..
နွမ်းခြောက်နေတဲ့ ဘုရားစင်ပေါ်က
ပန်းတွေကို မော့ကြည့်ရင်း
နောင်တတွေရင်ဝမှာလာလာစိုက်
အမေသင်ပေးလိုက်တဲ့
ကိုယ်ချင်းစာတရား တစ်ခုနဲ့တင်
ကျွန်တော်က ကမ္ဘာကြီးဖြစ်သွားခဲ့ပြီ အမေ...။
အချိန်တိုင်း သေဆုံးနေပြီး
အချိန်တိုင်း ရှင်သန်နေတဲ့
ကိုယ့်ကိုယ်ကို
မေ့သွားခဲ့တယ်...
အစားထိုးကုထုံးတွေထဲ
မပါနိုင်တဲ့ အချိန်တွေထဲ
တိုးဝင်နေရခြင်းကို
ရုန်းကန်မှုလို့ မထင်မိခဲ့တဲ့
ကျွန်မကိုယ်တိုင်..သိပ်ကို မိုက်မဲလွန်းခဲ့တယ်
သတိရှိဖို့ သတိထားဖို့ထက်
သတိလက်လွှတ် ရယ်မောနေရတာကို
မမီမကမ်း ဖမ်းဆုပ်ရင်း
ကိုယ့်သာယာမှုနဲ့ ကိုယ်..
ကိုယ်လိုရာအရပ်ဟာ
တဖြည်းဖြည်းဝေးလာတယ်
မခက်ခဲပေမဲ့ နက်နဲလွန်းတဲ့ပုစ္ဆာတွေဆီမှာ
အဖြေရှာနည်းတွေရှိပြီးသားတဲ့
ကျွန်မကတော့ မကြည့်ခဲ့မိဘူး
(ပျင်းလို့)
ကျွန်မ ဘုရင့်နောင်လို
ဖောင်ဖျက်ပစ်လိုက်ဖို့ စိတ်ကူးရှိတယ်
ဒါပေမဲ့
ဖောင်နဲ့ မျှောနေရခြင်းထဲက
ပတ်ဝန်းကျင်လေးကပဲ
ဆွဲဆောင်ထားခဲ့ပြန်ရော...
ကျွန်မ ဆက်ပြီး မျှောနေဖြစ်အုံးမယ်.
ဘဝဆိုတာ လောကဓံ ၈ ပါးနဲ့ လူတိုင်း ရုန်းကန်ကြရတာပေါ့ ...
သက်ရှိသတ္တဝါမှန်သမျှ ခန္ဓာဝန်ထမ်းကြရတယ် ...
ခန္ဓာဝန်ထမ်းနေကြရသူချင်းအတူတူ ...
တစ်ပါးသူကြောင့် ...
ခြေထိုးခံရလား ?
တိုက်ခိုက်ခံရလား ?
ထိုးနှက်ခံရလား ?
ကုန်းချောခံရလား ?
ထောင်ခြောက်ဆင် လုပ်ကြံခံရလား ?
ဘယ်လိုဖြစ်ဖြစ် ...
ကိုယ့်ဦးတည်ရာ ' အာရုံစိုက်မှု ' မပျံ့လွင့်ဘဲ အေးဆေးတည်ငြိမ် ကိုယ့်လမ်းကိုယ်လျှောက်ရမှာပေါ့.
လိုသူရှိမယ် ...
မလိုသူရှိမယ် ...
လိုလို မလိုလို ဒါ ကိုယ့်အကြောင်းတရားမှ မဟုတ်တာ.
သူတို့စိတ်နဲ့ သူတို့မို့ ...
' စိတ် ' တွေကိုလိုက်ခံစားရင် ကိုယ်မောရုံဘဲရှိမယ်လေ. §
ငယ်ငယ်က စာကျက်တဲ့အခါ ...
အိမ်က TV ဖွင့်ရင် စာကျက်မရဘူး ...
အသံတွေဆူတယ်ပေါ့ ...
အဲဒီ့အသံတွေကို ' background noise ' အဖြစ် ခံစားလိုက်ပြီး ကိုယ်ကြည့်နေတဲ့စာအပေါ် ' အာရုံစိုက် ' ရင် ...
သိပ်ထူးခြားတာတွေ့ရတယ် ...
စိတ်ရဲ့တန်ခိုးအရ ဆူညံသံတွေ ဝေးသွားတယ် ...
ကိုယ့်စာအပေါ်မှာဘဲ စိတ်အာရုံရှိတော့တယ် ...
စိတ် ရဲ့ စွမ်းအားသိပ်ဆန်းကြယ်တာနော်.
ဘဝမှာလည်း ...
ချီးမွမ်း ၇ ရက် ... ကဲ့ရဲ့ ၇ ရက် ... ပတ်ဝန်းကျင်တစ်ခုက ပြောကြမှာဘဲ ...
ဟုတ်တာရော မဟုတ်တာရော ...
ကိုယ်ယိမ်းယိုင်သွားအောင် ...
ထိုးနှက်တဲ့အခါ ထိုးနှက်ကြမှာဘဲ.
ဘယ်တော့မှ ...
ကြားရသမျှ မြင်ရသမျှ အပြောခံရသမျှ လိုက်မခံစားဘဲ
' Background noise ' အဖြစ်ထားသင့်တာပေါ့.
ဘယ်တော့မှ ...
ထိုးနှက်တိုက်ခိုက်ခြေထိုးခံရတိုင်း ယိမ်းယိုင်ပြိုလဲ မသွားဘဲ
' Backgrounf noise ' တွေအဖြစ်ခံယူသင့်တာပေါ့.
ကိုယ့်ဦးတည်ရာပန်းတိုင် ...
မယိမ်းမယိုင် မပြိုလဲဘဲ ...
ကြံ့ကြံ့ခံစွာဆက်လျှောက်ရမှာပေါ့ ...
စိတ်ကြံ့ခိုင်မှုအားနဲ့ ' Background noise ' တွေကို ...
မကြားအောင်နေရင်း ... တွန်းဖယ်ရင်း ...
ရှေ့သို့ရွေ့ကြမယ်လေ ...
ဦးတည်ချက်မပျောက် လမ်းခရီးမထောက်ဘဲ ...
ကိုယ့်ရည်မှန်းရာပန်းတိုင်ဆီ လှမ်းလို့ချီကြရအောင်လေနော်.