ICT Knowledge

k018(39)
Published in
#esteem
Words
418
Reading
2 min
Listen
Play
8y

ကျောက်ချောခေတ်မှာ အိုးဖုတ် တတ်ပြီ။
အုတ်ဖုတ်တတ်ပြီ။

ဒါတင်မက ဆေးတံသောက်ပြီး ဇိမ်ယူတတ်ပြီလို့ပါ ပြောရမလား။
ဆီကိုရေချိုး ဆေးရိုး မီးလှူံ တဲ့။

ကျောက်ချောခေတ်မှာ ဆေးတံသောက်ပြီး ဇိမ်ခံတတ်တာလား။
ဆေးတံက ပျူဆေးတံတွေ။
ပျူခေတ်အထိ ကျောက်ချောတွေ ထွန်းကားဆဲလား။

ဆရာကျောင်းတို့ မုံရွာ မိုးကြိုးပြင် ကျောက်ခေတ်ကြီးကတော့ ကြေးနီစီမံကိန်းထဲ ဝမ်းနည်းဖွယ်ရာ ပျောက်ဆုံးသွားပြီ ထင်။

ပျူတွေ ဘယ်ရောက်သွားပြီလဲလို့ ကျနော် မမေးဝံ့ပါ။

မြောက်ဘက် ကချင်ပြည်နယ်မှသည် တောင်ဘက် တနင်္သာရီ ထားဝယ်အထိ အင်တိုက်အားတိုက် များပြားလှသည့် ကျောက်ချောခေတ်က လူတွေ ဘယ်ရောက်သွားသလဲ။ image

 ... 
    ... 

 ... 
  ကက ... 
 ... 
 က  ...  ' သူ ~~~

#မယ်
#ဘယ်ချိန်တွေ မယ့်ကို သတိတရရှိတတ်လဲဟင်? 
၁   အစားကောင်း သို့မဟုတ် မယ် ကြိုက်တဲ့အစားအစာစားနေချိန်

၂   ခံစားရတာ ရင်ဖွင့်ချင်လာချိန် 

၃   ပျော်ရွှင်နေရချိန်

၎  အကူအညီလိုချိန် 

၅   အသည်းကွဲလို့ နှစ်သိမ့်စကားကြားချင်ချိန် 

၆   အပျင်းပြေစကားပြောချင်ချိန် 

၇   စိတ်ဓါတ်ကျချိန် 

၈   သိပ်လှတဲ့ရှုခင်းလေးတွေမြင်ရလို့ မယ့်ကို ပြချင်ချိန် 

၉   Mae Coffee ကိုသတိရတာ coffee သောက်နေချိန် 

ဘယ်အချိန်လဲဟင် သတိရမိတတ်တာ ... 
ဒါမှမဟုတ် ... 
ဘယ်ခါမှ သတိမရဘူးပေါ့နော်. 

gn! 

ချစ်တယ် 😍 

#မယချစ်ခြင်းမေတ္တာကလား ... 
သူအိပ်ချိန်ဆို ... လွမ်းနေရက်တောင် မတ်ဆေ့မပို့ရက် ... 
ကိုယ့်မတ်ဆေ့သံနဲ့ သူနိုးသွားမလားစိုးရိမ် ... 
ကိုယ့်အလွမ်းတွေ ကိုယ့်ဘာသာသိမ်းဆည်းမိတာမျိုး ... 

 နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါစေ ... သူ ... 

ကိုယ်လား ? 
လွမ်းနေတယ် ... 

#မယ်မယ့် စာအုပ်လေးတွေ ဒီလကုန် စာတိုက်ကနေ အားလုံးဆီ ပို့ပေးနိုင်ဖို့ကြိုးစားနေပါတယ်. 
သင်္ကြန်ရက်တွေခံတော့ ဒီလမှာ ခရီးထွက်သူအတော်များပါတယ်. 

