အကွက်​​လေး​တွေလှတယ်​ဆိုလို့

Words
436
Reading
2 min
Listen
Play
8y

ဒီ Post ကိုပြီး​အောင်​ဖတ်​​ပေးပါလို့
တိုက်​တွန်းချင်​တယ်​ ။ အကွက်​​လေး​တွေလှလို့ ...

လူထု့​ခေါင်း​ဆောင်​ရဲ့ ဦး​နှောက်
လက်​ဖျားခါ​လောက်​တယ်​...
image
Credit:photo


စေ့​စေ့​တွေး ​ရေး​ရေး​ပေါ်တာမဟုတ်​ဘူး
အကွင်းလိုက်​ အကွက်​လိုက်​ကို​ပေါ်လာတာ ...

ဒီလိုဗျ ...

အင်းဒင်​ရွာလူသတ်​မှု့​နောက်​လိုက်​ပြီး​ဖော်​ထုတ်​တဲ့
သတင်း​ထောက်​နှစ်​​ယောက်​ကို
အစာ​ထောင်​ပြီးဖမ်းတယ်​...

ပြီး​တော့ ...
နိုင်​ငံ​တော်​လှို့ဝှက်​ချက်​အက်​ဥပ​ဒေနဲ့
စွဲချက်​တင်​တယ်​ ။ ဒီ​နေရာ​လေးရပ်​င်္ပြးခဏစဉ်းစား....

လူအစုလိုက်​အပြုံလိုက်​သတ်​တဲ့ကိစ္စကို
ဖုံးကွယ်​ထားသလိုနဲ့ သတင်းအနံ့ထွက်​​အောင်
လုပ်​​ပေးလိုက်​တယ်​ ။ ဒီသတင်းအနံ့ကို ရိုတ်​တာ
သတင်း​ထောက်​နှစ်​​ယောက်​က လိုက်​တယ်​ ။
ထက်​ " ဟ " ​ပေးလိုက်​တယ်​ ...

ဘယ်​က​နေဒီသတင်း​တွေသူတို့ရတာလဲဆိုတာ
ပိုပြီးခိုင်​လုံသွား​အောင်​ အဲ့ဒိမှာတာဝန်​ကျ​ခဲ့​သော
ရဲအရာရှိနဲ့ ရဲတပ်​ကြပ်​ကြီးတစ်​ဦးဆီကရသလိုနဲ့
သေချာ​အောင်​ထက်​မံပြီး ထိုး​ကျွေးလိုက်​တယ်​ ...

ထက်​​ပြောမယ်​​နော်​ ...
လူ ၁၁ ​ယောက်​ကို သတ်​တဲ့အမှု့ကို
နိုင်​ငံ​တော်​လှို့ဝှက်​ချက်​​ပေါက်​ကြားသလိုပုံစံမျိုး
ဖြစ်​​အောင်​ ပုဒ်​မတပ်​ပြီးဆွဲတင်​ ​ထောင်​ချလိုက်​တယ်​ ။

ကောင်းပြီ ...
အဲ့ဒိပုဒ်​မနဲ့ဆွဲတင်​​ထောင်​ချဘို့က
နိုင်​ငံ​တော်​ရဲ့သမ္မတကိုယ်​တိုင်​ခွင့်​ပြုမှရမယ်​ ။
တနည်းအားဖြစ်​ နိုင်​ငံ​တော်​သမ္မတလက်​မှတ်​ထိုးမှ
ဒီပုဒ်​မနဲ့ဆွဲချက်​တင်​ ​ထောင်​ချလို့ရမှာ ....

ဆို​တော့
အ​ဖြေက နဲနဲ​ပေါ်သလိုလိုဖြစ်​လာပြီ ...

လူ ၁၁ ​ယောက်​ကို သတ်​တဲ့အမူ့က
ဘာလို့နိုင်​ငံ​တော်​လှို့ဝှက်​ချက်​ဖြစ်​​နေရတာလဲ ... ?

လူသတ်​မှု့ဆိုတာ တစ်​​ယောက်​ကိုဘဲ သတ်​သတ်
၁၁ ​ယောက်​ကိုဘဲသတ်​သတ်​ ဘာ​ကြောင့်​နိုင်​ငံ​တော်
လှို့ဝှက်​ချက်​​ပေါက်​ကြား​စေမှု့ဆိုတဲ့​ခေါင်းစဉ်​​အောက်
ကို ​ရောက်​သွားရတာလဲ ။ အဲ့ဒိလို​ရောက်​ဘို့အတွက်
ပို​သေချာ​အောင်​ တစ်​ခြားစာရွက်​စာတမ်း ( ရဲကင်း
တွေ ၊ နယ်​စပ်​လုံခြုံ​ရေးကင်းစခန်း​တွေရဲ့တည်​​ဆောက်
ပုံနဲ့လုံခြုံ ရေးလှို့ဝှက်​​မြေပုံ​တွေပါ ပါတယ်​ဆိုပြီးထက်
မံအားဖြည့်​ထား​သေးတယ်​ ) ​ထည့်သွင်းလိုက်​တယ်​ ....

