ဘယ်လိုဘဲဖြစ်ဖြစ် ...
ကြုံနေရတဲ့ လောကဓံ ...
ဖြစ်ပျက်မှုတွေတိုင်းမှာ ...
စိတ်ဓါတ်ဆိုတာ ခိုင်မာအောင်လေ့ကျင့်တည်ဆောက်လို့ရတာပေါ့ ...
မငြိတွယ်သင့်တာ ...
မငြိတွယ်ချင်တော့တာမှန်သမျှ ...
ဖြတ်တောက်ဖို့ ...
မငြိတွယ် (မငြိတွယ်ရင် မေ့ပစ်ဖို့ကြိုးစားစရာမလို ခံစားမှုအားလုံးအေးငြိမ်းသွားပါတယ် ) ဖို့ ...
၂၄ နာရီအတွင်း တိကနဲဖြတ်တောက်ပစ်ဖို့လား ...
' စိတ်နှလုံးသား ' တည်ငြိမ်ခိုင်မာရင့်ကျက်ရတာပေါ့ ...
အဲ့အခြေအနေရောက်ဖို့ ...
အချိန်တွေလိုမယ် ...
မျက်ရည်တွေ လိုကောင်းလိုမယ် ...
မခံနိုင်လောက်အောင် နာကျင်ချင်နာကျင်ရမယ် ...
ဒါပေမယ့် ...
အရာအားလုံးကျော်ဖြတ်ပြီးချိန် ...
စိတ်နှလုံးသားကို မငြိမ်းစေတာမှန်သမျှမှာ ...
မမွေ့လျော်တတ်တော့ဘူး ...
မမွေ့လျော်ချင်တော့ဘူး ...
အကောင်းဆုံးသော လက်ဆောင်ထဲက တစ်ခုက ' အချိန် ' တဲ့ ...
ကိုယ့်ရဲ့ ရှင်သန်နေရတဲ့ နေ့ရက်တွေမှာ ...
အချိန်တိုင်းက တန်ဖိုးရှိတယ် မဟုတ်လား ...
ဥပမာ ... လူတစ်ယောက်က တစ်လဘဲအသက်ရှင်တော့မယ်ဆိုပါတော့ ...
နေ့ရက်တိုင်းရဲ့ စက္ကန့်တိုင်းက သူ့အတွက်အဖိုးတန်တယ်.
ဘယ်နေ့သေရမယ် မသိတဲ့ဘဝမှာ ...
ကိုယ်ဟာ သူတစ်ပါးဆီက သူအသက်ရှင်ခွင့်ရတဲ့နေ့ရက်တိုင်းရဲ့ အချိန်တွေကို ရရှိနေတယ်ဆို တန်ဖိုးထားရမှာပေါ့ ...
သူ့ဆီက ' လက်ဆောင် ' ဟာ ...
စိန်တွေ ရွှေတွေ တန်ဖိုးကြီးလက်ဆောင်မှ အဖိုးတန်လို့ သတ်မှတ်မယ်လား ?
မသတ်မှတ်ပါနဲ့ ...
တကယ့်အဖိုးတန်လက်ဆောင်ဆိုတာ သူကိုယ့်ကိုပေးနေတဲ့ သူရှင်သန်နေတဲ့နေ့ရက်တွေထဲက ' အချိန် ' တွေပါ ...
ကိုယ်ချစ်ခင်ရသူတွေကို အချိန်ပေးပါ ...
တစ်နေ့ ကိုယ့်အနားသူတို့မရှိတော့ရင် ...
သူတို့အတွက် ကိုယ်မပေးခဲ့တဲ့အချိန်တွေအတွက် ...
နောင်တရရမှာစိုးလို့ပါ.
ကိုယ့်ကို ' အချိန် ' ပေးသူတစ်ဦးချင်းစီ အယောက်စိတိုင်းရဲ့ အချိန်တွေကို မြတ်နိုးတန်ဖိုးထားရမှာပေါ့ ...
သူတို့ရှင်သန်ခွင့်ရနေ့ရက်တွေထဲက အချိန်ဆိုတာ သူတို့ရှင်သန်မှု ကိုယ့်ကိုပေးနေတာပေါ့.
