Min A Kyaung

k018(39)
Published in
#esteem
Words
239
Reading
2 min
Listen
Play
8y

ဘ၀ မှာ လိုချင်တာ၊ ပိုင်ဆိုင်ဖူးချင်တာ... စသည်ဖြင့်ရှိခဲ့တယ်။
ငယ်ငယ်က လိုချင်တာ မရတဲ့အခါ အကျယ်ကြီးအော်ငိုတယ်။
image
အသက်ကလေးရလာတော့... လိုချင်တာ ရအောင်မယူနိုင်တဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်တယ်။
ခုတော့... လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်က ဘ၀မှာ "Let it go" ဆိုတဲ့ အရမ်းကိုကျယ်ပြန့်တဲ့ ကွင်းပြင်တစ်ခု ရှိလာတယ်။ ရှိအောင်လည်းကြိုးစားခဲ့တယ်။ အဲဒီ့ ကွင်းပြင်တည်ဆောက်ဖို့ နှလုံးသားက ခဏ၊ ခဏ သည်းတယ်... နင်ရက်စက်လိုက်တာတဲ့။ မျက်လုံးထဲမှာ မိုးရာသီတွေ မကြာခဏ အလည်လာတယ်။ အံကိုတင်းတင်းကြိတ်ရလို့ သွားတွေက ထထအော်တယ်... နာလိုက်တာတဲ့။ ဒီလိုနဲ့ "let it go" ကွင်းပြင်သက်တမ်းရင့်လာတယ်။ ကွင်းပြင်မှာ...
အကြောင်းကြောင်းကြောင့် ပိုင်ဆိုင်ခွင့်မရတဲ့ အရာတွေ... ပြိုပျက်ပြီးပြန်လည်တည်ဆောက်လို့မရတဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ၊ ယုံကြည်မှုတွေ၊ လက်မလွှတ်ချက်ပေမယ့် ဆုပ်ကိုင်ထားလေ နာကျင်လေဆိုတော့... စွန့်လွှတ်ရမယ့်အရာတွေ... မဖြစ်နိုင်တော့တဲ့ ဆုံစည်းခွင့်တွေ...
❤️🕍❤️ နှလုံးသားပြတိုက် ❤️🕍❤️

❤️🕍❤️ နှလုံးသားပြတိုက် ...
တစ်ချို့နှလုံးသားပြတိုက်တွေက ...
တခမ်းတနား သားသားနားနား ...
ဂုဏ်မာန်ဝင့်စွာ ...
အတ္တကြီးမှုအခန်း ...
ရယူပိုင်ဆိုင်လိုမှုအခန်း ...
ကိုယ်ချင်းစာတရားကင်းမှုအခန်း ...
စာနာလည်မပေးလိုမှုအခန်း ...
ခမ်းနားပေမယ့် ...
ရောက်ရှိသူကို ပူလောင်မြိုက်ပြီး ...
သောကမျက်ရည်ပေါက်ပေါက်ကျစေတာပေါ့ ...
image
❤️🕍❤️ နှလုံးသားပြတိုက် ...
တစ်ချို့နှလုံးသားပြတိုက်တွေက ...
မခမ်းမနား ရိုးရိုးရှင်းရှင်း ...
အေးချမ်းစွာ ...
ပေးဆပ်လိုခြင်းအခန်း ...
စွန့်လွှတ်ခြင်းအခန်း ...
ကိုယ်ချင်းစာတရားအခန်း ...
စာနာနားလည်ဖေးမကြင်နာမှုအခန်း ...
ပါရမီဖြည့်လိုမှုအခန်း စသည်ဖြင့် ...
ရောက်ရှိသူကို နွေးထွေးစေပြီး ...
ငြိမ်းချမ်းခြင်းတွေနဲ့ ...
ကြည်နူးပီတိမျက်ရည်ဖြိုင်ဖြိုင်ကျစေတာပေါ့ ...

ကိုယ့်ကိုယ်ကိုမေးကြည့် ...
ဘယ်လိုနှလုံးသားပြတိုက်ပိုင်ဆိုင်သူလဲ ?

ကိုယ်လား ?
သူ့ ရဲ့ ရှေ့လူအတွက် သူ့ရဖူးနိုင်တဲ့ဒဏ်ရာတွေ heal လုပ်ပေးဖို့ ...
သူ့ ရဲ့ နောက်လူအတွက် ခံစားမှုတွေနားလည်ပေးဖို့ အခန်းတွေပါ ...
ကိုယ့်နှလုံးသားပြတိုက်မှာ ပါဖို့ကြိုးစားနေတယ် ...

ကိုယ့်ချစ်ခြင်းမေတ္တာ ကိုယ်ချင်းစာ စာနာနားလည်မှုအောက် ...
ကိုယ့် နှလုံးသားပြတိုက်မှာ ...
ပျော်မယ်ဆိုရင် နေနိုင်ပါတယ် တစ်သက်လုံး ...
မပျော်ဘူးဆိုလည်း ...
သွားလိုရာသွားပါ ...
ကိုယ့် နှလုံးသားပြတိုက် မပြောင်းမလဲရှိပါ့မယ် ...
သူ့ အတွက် ...

ဘ၀ မှာ လိုချင်တာ၊ ပိုင်ဆိုင်ဖူးချင်တာ... စသည်ဖြင့်ရှိခဲ့တယ် ...

ငယ်ငယ်က လိုချင်တာ မရတဲ့အခါ အကျယ်ကြီးအော်ငိုတယ် ...
အသက်ကလေးရလာတော့... လိုချင်တာ ရအောင်မယူနိုင်တဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်တယ် ...

ခုတော့... လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်က ဘ၀မှာ "Let it go" ဆိုတဲ့ အရမ်းကိုကျယ်ပြန့်တဲ့ ကွင်းပြင်တစ်ခု ရှိလာတယ် ...
ရှိအောင်လည်းကြိုးစားခဲ့တယ် ...
အဲဒီ့ ကွင်းပြင်တည်ဆောက်ဖို့ နှလုံးသားက ခဏ၊ ခဏ သည်းတယ်... နင်ရက်စက်လိုက်တာတဲ့ ...
မျက်လုံးထဲမှာ မိုးရာသီတွေ မကြာခဏ အလည်လာတယ် ...
အံကိုတင်းတင်းကြိတ်ရလို့ သွားတွေက ထထအော်တယ်... နာလိုက်တာတဲ့ ... ဒီလိုနဲ့ "let it go" ကွင်းပြင်သက်တမ်းရင့်လာတယ် ...

ကွင်းပြင်မှာ...
အကြောင်းကြောင်းကြောင့် ပိုင်ဆိုင်ခွင့်မရတဲ့ အရာတွေ...
ပြိုပျက်ပြီးပြန်လည်တည်ဆောက်လို့မရတဲ့ ...
မျှော်လင့်ချက်တွေ ...
ယုံကြည်ချက်တွေ ...
ယုံကြည်မှုတွေ ...
လက်မလွှတ်ချက်ပေမယ့် ဆုပ်ကိုင်ထားလေ နာကျင်လေဆိုတော့...
စွန့်လွှတ်ရမယ့်အရာတွေ...
မဖြစ်နိုင်တော့တဲ့ ဆုံစည်းခွင့်တွေ...
Let it go ...

image