A Chit Ka Sar Tal

k020(38)
Published in
#esteem
Words
143
Reading
1 min
Listen
Play
8y

တစ်ခဏလေးရူးသွပ်ခြင်းဆိုတာ ...
ရှိဖူးခဲ့သလား ...
ရှိနေလား ...
ရှိကြဦးမှာလား ...
image
အသည်းကွဲလို့ ...
သိပ်ချစ်ရသူသေလို့ ...
စီးပွားပျက်လို့ ...
စသည်ဖြင့် တစ်ခဏတာမှာ ...
အသိစိတ်ကင်း ရူးသွပ်မတတ်ဖြစ်ကြတာမလား ...
မပဋ္ဋာမြေလူးဆိုတာတောင် ဗုဒ္ဓမြတ်စွာဘုရားလက်ထက်ရှိဖူးသေးတာဘဲ ...

' စိတ် ' ဆိုတာကလည်း ' သတိ ' လွတ်တာနဲ့ ...
ဖောက်လွှဲဖောက်ပြန်တတ်တဲ့သဘော ...

လောကဓံ (၈) ပါးဆိုတာထက် ...
လောကဓံ ဘယ်နှစ်ပါးမှန်းရေမရအောင် တစ်ခါတစ်ခါ ဘဝမှာ များပြားချင်တတ်သေးတာ ...
ဘာတဲ့ ... လောကဓံ (၈) ပါးဆိုတာ မင်းကိုချစ်ရတာလောက် မပင်ပန်းဘူးတဲ့ ဆိုကြတာလေ ...
image
တစ်ခဏလေး ရူးသွပ်ချိန်မှာ ...
ကိုယ့်အသိစိတ်ကို ပြန်ထိန်းချုပ်နိုင်သလား ...
တစ်ချို့တွေလည်းလုပ်နိုင် ...
တစ်ချို့တွေလည်းမလုပ်နိုင်တော့ ...
ရူးသွပ်ရင်ရူးသွပ် ...
မရူးသွပ်ရင် ကိုယ့်ကိုယ်ကိုအဆုံးစီရင် ...
တကယ့် a moment of madness ပါဘဲ ...

' အဖော်ကောင်း ' ဆိုတာ ...
ကိုယ့်အနားမှာ အောင်မြင်ပျော်ရွှင်မှ အတူရှိနေသူမဟုတ်ဘူးပေါ့ ...
ကိုယ့်ရဲ့ ' တစ်ခဏတာ ရူးသွပ်မှု ' ကို ...
ကိုယ့်အနားမှာ ဖေးမကူညီစောင့်ရှောက်နိုင်သူ ...
ကိုယ့်ကို ရူးသွပ်မှုက လွတ်မြောက်အောင် ကူညီနိုင်သူ ...
ကိုယ်ဘယ်လိုဖြစ်ဖြစ် ကိုယ့်လက်ကိုတွဲထားနိုင်သူပေါ့ ...

အတ္တကြီးဖို့လွယ်ပါတယ် ...
မေတ္တာကြီးဖို့သာမလွယ်တာမလား ...
ကိုယ် ဘယ်လိုသူဖြစ်ရှင်သန်နေထိုင်ကြမလဲ ?

ကိုယ်ကိုယ်ကို တစ်ခဏတာရူးသွပ်မှုမှ လွတ်မြောက်အောင်ကြိုးစား ...
သူတစ်ပါးကိုလည်း အေးအတူပူအမျှ အတူရှိ ...
သူတစ်ပါး တစ်ခဏတာရူးသွပ်မှုမှ လွတ်မြောက်အောင် ...
ကိုယ့်လက်လေးတွေကမ်း ...
တစ်ဖက်သူအတွက် ...
ကူညီဖေးမစာနာထောက်ထားစောင့်ရှောက်ကာကွယ်ပေးရင်းမေတ္တာကြီးသူတွေဖြစ်အောင်ကြိုးစားကြမယ်လေနော်

image
မှတ်ချက် ... ' A moment of madness ‘ စကားလုံးအား ဖတ်ခဲ့ဖူးသောသတင်းမှ ကူးယူပါသည်.
သတင်း source ကို မမှတ်မိတော့၍ မဖော်နိုင်ခြင်းအား တောင်းပန်အပ်ပါသည်.

A Chit Ka Sar Tal | Ecency