Tha Ba Wa Ahla

k017(38)
Published in
#esteem
Words
190
Reading
1 min
Listen
Play
8y
 ![image](https://img.esteem.ws/f1nrziwv0d.jpg)

နာမည်လေးကလှတယ် ... 
ခံစားရတာ လှမလှတော့မသိဘူး ... 

ကိုယ်အိပ်ယာထချိန်က သူအိပ်ချိန် ... 
ကိုယ်အိပ်ချိန်က သူ့ရုံးချိန် ... 
ကိုယ်ရုံးတက်တော့ ... သူအိပ် ... 
ကိုယ်ရုံးဆင်းတော့ ... သူရုံးချိန်မှာမအား ... 
ဒီလိုနဲ့ Monday to Friday ... 

weekend တွေလား ... 
ကိုယ့်အိပ်ချိန် ... သူနိုးချိန်တွေကြား ... 
ကိုယ့်ကိစ္စ ... ကိုယ့်လူမှုရေးတွေကိုယ်လုပ် ...
သူ့ကိစ္စ ... သူ့လူမှုရေးတွေသူလုပ် ... 
မီးဝေးလို့ချိတ်မာတာမျိုးမဖြစ်ပေမယ့် ... 
စကားပြောချိန်ရဖို့လေးတောင် အတော်ရုန်းကန်ကြရတယ်မလား ... 

နားလည်မှုဆိုသည့်တိုင် ... 
ကြီးပြင်းရှင်သန်ရာ ... အသားတကျဖြစ်ထားတဲ့culture  ချင်းမတူ ... 
ခံစားရသမျှ ရင်ဖွင့်ချင်လည်း ... 
သူနားလည်ပါ့မလား (နားလည်မပေးနိုင်တာလည်းများချင်များမပေါ့) ဆိုတာနောက် ... 
စကားလုံးတွေမြိုသိပ် ... 
ဆိတ်ဆိတ်နေခဲ့ရ ... 
ကိုယ်တို့တွေ လူချင်းမပြောနဲ့ ... စိတ်ချင်းတောင်နီးဖို့ ... 
မလွယ်တဲ့ဘဝလို့မို့လား ... 

ဒီလိုပါဘဲ ... 
ဖူးစာဆိုတာ ဦးရာလူလို့ဆိုကြပြန်တယ် ... 
နီးစပ်ရာနောက် ကောက်ကောက်ပါတတ်သလား မသိပေမယ့် ... 
' စိတ်ချင်းချည်တဲ့ကြိုး ' က ' အနေနီးလို့ချည်မိသွားတဲ့ကြိုး ' တွေလောက် ခိုင်ပါ့မလားလို့ပေါ့ ... 

LDRS (Long Distance Relationship) ...
ချစ်ခြင်းမေတ္တာဆိုတာထက် ... 
' ကိုယ်ချင်းစာတရား ' နဲ့ ' နားလည်မှု ' ပုံအောပေးမှ ... 
နို့မို့ဆိုရင် ... 
ကိုယ့်ရဲ့တစ်ဖက်သူဆိုတာ ... 
လမ်းခွဲချင်မှုကြား စိတ်နှလုံးတွေပုံအောတတ်တာမလား ... 

ကိုယ် ချည်မိတဲ့ ' စိတ်နဲ့ကြိုး ' သူ့ဆီမှာလေ ခိုင်ရဲ့လား ... 
သူ ချည်ထားတဲ့ ' စိတ်နဲ့ကြိုး ' ကိုယ့်ဆီမှာလေ မြဲရဲ့လား ... 

' စိတ်နဲ့ချည်ရတဲ့ကြိုး ' ပိုင်ရှင်တွေရော ... 
တကယ်ဘဲ ... 
ကြိုးတွေပေါ်စိတ်ချယုံကြည်ပျော်ရွှင်ပါရဲ့လား ... 

ချည်နှောင်မှုမှန်သမျှ ... 
တင်းလွန်းရင်ပြတ် ... 
လျော့လွန်းရင် ဝေး ... 
မချည်သင့်မှန်းသိပေမယ့် ... 
ချည်နေရင်းဘဲ ဆုတောင်းပါရစေ ... 

ကိုယ်တို့ ' စိတ်နဲ့ကြိုး ' တွေခိုင်ခိုင်မြဲစေ������������
ချစ်ခြင်းမှာ ' အလွမ်း ' ပါမှ ပြည့်စုံသတဲ့ ... 
သူ့ချစ်ခြင်းမှာ ' အလွမ်း ' မပါဘဲပြည့်စုံပါစေ ... 

လွမ်းရမယ်ဆို ... လွမ်းရသူဟာ ကိုယ်သာဖြစ်ပါရစေ ...
အလွမ်းရဲ့ဒဏ် ကိုယ်သာခံပါရစေ ... 

သူ ... အလွမ်းကင်းမဲ့ဇုန်မှာ ... 
သာယာပျော်ရွှင်ပါစေ ... 

ကိုယ့်ချစ်ခြင်းမေတ္တာကြောင့် ... 
သူ့ဆီမှာလေ ... လွမ်းဆွတ်ရခြင်း ထာဝရကင်းပါစေ ... 

 ![image](https://img.esteem.ws/0yasckvpoc.jpg)
Tha Ba Wa Ahla | Ecency