' အချိန် ' ဟာ အကောင်းဆုံး အမှန်တရားပြောနိုင်တယ်ဆိုပေသိ ...
အချိန်ပေါ်လိုက် အမျိုးမျိုးပြောင်းလဲတတ်ကြ ...
သေချာပြန်ဆန်းစစ်တော့ ...
' စိတ် ' ဟာ အဓိကမလား ...
သူ့ ' စိတ် ' ဆိုတာ ကိုယ်ဘယ်လောက်ထိ ယုံကြည်အားကိုးလို့ရတဲ့အရာလဲ ?
ကိုယ့်အတွက် သူပြုပြင်ပြောင်းလဲပေးတယ်ဆို ...
သူ့အတ္တထက် ကိုယ့်ကို ပိုချစ်လို့ပေါ့ ...
သူပြောင်းလဲမှုတွေ တန်ဖိုးထား ကိုယ်ကြည်နူးချမ်းမြေ့ရမှာမလား ...
ဒါပေမယ့် ...
ယုံကြည်ပါ အတိုင်းအတာတစ်ခုထိ ...
ယုံကြည်ချက်ထားပြီး တစ်သက်လုံး ကိုယ်ဖြစ်ချင်သလို သူနေမယ်လို့ မျှော်လင့်ချက်လေးတွေ မထားသင့်ဘူးပေါ့နော် ...
မျှော်လင့်ချက် ကြေမွသွားမှုနောက်ဆက်တွဲက ...
ပေါက်ကွဲမှု ပြင်းထန်တတ်တယ်မလား ...
' စိတ် ' တွေဟာ ပြောင်းလဲတတ် သူ့စိတ် ကိုယ့်စိတ်မလား ...
ပြောင်းလဲတတ်တဲ့သဘောတရားနှလုံးသွင်းရင်း ...
မျှော်လင့်ချက်တွေ များကြီးမထားရင်း ...
သူကိုယ့်အတွက် ပြောင်းလဲပေးနေတဲ့ အချိန်တွေကိုတန်ဖိုးထားရင်း ...
တကယ်လို့များ ...
သူစိတ်ပြောင်းလို့ အရင်ပုံ သို့မဟုတ် နောက်ပုံစံတစ်ခုပြောင်းသွားရင် ...
နားလည်ခွင့်လွှတ်မှု နဲ့ သူစိတ်ချမ်းသာရာ သူသွားပါစေ ...
ဘယ်လိုဖြစ်ဖြစ် ... ကိုယ့်အတွက်ဆိုပြီး သူ့အတ္တကိုသူမြေမြှုပ် ကိုယ့်အတွက် လူသစ်အဖြစ်မွေးဖွားပေးခဲ့တဲ့ အချိန်တစ်ခုရှိဖူးတယ်လေ.
တစ်ချိန် သူ ကိုယ်အနားမရှိတော့ရင်တောင် သူကောင်းတာလေးတွေတွေး ကမ္ဘကြီးရဲ့တစ်နေရာမှာ သူရှိချင်တဲ့သူတွေနဲ့အတူရှိပြီး သူပျော်ရွှင်ပါစေ ဆုတောင်းရင်း ...
အချစ်ဆိုတာ ကိုယ့်ရှေ့က ကော်ဖီခွက် ... တီးခွက်တွေလိုဘဲ ဘဝမှာ အချစ်တွေအများကြီးတွေ့နိုင်တယ်.
ခွက်တိုင်းဆီမှာ မတူညီတဲ့ ရသ နဲ့ အရောင်တွေရှိသလို ...
လူတိုင်းဆီမှာ မတူညီတဲ့ ချစ်ခြင်းပုံသဏ္ဍန်တွေ နဲ့ ကာရိုက်တာတွေရှိတယ်.
လက်ထပ်ခြင်းဆိုတာ ... ကိုယ့်ရှေ့ရှိတဲ့ ကော်ဖီခွက် ... တီးခွက်တွေထဲက ... အရသာကိုတစ်ခွက်ချင်းစီမြည်းပြီး အကြိုက်ဆုံးအရသာ ခွက်ကို လက်ကမချ ဖြစ်မိသလို ... အချစ်တွေအများကြီးထဲကမှ ကိုယ့်အကြိုက်ဆုံးတစ်ယောက်ကို လက်ထပ်ကြတယ်ပေါ့.
