Soul Mate

k018(39)
Published in
#esteem
Words
138
Reading
1 min
9y
Listen to this post
~1 min

image

ဘဝခရီး တဲ့ ...
ဟုတ်တာပေါ့ ...
မွေးဖွားချိန်ကစ သေဆုံးချိန်ထိ ...
ဒီသံသရာက မကျွတ်လွတ်သေးခင်ထိ သံသရာခရီး ...
အားလုံးက ခရီးသည်တွေမလား ...

လူ့ဘဝတစ်ခဏ အငှားခန္ဓာနဲ့ ...
ခရီးသွားဖြစ်စဉ်တစ်ခဏ ...
ကိုယ်ဟာ တစ်ပါးသူအတွက် ခရီးဖော်ဆို ...
အကောင်းခရီးဖော်လား ?
အဆိုးခရီးဖော်လား ?

တစ်ချို့ခရီးတွေက လမ်းလျှောက်သွားရတယ် ...
တူတူလျှောက်လို့အဆင်မပြေရင် လှည့်ထွက်ကျောခိုင်းလို့ရတယ် ...
တစ်ချို့ခရီးတွေက ကားစီးသွားရတယ် ...
တူတူကားစီးလို့အဆင်မပြေရင် ကားရပ်ခိုင်းပြီးလမ်းတစ်ဝက်မှာ ဆင်းနေလို့ရတယ် ...
တစ်ချို့ခရီးတွေက လေယာဉ်ပျံစီးသွားရတယ် ...
တူတူသွားဖို့အဆင်မပြေရင် ...
လှည့်ထွက်ကျောခိုင်းလို့မရဘူး ...
ရပ်ခိုင်းပြီး လမ်းတစ်ဝက်ဆင်းလို့မရဘူး ...
အနည်းဆုံးတော့ ... သတ်မှတ်ရာ ဆိုက်ရောက်လေယာဉ်ကွင်းထိ တူတူစီးရတယ် ... ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ...

ဘဝခရီးသည်တွေမှာ ...
လမ်းလျှောက်ခရီးသည်တစ်ချို့က လှည့်ထွက်ကျောခိုင်းသွားကြတယ် ...
ကားစီးခရီးသည်တစ်ချို့ လမ်းတစ်ဝက်တင်ရပ် လက်ပြနှုတ်ဆက်ကျန်ခဲ့ကြတယ် ...
လေယာဉ်စီးခရီးသည်ကတော့ ဝေဟင်မှာ သတ်မှတ်ထားတဲ့ ဆိုက်ရောက်နေရာထိမရောက်ခင် အတူပျံသန်းကြရတယ် ...
image
ဝေဟင်မှာ ပျံသန်းစဉ်မှာ ...
လှပတဲ့ တိမ်တိုက်တွေကြည့် တူတူကြည်နူးရတဲ့အခါရှိမယ် ...
turbulent တွေကြောင့် လှုပ်ခါချိန်ကို တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင် အားပေးရင်း တူတူဖြတ်ကျော်ရမယ့် အချိန်တွေရှိမယ် ...

သတ်မှတ်ထားတဲ့ ဆိုက်ရောက်ရာနေရာဟာ ဘယ်နေရာလဲ ...
တစ်ဘဝလုံးစာ လေယာဉ်စီးမယ်ဆို ...
လမ်းတစ်ဝက်တင်ဆင်းဖို့ဆိုတာ ...
ထိခိုက်နစ်နာစရာတွေမို့ ...
ခရီးဆုံးထိဆို ...
ကြံ့ခိုင်ဖြတ်ကျော်ရမှာတွေရယ် ...
ကိုယ်ဟာ သူ့အတွက် ခရီးဖော်ကောင်းဖြစ်ဖို့ရယ် ...
သူဟာ ကိုယ့်အတွက် ခရီးဖော်ကောင်းမဟုတ်တောင် ... ကိုယ်နဲ့တူတူ ခရီးဆုံးထိလျှောက်ဖို့ နားလည်သည်းခံခွင့်လွှတ် ကိုယ်ချင်းစာတရားတွေလွှမ်းခြုံရင်း ကိုယ့်လက်ကိုသူမြဲမြဲတွဲထားဖို့ရယ်ပေါ့ ...

ကိုယ် ... အကောင်းဆုံးမဟုတ်ပေမယ့် ... တတ်စွမ်းသမျှ ကြိုးစားပါ့မယ် သူ့အတွက် ခရီးဖော်ကောင်းဖြစ်ဖို့ ...

သူ ... အဆင်သင့်ဖြစ်ပါ့မလား ? ကိုယ်နဲ့တူတူ လေယာဉ်ခရီးတူတူစီး ဘဝခရီးလျှောက်လှမ်းဖို့လေ ...

image
#Maecoffee

Soul Mate | Ecency