ပြီး​တော့ ဒီသတင်းကမ္ဘာကို ပျံ့သွားတယ်​ ...
ဘယ်​လိုပုံစံနဲ့ပျံ့လဲဆိုရင်​အ​ပေါ်မှာကျ​နော်​တင်​ပြ
သလို လက်​ရှိအစိုးရပါ လူ ၁၁ ​ယောက်​ကိုသတ်​တဲ့
အမူ့မှာပူး​ပေါင်းပါဝင်​ခဲ့တဲ့ပုံစံနဲ့ဖြန့်​တာ ။ ဘာလို့ဒီလို
ပြောနိုင်​တာလဲဆိုရင်​ ဒီပုဒ်​မက နိုင်​ငံ​တော်​သမ္မတအ
ဆင့်​မှ လက်​မှတ်​ထိုးခွင့်​ပြုမှ ဆွဲချက်​တင်​ ​ထောင်​ချ
လို့ရမှာ​လေ .... ရှင်းပြီလားခင်​ဗျာ

အဲ့ဒိ​တော့ကမ္ဘာက ဘယ်​လိုမြင်​မလဲ ?

DASSK တို့အစိုးရအဖွဲ့လဲ ဒီပုတ်​ထဲက ဒီပဲပါဘဲ ...
ဘင်္ဂလီ​တွေ အစုလိုက်​အပြုံလိုက်​သတ်​တဲ့ကိစ္စကို
လက်​နတ်​ကိုင်​အဖွဲ့အစည်း​တွေနဲ့​ပေါင်းပြီးကျုးလွန်
လိုက်​တာဘဲ ၊ သူတို့လဲ ဒီလိုလူမဆန်​တဲ့လုပ်​ရပ်​မျိုး
ကိုအလိုတူအလိုပါ ပါ ဆိုတဲ့ပုံရိပ်​မ​ပေါ် ​ပေါ်​အောင်
ကမ္ဘာကိုချပြလိုက်​တဲ့သ​ဘော​ပေါ့ ခင်​ဗျာ ...

နောက်​တစ်​ကွက်​ထက်​လှပြန်​​သေးတာက
ဒီကိစ္စမှာ ပါဝင်​ပက်​သက်​​နေတဲ့ တပ်​မ​တော်
အရာရှိ​တွေနဲ့တကွ အကြပ်​တပ်​သားတစ်​ချို့
ကိုတပ်​မ​တော်​က ပြတ်​ပြတ်​သားသား အ​ရေး
ယူပြတယ်​ ။ ​ထောင်​ ၁၀ နှစ်​​တွေဘာ​တွေ ဖမ်း
ချပလိုက်​တယ်​ ။ အဲ့ဒိလို လုပ်​လိုက်​ချင်းအား
ဖြစ်​ တပ်​မ​တော်​သည်​ ဥပ​ဒေကိုလိုက်​နာပြီး
တပ်​ချုပ်​ကြီးသည်​ ဥပ​ဒေကျုးလွန်​တဲ့ မည်​သည့်
တပ်​မ​တော်​သားကိုမှ ခွင့်​လွှတ်​​ပေးသူမဟုတ်​ဘူး
ဆိုတဲ့ပုံရိပ်​နဲ့တကွ တပ်​ချုပ်​က အလိုလို စင်​​ပေါ်
ရောက်​သွားမယ်​ ။ သူကအလွတ်​ကင်းကြီး ဖြစ်​သွားပြီ ...

ပိုပြီးပီပြင်​သွား​အောင်​ သတင်း​ထောက်​နှစ်​​ယောက်
ကို​ထောင်​မချခင်​လေးမှာ တပ်​ချုပ်​က ရခိုင်​အ​ရေးကို
တပ်​မ​တော်​မှ ဂျီနီဗာစည်းမျဉ်းစည်းကမ်းနဲ့အညီ ​ဆောင်
ရွက်​ခဲ့တာပါ ။ တပ်​မ​တော်​ကို အသုံးမချပါနဲ့ ဆိုတဲ့ မိန့်
ခွန်းကို မီဒီယာ​တွေကတစ်​ဆင့်​ ကမ္ဘာကို ပျံ့​စေတယ်​ 
ဟဲ ဟဲ ဟဲ ။ အဲ့ဒိ​တော့ ငါတို့တပ်​ချုပ်​ကြီးကွ ​ပေါ့ ...

