ရိုးသားခွင့်ပြုပါ

k018(39)
Published in
#esteem
Words
97
Reading
1 min
9y
Listen to this post
~1 min

image
အမေက လက်ဆောင်ထည့်ပေးလိုက်တာ မဟုတ်ဘူး
အမေက လိုအပ်လို့ အသေအချာထည့်ပေးလိုက်တာ။

အမေမွေးကတည်းက ပေးခဲ့တဲ့ဆုပေမယ့်
ဘဝမှာ ဟိုနားချ ဒီနားချ။

အမေက အမှတ်တရလို့
သိမ်းထားလည်း ကြိုက်မယ်မဟုတ်ပေဘူး
ငါ့မှာသာ အမေ့အမွေက ခုထိ အသစ်စက်စက်။

ဪ-
အသုံးမပြုတာ ကြာ
သမီးကို အမေနားလည်မှာပါ။

အဲဒီမှာ
အမေပေးတဲ့
ဦးနှောက်။ ။
ဝန်ပိနေကြသူများ
= = = = = = = = = =
တနေ့တခြား ကြောက်ဖို့ ပိုကောင်းလာတာလား
တနေ့ထက်တနေ့ ချစ်စရာတွေ လျော့လျော့သွားတာလား
ငါတို့ အလုပ်လုပ်ရတာ မပျော်ဘူး။

သူများဆုံးဖြတ်ချက်အမှားတွေကို
သိသိကြီးနဲ့ ဝိုင်းပုံဖော်ထုဆစ်ပေးနေရ
တခါတခါ ငါ့ကိုယ်ငါ စဉ်းစားမိလာ
“အသိဥာဏ်ကို ထမင်းနဲ့ လဲပြီး စားနေရတာမျိုး”လား။

ဒေါသစိတ်ကို
မြိုချရင်းတွေးမိတာက
ရိုးသားမှုဟာ ဘုန်းနိမ့်စေနိုင်ပါသလား
လူယုတ်မာတွေ ပိုတန်ခိုးထွား ထွားလာ
သောကြာနေ့ညနေဟာ နတ်ပြည်အတုဖြစ်
တနင်္လာနေ့မနက်ဟာ လူ့ငရဲ အစစ်
နှုတ်ခမ်းကိုက်လို့သာ
မျက်လွှာချလို့သာ။ ။

![i*ကမ္ဘာ*

မထွန်းညှိဘဲ
လင်းလက်တာတွေ နည်းလာပြီ
မငြှိမ်းသတ်ခင်
ပြာကျ လွင့်စင်တာများလာပြီ။

တွဲဖက်၍ မစားသင့်သော အစားအစာများထဲမှာ
အလင်းရောင်ကို ဘာနဲ့ ရောမြိုချရင် သေတတ်လဲ
လူအတော်များများ အလင်းနဲ့ မတည့်တော့ဘူး။

အမှန်တရားကိုတောင်
လက်သိပ်ထိုး ပေးဝေရတဲ့အထိ
ကမ္ဘာဟာ
မှောင်မိုက်လွန်းလာပြီ။ ။
ငြိမ်းသဇင်(ပညာရေး) image

ရိုးသားခွင့်ပြုပါ | Ecency