ခိုင်မြဲတဲ့ relationship ဆိုတာ ... ကိုယ့်လက်ထဲက ကော်ဖီခွက်လိုဘဲ ... ကိုယ်ရွေးချယ်လိုက်တဲ့ ကော်ဖီ or တီးရဲ့အရသာကို နေ့စဉ်ရိုးမသွားသလို ...
ကိုယ်ရွေးချယ်လိုက်သူ နဲ့ ဘဝတစ်လျှောက်လုံး သေတစ်ပန်သက်တစ်ဆုံး မပြောင်းမလဲ ချစ်ခြင်းမေတ္တာပေးနိုင်ခြင်းပေါ့ ( ခုခေတ်မှာတော့ သိပ်ရှားသွားပြီ )
တစ်ယောက်တည်း နေဖြစ်ခြင်းဆိုတာ ကိုယ့်ရှေ့က ကော်ဖီခွက် ... တီးခွက်တွေကို ကြည့်ပြီး ဘယ် ကော်ဖီ or တီးခွက်ကိုမှ မရွေးချယ်ခြင်းပေါ့.
ကော်ဖီ or တီး များများသောက်ရင် ရင်တုန်တတ်တယ်.
ရင်မတုန်ချင်ရင် ဘာကိုမှ မရွေးချယ် ...
တစ်ယောက်တည်းနေကြတယ်ပေါ့.
နှစ်ယောက်နေနေ ...
တစ်ယောက်တည်းနေနေ ...
အဓိက စိတ်အေးချမ်းဖို့လေ ...
အကောင်းဆုံးသော လက်ဆောင်ထဲက တစ်ခုက ' အချိန် ' တဲ့ ...
ကိုယ့်ရဲ့ ရှင်သန်နေရတဲ့ နေ့ရက်တွေမှာ ...
အချိန်တိုင်းက တန်ဖိုးရှိတယ် မဟုတ်လား ...
ဥပမာ ... လူတစ်ယောက်က တစ်လဘဲအသက်ရှင်တော့မယ်ဆိုပါတော့ ...
နေ့ရက်တိုင်းရဲ့ စက္ကန့်တိုင်းက သူ့အတွက်အဖိုးတန်တယ်.
ဘယ်နေ့သေရမယ် မသိတဲ့ဘဝမှာ ...
ကိုယ်ဟာ သူတစ်ပါးဆီက သူအသက်ရှင်ခွင့်ရတဲ့နေ့ရက်တိုင်းရဲ့ အချိန်တွေကို ရရှိနေတယ်ဆို တန်ဖိုးထားရမှာပေါ့ ...
သူ့ဆီက ' လက်ဆောင် ' ဟာ ...
စိန်တွေ ရွှေတွေ တန်ဖိုးကြီးလက်ဆောင်မှ အဖိုးတန်လို့ သတ်မှတ်မယ်လား ?
မသတ်မှတ်ပါနဲ့ ...
တကယ့်အဖိုးတန်လက်ဆောင်ဆိုတာ သူကိုယ့်ကိုပေးနေတဲ့ သူရှင်သန်နေတဲ့နေ့ရက်တွေထဲက ' အချိန် ' တွေပါ ...
ကိုယ်ချစ်ခင်ရသူတွေကို အချိန်ပေးပါ ...
တစ်နေ့ ကိုယ့်အနားသူတို့မရှိတော့ရင် ...
သူတို့အတွက် ကိုယ်မပေးခဲ့တဲ့အချိန်တွေအတွက် ...
နောင်တရရမှာစိုးလို့ပါ.
ကိုယ့်ကို ' အချိန် ' ပေးသူတစ်ဦးချင်းစီ အယောက်စိတိုင်းရဲ့ အချိန်တွေကို မြတ်နိုးတန်ဖိုးထားရမှာပေါ့ ...
သူတို့ရှင်သန်ခွင့်ရနေ့ရက်တွေထဲက အချိန်ဆိုတာ သူတို့ရှင်သန်မှု ကိုယ့်ကိုပေးနေတာပေါ့.
သူပေးတဲ့ ' အချိန် ' လက်ဆောင်လေးတွေတန်ဖိုးထားရင်း နေ့ရက်တိုင်းအေးချမ်းပျော်ရွှင်ပါစေ.