သူမသိဘူး

k017(38)
Published in
#life
Words
164
Reading
1 min
Listen
Play
9y

image

ရှေးရေစက်တဲ့ ...
ငယ်ငယ်ကလည်းကြားဖူးတယ် ...
ခုလည်းကြားရတယ် ...
နောင်လည်းကြားရဦးမယ် ...

ရေစက်ဆိုတာ ...
ငယ်ငယ်ကလည်း ယုံကြည်တယ် ...
ခုလည်း ယုံကြည်တယ် ...
နောင်လည်းယုံကြည်မယ် ...

ကမ္ဘာကြီးပေါ်လူပေါင်းများစွာကြားထဲ ...
ကိုယ့်အနားက ကိုယ့်မိသားစုဝင်တွေ ... ချစ်ရသူတွေ ...
ဆွေမျိုးသားချင်း .... မိတ်ဆွေသူငယ်ချင်း ... အိမ်နီးနားချင်း ... လုပ်ဖော်ကိုင်ဖက် စသည်ဖြင့် သူ နဲ့ ကိုယ် ဘာကြောင့် အကြောင်းတရားပါရသလဲ ...
ရှေးရေစက်ကြောင့်မို့လား ...

နေ့စဉ် လမ်းပေါ်မှာ ... ကားပေါ်မှာ ... ရထားပေါ်မှာ ... လေယာဉ်ပေါ်မှာ ... အွန်လိုင်းမှာ စသည်ဖြင့်တွေကြားထဲ ...
သူ့ကိုမှ မြင်မြင်ချင်း ချစ်မိသွားတာမျိုး ...
သူ့ကိုတွေ့တွေ့ချင်း ဟိုးအရင်ကသိဖူးသူလိုခံစား တစ်ခဏတွင်း ရင်းနှီးသွားတာမျိုး ...
ဒါ ... သာမာန်ဖြစ်ရိုးဖြစ်စဉ်လား ?
ရှေးရေစက်လား ?

ရေစက်ပါလို့ဆုံ ...
ရေစက်ကုန်လို့ခွဲတဲ့ ...
ဘယ်လောက်ပဲ ဆုံချင်ချင် တစ်နိုင်ငံတည်းနေပေမယ့် မဆုံကြတာမျိုး ...
မဆုံနိုင်ဘူးလို့ထင်ရတဲ့ ကမ္ဘာ့အရှေ့ခြမ်းကကိုယ် နဲ့ ကမ္ဘာ့အနောက်ခြမ်းက သူ ဆုံချင်ဆုံတာမျိုး ...

ရေစက်ရယ်ပါမှတော့ ...
တစ်သက်တာဆုံမဆုံ မသေချာလည်း ...
ရေစက်ဆုံစဉ်တစ်ခဏ ... ' သူ နဲ့ ' ဆိုတဲ့ အချိန်လေးတွေတန်ဖိုးထား ...
သူ့အတွက် ကိုယ် ဘာဖြည့်ဆည်းပေးနိုင်မလဲစဉ်းစား ...
တစ်သက်တာ ပါရမီဖြည့်ခွင့်မရတောင် ...
တစ်ခဏတာ ပါရမီဖြည့် သူပျော်ရွှင်စေဖို့မလား ...

ရေစက်ပါချိန်မှာ ...
သူ့အတွက်ရယ်လို့ ဖြည့်စွမ်းနိုင်သမျှဖြည့်စွမ်း ...
တစ်ချိန်ရေစက်ကုန်လို့ ခွဲခွာရလည်း ...
ကိုယ်ဖြည့်စွမ်းပေးခဲ့တာဘဲလို့ ခံစား ...
နောင်တကင်းစွာနဲ့ သူရှေ့ဆက်လျှောက်မယ့်လမ်း ...
အဆင်ပြေချမ်းမြေ့ပါစေ ဆုတောင်းပေးဖို့ပေါ့ ...

လူ့ဘဝတစ်ခဏ ကိုယ်ရေစက်ဆုံချင်သူနဲ့ဆုံ ...
ထိုသူနဲ့ သေတပန်သက်တဆုံးလက်တွဲကြစေသတည်းဆိုတာ လူတိုင်း ဆန္ဒမို့လား ...

ဆန္ဒတွေပြည့်တယ် ... မပြည့်ဘူး ...
ဘယ်လိုဖြစ်ဖြစ် ...
ဖြည့်ဆည်းပေးပါ ...
ကိုယ် ရေစက်ဆုံနေရသူရဲ့ စိတ်ချမ်းသာမှုကို ...

ရာသက်ပန်ဆိုတာမစဉ်းစားဘဲ ...
ဆုံတွေ့စဉ်အချိန်လေးမှာ ...
ငြိမ်းချမ်းစွာ သူ့အတွက်ရယ်လို့ ဖြည့်ဆည်းပေးရင်း ...
သူ့ ရဲ့ တစ်ခဏ ပါရမီဖြည့်ဖက်ဖြစ်ခွင့်လေးဖြစ်မယ်ဆိုတောင် ...
အဲဒီ့တစ်ခဏလေးကိုတန်ဖိုးထားရင်း ...
သူလည်းစိတ်အေးချမ်း ...
ကိုယ်လည်းစိတ်အေးချမ်းကြမယ်လေနော်

သူမသိဘူး | Ecency