Childhood Life

k017(38)
Published in
#life
Words
180
Reading
1 min
Listen
Play
9y

ငယ်ငယ်က လိုချင်တာဝယ် ရနေတာက ဘဝရဲ့ ပျော်ရွှင်မှု ...
ခုတော့ ... တတ်နိုင်သမျှလေး လှူနေရတာက ဘဝဖြစ်လာတယ်.

အလှူကြီးဆိုတာ လှူတဲ့ငွေပမာဏ သိန်း သောင်းချီ လှူမှတဲ့လား ?
ဟင့်အင်း ... အလှူကြီးဆိုတာ ကိုယ့်ရဲ့စေတနာသုံးတန်ပြတ်သားမှုစွမ်းအား နဲ့ လှူချင်တဲ့စိတ်ထက်သန်မှုသဒ္ဒါတရား အားကောင်းမှု ...

အလှူငွေကျပ် တစ်ထောင်လှူလှူ တစ်သောင်းလှူလှူ ...
စိတ်စေတနာသုံးတန်ပြတ် ... သဒ္ဒါစိတ်ထက်သန်ရင် ...
အလှူလေးကို ကျေနပ်ပီတိဖြစ် ...
စဉ်းစားလိုက်တိုင်း ကြည်နူးရရင် ...
ဒီဘဝအတွက် ...
သံသရာအတွက် ကောင်းကျိုးချမ်းသာပါဘဲ.

စိတ်သဒ္ဒါထက်သန်သော်လည်း ကိုယ့်မှာ မရှိလို့ ... ငွေပမာဏနည်းလို့ မလှူရင် ... မလှူဖြစ်ရုံဘဲရှိမယ်လေ.
တစ်ခြားမကြည့်နဲ့ ဖေ့ဘွတ်မှာကြည့် ...
တစ်နေ့ကို နာရေးသတင်းတစ်ခုအနည်းဆုံးရှိတယ် ...
ကမ္ဘာအရပ်ရပ်မှာ လူတွေ တစ်နေ့တစ်နေ့ သေကြ မွေးကြ ...
ကိုယ့်သေနေ့ကိုယ်မသိပြီး သေရင်ဘယ်ဘဝရောက်မယ်မသိလို့ ...
ရှင်သန်နေစဉ်မှာ ... သံသရာအတွက်ရိက္ခာ ကိုယ်တတ်နိုင်တဲ့ သဒ္ဒါရိက္ခာလေး သယ်ကြမယ်လေ ...

ငွေကြေးဆိုတာ သတ်မှတ်ချက်ပါ ...
ပိုက်ဆံမရှိတောင် လှူချင်လွန်းလို့ ဆံပင်ဖြတ်ရောင်းလှူကြတယ်မလား ...
ဘယ်လောက်သာဓုခေါ်ဖို့ကောင်းသလဲ ...

ငါ့အလှူလေး ကသေးသေးလေး ...
ပိုက်ဆံမတတ်နိုင်ဘူး ...
ဒီပမာဏလေးလှူရင် လူတွေကဲ့ရဲ့မလား
မတွေးသင့်ဘူး ... မစဉ်းစားသင့်ဘူး ...
ကိုယ့်စိတ်စေတနာသဒ္ဒါတရားနဲ့ လှူနိုင်သလောက်လေးလှူ ကုသိုလ်ရဖို့အရေးကြီးသလား ?
ချီးမွမ်း ၇ ရက် ကဲ့ရဲ့ ၇ ရက် ပတ်ဝန်းကျင်ကအရေးကြီးသလား ?

သေရင် ချီးမွမ်း ၇ ရက် ကဲ့ရဲ့ ၇ ရက် ပတ်ဝန်းကျင်မပြောနဲ့ ...
ကိုယ့်ကို သေလောက်ရူးလောက်အောင်ချစ်လှပါတယ်ဆိုသူတွေတောင် ကိုယ့်နောက်လိုက်မသေနိုင်ကြဘူးလေ.

ကိုယ်ပြုနေတဲ့ အလုပ် ...
ကိုယ်ဖြစ်နေတဲ့စိတ်ပေါ် အာရုံထား ...
ကိုယ့်ဘဝအတွက် ... သံသရာအတွက် ...
' ရိက္ခာ ' ဆိုတာ ကိုယ်မှမပြုလုပ်ရင် ...
ရိက္ခာမဲ့ သံသရာကျင်လည်ရမယ့်ဘဝတွေ ... ပန်းခင်းလမ်းထက် ခရောင်းလမ်းတွေ ပိုများနိုင်တယ်မလား ...

လှူချင်စိတ် သဒ္ဒါတရားရယ် ...
စေတနာသုံးတန်ပြတ်နိုင်မှုရယ် ...
အလှူအတွက် ပြန်စဉ်းစားတိုင် ကြည်နူးချမ်းသာဖြစ်ရမှုက အဓိကပါ ...

တစ်ကျပ်လှူလှူ နှစ်ကျပ်လှူလှူ ...
ပတ်ဝန်းကျင်တစ်ခုအတွက် ...
ပြောကြမယ့်စကားလုံးတွေအတွက် ...
ကြည့်ကြမယ့်မျက်လုံးတွေအတွက် ...
ကိုယ့်အလှူကို မတွန့်ဆုတ်သင့်ဘူးပေါ့နော် ...
ကိုယ့်သံသရာမှာ ပတ်ဝန်းကျင်က လိုက်ပါမှာမှ မဟုတ်တာ.

လှူမယ်မလားဟင် ?
ဘယ်လောက်ပမာဏဖြစ်ဖြစ် ...
ဘယ်အရာကိုလှူတာဖြစ်ဖြစ် ...
လှူချင်တာလေးလှူ ...
လှူပြီးတိုင်းကြည်နူး ...
ကိုယ့်ဘဝသံသရာအတွက် ကောင်းကျိုးချမ်းသာ ရိက္ခာတွေစု ရှင်သန်နေထိုင်ကြရအောင်လေနော်
image

Childhood Life | Ecency