မယ် သာခဏလေးရန်ကုန်အလည်ပြန် စာအုပ်ကိစ္စလုပ်နိုင်ရင် အဆင်ပြေမှာပါ. 
မယ် အလည်မပြန်နိုင်တော့ ... ရန်ကုန်မှာ ဖေဖေ နဲ့ အဒေါ်ဘဲရှိပါတယ်. 
ဖေဖေက သူ့အလုပ်တွေနဲ့သူမအားတော့ အဒေါ်ကို အကူအညီတောင်း ... အဒေါ်ကလည်း YTU စာမေးပွဲရှိတော့ သူစာသင်ချိန်တွေ သူ့ကျောင်းနဲ့ မယ့် ကိစ္စအာရုံမစိုက်နိုင် ... 

စာတိုက်ကနေ စာအုပ် ၁၅၀ ကိုပို့ဖို့ သူအဆင်ပြေပါ့မလားစိတ်ပူပြီး ပုသိမ်က ဦးလေးက စာစီစာရိုက်လုပ်ငန်းရှိပြီး သူ့ဆိုင်က ကလေးတွေက စာအုပ်တွေစာတိုက်ကပို့ပေးဖို့ အကူအညီလှမ်းတောင်းတော့ အဆင်ပြေသွားပါတယ်. ဦးလေးကလည်း သူ့သား ၁၀ တန်းစာမေးပွဲဖြေတာနဲ့ ၁၀ တန်းစာမေးပွဲပြီး အဒေါ် YTU က ကျောင်းသားတွေ စာမေးပွဲပြီးမှ မယ့် စာအုပ်ကိစ္စစကားပြောရလို့ပါ. 

စာအုပ်မှာ လက်မှတ်ပါဖို့ မယ် ဒီကနေ A4 စာရွက်တွေမှာစာရေး လက်မှတ်ထိုး အဒေါ်ဆီကို ဒီက courier service ကနေပို့ရပါမယ်. အဒေါ်ကနေ အဲ့စာရွက်တွေကို ပုသိမ်ပို့ ... စာရွက်တွေရောက်ရင် စာအုပ်တွေရှေ့မှာ ထည့်ချုပ်ဖို့ပါ 

မြန်မာပြည်နေရာအနှံ့အတွက်စာအုပ်တွေ ပုသိမ်စာတိုက်ကနေ ဦးလေးဆိုင်က ကလေးတွေပို့ပါမယ်. 
စာတိုက်ကနေ စာအုပ်တွေ ပို့တဲ့အချိန် ဖေ့ဘွတ်ကနေ ပြောပါမယ်. ခန့်မှန်းခြေ ဒီလကုန် သို့မဟုတ် နောက်လ ပထမအပတ်လို့ ခန့်မှန်းပါတယ်ရှင်. 

ဒီနိုင်ငံ နဲ့ တစ်ခြားနိုင်ငံအတွက် စာအုပ်တွေ ပုသိမ်က ဦးလေးက ရန်ကုန်ကအဒေါ်ဆီပို့ ... အဒေါ်က စာအုပ်တွေကို courier service ကနေ မယ့်ဆီပို့ ... မယ်စာအုပ်တွေရရင် SingPost ကနေ ဒီနိုင်ငံ နဲ့ တစ်ခြားနိုင်ငံတွေကိုပို့ပါမယ်. မယ် SingPost ကနေ စာအုပ်တွေပို့မယ့်ရက်က မေလ ဒုတိယအပတ်လို့ ခန့်မှန်းပါတယ်. 

ပုံနှိပ်တိုက်ကထုတ်ဝေ ... စာအုပ်ဆိုင်တွေဆီရောက်တာမဟုတ်ဘဲ ... ကိုယ့်ဘာသာစီစဉ် စာတိုက်ကနေ စာအုပ်တွေပို့ဖို့လုပ်တာ ကြန့်ကြာမှုရှိခဲ့လို့ မယ် အားလုံးကို အနူးအညွှတ်တောင်းပန်ပါတယ်ရှင်. 