သူပေးတဲ့ ' အချိန် ' လက်ဆောင်လေးတွေတန်ဖိုးထားရင်း နေ့ရက်တိုင်းအေးချမ်းပျော်ရွှင်ပါစေ.
ဒါဟာ ဘာလည်းဆိုရင် ...
နေထွက်ဖို့ရာ အတော်လေးကြာပါတယ်. နေလုံး စထွက်ဖို့ ကောင်းကင်ကအရောင်းတွေပြောင်း အရှိန်ယူတာ ...
နေလုံးစထွက်တာကနေ ကောင်းကင်မှာ လုံးဝထွန်းလင်းသွားဖို့ရာ အချိန်အတော်လေးကိုကြာပါတယ်.
နေဝင်တာကတော့ အရမ်းမြန်ပါတယ်. ထွန်းလင်းနေတဲ့နေ ဝင်သွားတာဟာ အချိန် ၂ မိနစ်လောက်ဘဲကြာတယ်.
အဲဒီ့မှာ ဘဝရဲ့ မွေးဖွားချိန် နဲ့ ဘဝင်နေဝင်ချိန်ကို ဖျတ်ကနဲ သတိထားမိသွားတယ်.
နေထွက်ချိန်ဟာ လူတစ်ယောက်မွေးဖွားရာကနေ အတောက်ပဆုံးအချိန်ရောက်ဖို့အထိလိုပါဘဲ.
နေထွက်ဖို့ရာကနေ ကောင်းကင်မှာ နေလုံးကြီး ထွန်းလင်းသွားဖို့ အချိန်တွေ အတော်ယူရသလို လူတစ်ယောက်မွေးဖွားဖို့ရာလည်းမလွယ်လေ. ဆရာဝန်သဘောအရပြောရရင် ခွဲဘဲမွေးမွေး ရိုးရိုးဘဲမွေးမွေး အချိန်ယူရတာကိုး. မွေးပြီးတော့ ရှင်သန် ... အဲဒီ့သူရဲ့ ဘဝ အတောက်ပဆုံးနေရာ အချိန်ရောက်ဖို့ အတော်လေး အချိန်ယူရတယ်. ကြိုးစားရတယ်လေ.
နေဝင်တာကတော့ လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်လိုပါဘဲ. လူတစ်ယောက်ရဲ့ အသက် မိနစ်ပိုင်းလေးမှာတင် ဘဝကူးပြောင်းနိုင်တာလေ. တစ်ခါတစ်ခါ အဲဒီ့အချိန်လေးအတွက် ဘာမှ မပြင်ဆင်လိုက်ရဘဲ ဖြတ်ကနဲ ဆိုတာမျိုးကလည်းရှိသေး. ဒါကြောင့် ... ဘဝနေဝင်ချိန်အတွက် ပြင်ဆင်ကြပါလို့ ဆိုကြတာနေမှာ.
ဒီတစ်ခေါက် ခရီးမှာ နေထွက် နေဝင်တာကြည့်ရတဲ့ ခံစားချက်တွေက အများကြီးရယ်.
ကျွန်မ လည်း ဘဝ နေထွက်အချိန်အတွက် ရုန်းကန်နေဆဲ ကာလပေမယ့် ဘဝ နေဝင်ချိန်အတွက်လည်း ပြင်ဆင်ရဦးမယ်.
လောကရဲ့ သဘာဝတရား နေထွက် နေဝင်ချိန်တွေက နေရာဒေသအလိုက် အချိန်တွေ အနည်းအများ မတူစွာ ပြောင်းလဲပေမယ့် အချိန်ရောက်ရင် နေထွက် နေဝင်တာဘဲလေ.
ဘဝမှာတော့ နေထွက်ပြီး အတောက်ပဆုံးအချိန်ရောက်ဖို့ ရှင်သန်ရုန်းကန်နေပေမယ့် ဘယ်အချိန် ဘဝနေဝင်မလဲ မသိနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ရပါဦးမယ်.