ်ရွက်လိုဘဲ ...
ကြေမွသွားတာနဲ့ နဂိုအတိုင်း ပြန်ဖြစ်မလာတော့ဘူး တဲ့.
အင်တာနက်မှာဖတ်ဖူးတာ.
image
ဘယ်လိုလူမှုဆက်ဆံရေးမျိုးမဆို ...
မိဘ နဲ့ သားသမီး ...
ဆရာ နဲ့ တပည့်တွေ ...
အလုပ်ရှင် နဲ့ အလုပ်သမား ...
သူငယ်ချင်းမိတ်ဆွေ အချင်းချင်းကြား ...
ချစ်သူတွေ ...
ဇနီးမောင်နှံတွေ စသည်ဖြင့်ပေါ့လေ ...
ယုံကြည်မှုလေးတစ်ခါပျက်ကြည့် ...
ပြန်လည်တည်ဆောက်သည့်တိုင် ...
နဂိုအတိုင်းဖြစ်လာဖို့မလွယ်တော့ဘူး.

ယုံကြည်မှုပျက်သုဉ်းခြင်းနောက်မှာ ...
' သံသယ ' ဆိုတဲ့သိပ်ကြောက်စရာကောင်းတဲ့ virus က
တစ်ခါဝင်ပြီးရင် တောက်လျှောက်ဒုက္ခပေးတတ်တာမျိုး.

ခိုင်မြဲတဲ့ ... တည်မြဲတဲ့ တွဲလက်တွေမှာ ...
အခြေခံ အုတ်မြစ် ' ယုံကြည်မှု ' တွေက မမြင်နိုင်ပေမယ့် ...
စွမ်းအားရှိရှိ ချိတ်ဆက်ပေးထားတာမလား.

' ယုံကြည်မှု ' တွေခိုင်မြဲမို့ ...
ရိုးသားမှု ...
ပွင့်လင်းမှု ...
ဟန်ဆောင်ခြင်းကင်းမှု ...
နောက်ကျောဓါးထိုးကင်းမှု ...
ဣသာ မိစ္ဆရိယစိတ်ကင်းမှု ...
သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ ...
စိတ်ထားတတ်မှုတွေ လိုတယ်မလား ...

ကိုယ်က သန့်စင်တဲ့ ယုံကြည်မှု လိုချင်ရင် တစ်ပါးသူတွေကိုလည်း သန့်စင်တဲ့ ယုံကြည်မှုပေးရမှာပေါ့.
image
ကိုယ်ကဘဲလိုချင်တဲ့ ' အတ္တ' ရယူလိုမှုသာရှိ ...
တစ်ပါးသူကို ပေးလိုတဲ့ ' သဒ္ဒါ ' မရှိရင် ...
' ယုံကြည်မှု ' တွေအရောင်စွန်းတတ်တယ်.

ဖြူစင်တဲ့ ' ယုံကြည်မှု ' တွေပေးရင်း ဖြူစင်တဲ့ ' ယုံကြည်မှု ' တွေပြန်လည်ရရှိရင်း ခိုင်မြဲတဲ့ တွဲလက်တွေ တည်ဆောက်ကြရအောင်လေ.
အချိန်​တိုင်း ​သေဆုံး​နေပြီး
အချိန်​တိုင်း ရှင်​သန်​​နေတဲ့
ကိုယ့်​ကိုယ်​ကို
မေ့သွားခဲ့တယ်​...

အစားထိုးကုထုံး​တွေထဲ
မပါနိုင်​တဲ့ အချိန်​​တွေထဲ
တိုးဝင်​​နေရခြင်းကို
ရုန်းကန်​မှုလို့ မထင်​မိခဲ့တဲ့
ကျွန်​မကိုယ်​တိုင်​..သိပ်​ကို မိုက်​မဲလွန်းခဲ့တယ်

သတိရှိဖို့ သတိထားဖို့ထက်
သတိလက်​လွှတ်​ ရယ်​​မော​နေရတာကို
မမီမကမ်း ဖမ်းဆုပ်​ရင်း
ကိုယ့်​သာယာမှုနဲ့ ကိုယ်​..
ကိုယ်​လိုရာအရပ်​ဟာ
တဖြည်းဖြည်း​ဝေးလာတယ်

မခက်​ခဲ​ပေမဲ့ နက်​နဲလွန်းတဲ့ပုစ္ဆာ​တွေဆီမှာ
အ​ဖြေရှာနည်း​တွေရှိပြီးသားတဲ့
ကျွန်​မက​တော့ မကြည့်​ခဲ့မိဘူး
(ပျင်းလို့)

ကျွန်​မ ​​ဘုရင့်​​နောင်​လို
ဖောင်​ဖျက်​ပစ်​လိုက်​ဖို့ စိတ်​ကူးရှိတယ်
ဒါ​ပေမဲ့
ဖောင်​နဲ့ ​မျှော​နေရခြင်းထဲက
ပတ်​ဝန်းကျင်​​လေးကပဲ
ဆွဲ​ဆောင်​ထားခဲ့ပြန်​​ရော...
image

ကျွန်တော့်အသက် ခုဆို ၂၄နှစ်ကျော် ၂၅ နှစ်ထဲကိုရောက်ပါပြီ။ ဆယ်တန်းကို ၂၀၀၉ ခုနှစ်မှာအောင်တယ်။ ကျွန်တော်တို့ရွာရဲ့တစ်ဖက်ကမ်းဖြစ်တဲ့ မြင်းမူဆိုတဲ့ မြို့ငယ်လေးမှာ ၉တန်းကစပီးတော့ တက်ရတယ်။ကျွန်တော်တို့ရွာက ရှစ်တန်းထိပဲရှိတယ်။ သင်္ကြန်အပြီး ၈ရှစ်တန်းအောင်စာရင်းတွေထွက်တော့ မိဘတွေနဲ့ခွပြီး ကျောင်းသွားတက်ရပြီ။
အတူနေစဉ်အခါက အမှတ်တမဲ့ နေခဲ့ပေမယ့် အခုလိုသွားတက်ရတော့ အားငယ်စိတ်အနည်းငယ်ရှိတာပေါ့။ သူငယ်ချင်းတွေလည်းပါတော့ တဖြည်းဖြည်းနေသားကျသွားခဲ့တယ်။..
ငွေကြေးမချမ်းသာတဲ့ကြားက ကျွန်တော့်ကို ကျောင်းထားပေးခဲ့တာတွေ ပြန်တွေးမိတိုင်းမျက်ရည်ကျမိတယ်။
ကိုးတန်းစတက်တော့ ဘော်ဒါဆောင်ကြေး၊ စားရေးသောက်ရေးအစ ဖြည့်ဆည်းပေးခဲ့ရတယ်။
ကျွန်တော်လည်း စည်းကမ်းရှိခဲ့ပါတယ်။ လိုအပ်တာလောက်ပဲ သုံးခဲ့တယ်။
သူများဝတ်သလို၊ သူများသွားသလို ဖြစ်ချင်ပေမယ့်
စာကိုပဲ အာရုံစိုက်ပီး မေ့ထားခဲ့တယ်။
ဒီလိုနဲ့ ဆယ်တန်းအောင်ခဲ့တယ် ဆိုပါတော့။
image

Mothers' Love | Ecency