မယ့်မှာ ကွန်မန့်တွေပြန်ဖို့အကြွေး ... 
ဖရန့်တွေလက်ခံဖို့အကြွေးတွေရှိပါသေးတယ် ... 
ဒီအကြွေးတွေကိုလည်း တဖြည်းဖြည်းဆပ်နေပါတယ် ... 
တနင်္လာကနေ သောကြာကို ရုံးသွားတဲ့လမ်း နေ့လည်စာထမင်းစားချိန် ညနေရုံးပြန်လမ်း အိမ်ရောက်ပြီး မအိပ်ခင်အချိန်လေးတွေမှာ မယ့် ကိုယ်ရေးကိုယ်တာလေးတွေလုပ် စာရေး စာပြန်လေးတွေလုပ်ရပါတယ်. စနေ တနင်္ဂနွေက လူမှုရေး တွေဘာတွေရှိတော့ စာရေးခြင်းဘက် အချိန်ပြည့်မရှိခြင်းပါ. 

ဘယ်လိုဘဲဖြစ်ဖြစ် ... 
မယ့် လိုအပ်ချက်တွေရှိရင် ဒါတွေဟာ မယ့် အားနည်းချက်မို့ မေတ္တာဖြင့်ခွင့်လွှတ်နားလည်ပေးပါရန် အနူးအညွှတ်တောင်းပန်အပ်ပါသည်ရှင်.  ![image](https://img.esteem.ws/ch3th4ylhb.jpg)
ယုံကြည်မှု ဆိုတာ စာရွက်တစ်ရွက်လိုဘဲ ... 
ကြေမွသွားတာနဲ့ နဂိုအတိုင်း ပြန်ဖြစ်မလာတော့ဘူး တဲ့. 
အင်တာနက်မှာဖတ်ဖူးတာ. 
 ![image](https://img.esteem.ws/3901070jl7.jpg)
ဘယ်လိုလူမှုဆက်ဆံရေးမျိုးမဆို ... 
မိဘ နဲ့ သားသမီး ... 
ဆရာ နဲ့ တပည့်တွေ ... 
အလုပ်ရှင် နဲ့ အလုပ်သမား ... 
သူငယ်ချင်းမိတ်ဆွေ အချင်းချင်းကြား ... 
ချစ်သူတွေ ... 
ဇနီးမောင်နှံတွေ စသည်ဖြင့်ပေါ့လေ ... 
ယုံကြည်မှုလေးတစ်ခါပျက်ကြည့် ... 
ပြန်လည်တည်ဆောက်သည့်တိုင် ... 
နဂိုအတိုင်းဖြစ်လာဖို့မလွယ်တော့ဘူး. 

ယုံကြည်မှုပျက်သုဉ်းခြင်းနောက်မှာ ...
'  ' ဆိုတဲ့သိပ်ကြောက်စရာကောင်းတဲ့ virus က
တစ်ခါဝင်ပြီးရင် တောက်လျှောက်ဒုက္ခပေးတတ်တာမျိုး. 

ခိုင်မြဲတဲ့ ... တည်မြဲတဲ့ တွဲလက်တွေမှာ ... 
အခြေခံ အုတ်မြစ် ' က ' တွေက မမြင်နိုင်ပေမယ့် ... 
စွမ်းအားရှိရှိ ချိတ်ဆက်ပေးထားတာမလား. 

' က ' တွေခိုင်မြဲမို့ ... 
ရိုးသားမှု ... 
ပွင့်လင်းမှု ... 
ဟန်ဆောင်ခြင်းကင်းမှု ... 
နောက်ကျောဓါးထိုးကင်းမှု ... 
ဣသာ မိစ္ဆရိယစိတ်ကင်းမှု ... 
သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ ... 
စိတ်ထားတတ်မှုတွေ လိုတယ်မလား ... 

ကိုယ်က သန့်စင်တဲ့ ယုံကြည်မှု လိုချင်ရင် တစ်ပါးသူတွေကိုလည်း သန့်စင်တဲ့ ယုံကြည်မှုပေးရမှာပေါ့. 

ကိုယ်ကဘဲလိုချင်တဲ့ ' ' ရယူလိုမှုသာရှိ ... 
တစ်ပါးသူကို ပေးလိုတဲ့ '  ' မရှိရင် ... 
' က ' တွေအရောင်စွန်းတတ်တယ်. 

ဖြူစင်တဲ့ ' က ' တွေပေးရင်း ဖြူစင်တဲ့ ' က '   က ကက. 
 ![image](https://img.esteem.ws/o4ge4949y1.jpg)
ICT Knowledge | Ecency