လူတိုင်းသိသင့်စရာ

k020(38)
Published in
#esteem
Words
186
Reading
1 min
Listen
Play
9y

တောင်းမှာအကွပ် လူမှာအဝတ်တဲ့ ...
အဝတ်ဆိုတာ သိတတ်စအရွယ်ကတည်းက ကြားနေရတာမလား ...
image
ငယ်ငယ်ကတော့ လူကြီးမိဘဝတ်ပေးတဲ့ အဝတ်တွေဝတ်ရတယ် ...
အသက်ကလေးရလာတော့ အဝတ်ကို ကိုယ်ကြိုက်နှစ်တဲ့ ပုံတွေရှိလာတယ် ...
ဘယ်နေရာကိုတော့ဖြင့် ဘယ်လိုအဝတ်အစားဝတ်ရမယ် စသည်ဖြင့် အဝတ်ရဲ့ အရေးပါပုံကများသားမလား ...

ဒီကမ္ဘာကြီးပေါ် ...
တစ်ချို့ကအဝတ်ကိုအရှက်လုံအောင်လေးဘဲ တတ်နိုင်ပြီး ...
စား ဝတ် နေရေးမှာ ဝတ်ရေးထက် စားရေး နေရေး အရေးကြီးနေရသူတွေတစ်ပုံကြီး ...
တစ်ချို့ကတော့ စား ဝတ် နေရေးမျှတလို့ ဝတ်ရေးဆိုတာ စားရေး နေရေးလို အရေးကြီးခွင့်ရကြတယ် ...
တစ်ချို့ကတော့ ပိုပြီးလျှံလို့ စားရေး နေရေး ပူပင်စရာမလို ဝတ်ရေးကသာ အရေးကြီးဆုံးဖြစ်ကြတယ် (ပိုက်ဆံမရှိတဲ့ မိသားစု တစ်လစားစရိတ်က ငွေကြေးချမ်းသာသူ ထာသွားလာသွားဝတ်တဲ့ အင်္ကျီချုပ်ခ ၅ သိန်း နဲ့ ညီမျှကြရတဲ့ ဘဝတွေရှိတယ်လေ.) ...

အပေါ်ယံဆိုတာက ကြီးစိုးတဲ့အခါ ...
တကယ့်စစ်မှန်မှုတွေဟာ ...
အပေါ်ယံအောက် ပျောက်ကွယ်မတတ်ပါဘဲ ...
လူတစ်ယောက်အရင်မြင်တာနဲ့ အဝတ်အစား ... အသုံးအဆောင် ... လက်ဝတ်ရတနာ ... ရုပ်ရည်လှပမှု ... ခန္ဓာအလှ ... စီးတဲ့ကား ... နေတဲ့အိမ် ... ရာထူးဂုဏ်ပကာသနဆိုတာတွေက ထိုသူရဲ့ အတွင်းစိတ်နှလုံးသားကောင်းမွန်မှု ... ကိုယ်ကျင့်တရား ... ကိုယ်ချင်းစာတရားရှိမရှိဆိုတာတွေပေါ် လွယ်ကူစွာ ဖုံးလွှမ်းသွားတယ် ...
ရင်နာစရာလို့ပြောရင် လွန်မလား ...
image
မိန်းကလေးတစ်ယောက် ဟော့ဟော့လေးဝတ်တာနဲ့ ...
အဲ့မိန်းကလေး အိနြေ္ဒသိက္ခာမရှိ စာရင်းထဲ အလွယ်တကူ ပစ်ထည့်လိုက်ကြတာလား ...
အဲ့မိန်းကလေးရဲ့ စိတ်နှလုံးသား ... ကိုယ်ကျင့်တရားဆိုတာတွေက မိန်းကလေးဝတ်တဲ့ အဝတ်အစားပေါ်မူတည်ဆုံးဖြတ်ကြတယ်လား ...

ရိုးရိုးလေးဝတ်မှ အိနြေ္ဒပြီးပြည့်စုံ သိက္ခာရှိ ...
ဟော့လိုက်တာနဲ့ သိက္ခာမဲ့ဆိုတဲ့ တိုင်းတာတဲ့ပေတံ ဘယ်သူတီထွင်ခဲ့ပါသလဲ ?

အပေါ်ယံဆိုတာအောက်မှာ ...
စစ်မှန်မှုတွေ အရည်ဖျော်ခံရတဲ့အခါ ...
ဆုံးရှုံးမှုတွေလည်းရှိတတ်ပြီး ဆုံးရှုံးမှ နောင်တရလည်း အပိုပါဘဲ ...

သေချာမသိတာတွေ သေချာလေ့လာပြီးမှ ...
' ဆုံးဖြတ်ချက် ' ချသင့်တယ်မလား ...

မြင်အောင်ကြည့်ရအောင်လေ ... လူတစ်ယောက်ရဲ့ တကယ့် အတွင်း စိတ်နှလုံးသားကို ...
အပေါ်ယံရိုးပေမယ့် ရင်ထဲမရိုး ...
အပေါ်ယံဟော့ပေမယ့် ရင်ထဲငြိမ်း ...
တကယ့် ' ရိုးသားခြင်း ' တွေကို သတိလေးကပ် ဆင်ခြင်သုံးသပ်ရင်း ...
ကိုယ့်အမြင်ဟာ သူတစ်ပါးကို မထိခိုက်ဖို့ ...
အမြင်ကဖြစ်လာတဲ့ စကားတွေဟာ တစ်ပါးသူကို မပူလောင်စေဖို့ ...
လွယ်လွယ်လေး အပေါ်ယံတွေအောက် စစ်မှန်မှုတွေ အရည်ဖျော်မပစ်ဖို့ကြိုးစားနေထိုင်ကြမယ်လေနော် ...

image

ဓါတ်ပုံ ... ကျွန်မ အဝတ်အစားကြည့်ပြီး ကျွန်မဘယ်လိုလို့ ဆုံးဖြတ်မှာလား ? ရိုးရိုးလေးဝတ်ချင်ရင်ဝတ်တယ်. စိတ်ပေါက်လို့ဟော့ချက်ရင်ကောက်ဟော့တယ်လေ.

လူတိုင်းသိသင့်စရာ | Ecency