ဟိုမှာ​တော့ သမ္မတလက်​မှတ်​ကြီးနဲ့အတူ
လက်​ရှိအစိုးရအဖွဲ့က လူသတ်​မှု့ကိုလှို့ဝှက်​ချက်
လိုသ​ဘောထားပြီး အလိုတူအလိုပါ ကျုးလွန်​တယ်
ပေါ့ ။ ဒီအမူ့ကို​ဖော်​ထုတ်​တဲ့ သတင်း​ထောက်​နှစ်​​ယောက်
ကို ​ထောင်​ ၁၄ နှစ်​​တောင်​ချပလိုက်​တယ်​​ပေါ့...

အကွက်​​တေကစွန်းလှတယ်​​နော်​ ။ မပြီး​သေးဘူး ..
ထက်​ပြီးထွက်​​ပေါက်​ပိတ်​ထားတာ ရှိ​သေးတယ်​ ။

သတင်း​ထောက်​နှစ်​​ယောက်​ဘက်​က
အရိုးကိုက်​ငစနူ ငပိန်းတစ်​ချို့လွဲ ပြီး
ဘာ​ကြောင့်​ ပြန်​၀န်​ပြုတ်​လို အဆင့်​မြင့်
အတိုက်​အခံအဖွဲ့​တွေက အတင်းနင်းရပ်​တည်​တာလဲ...

ဒါ နိုင်​ငံ​တော်​လှို့ဝှက်​ချက်​​ပေါက်​ကြားမူ့ကြီး​လေ ...
သူတို့ခဏ ခဏ ​ပြောတဲ့ နိုင်​ငံ​တော်​သစ္စာ​ဖောက်
မှု့ကြီး​လေ ။ အဲ့ဒိသစ္စာ​ဖောက်​​တွေဘက်​မှ ဘာလို့
သူတို့အဖွဲ့​တွေ အတင်းနင်း ရပ်​တည်​​နေကြတာ လဲ ...

ရှင်းရှင်း​လေးပါ ...
သတင်း​ထောက်​နှစ်​​ယောက်​ကိုလွှတ်​ရင်
အစိုးရအဖွဲ့က လူသတ်​မှု့ပိုက်​​ဘောကြီးနဲ့
သိက္ခာကျပြီးကျန်​ခဲ့လိမ့်​မယ်​ ။ သတင်း​ထောက်
တွေကို​ထောင်​ချရင်​ ပြည်​တွင်းပြည်​ပ မီဒီယာ​တွေ
နဲ့ အစိုးရကို ရန်​တိုက်​​ပေးပြီးသား ဖြစ်​သွားမယ်​ ။
အဲ့ဒိလိုဖြစ်​ဘို့အတွက်​ သတင်းသမားနှစ်​​ယောက်
ကလဲ အပြစ်​ကင်း​သူ​တွေ ၊ လုပ်​ကြံပြီး မတရား​ထောင်
ချခံရသူ​တွေအဖြစ်​ ပုံ​ပေါ်​စေရမယ်​ ။ လက်​ရှိအစိုးရ
သည်​ သတင်းသမား​တွေကို လုပ်​ကြံ​ထောင်​ချတတ်
သော လူမဆန်​​သော အစိုးရအဖွဲ့ဖြစ်​သည်​ ​ပေါ့ ....

ဟုတ်​ပြီ​နော်​ ...
ဒါ​ပေမဲ့ လက်​ရှိအစိုးရအဖွဲ့မှာ ကံ​ကောင်းသွား​စေတဲ့
အကြီးဆုံးအချက်​က သတင်းသမား​တွေကို တရား
စွဲတင်​ဘို့အတွက်​ နိုင်​ငံ​တော်​သမ္မတမှ လက်​မှတ်​ထိုး
ပေးရမယ်​ဆိုတဲ့ကိစ္စကြီးကို ဖြတ်​သန်းရမှာရှိတယ်​ ။

ဒါ​ပေမဲ့ ...
အဲ့ဒိအချိန်​သမ္မတအဖြစ်​တာဝန်​ထမ်း​ဆောင်​​နေတဲ့
ဦးထင်​​ကျော်​က လုံးဝမထိုး​ပေးခဲ့ ဘူး ....

ဒါ​ကြောင့်​အမူ့က သူတို့လိုချင်​တဲ့ပုဒ်​မဖြစ်​​စေမဲ့
နိုင်​ငံ​တော်​လှို့ဝှက်​ချက်​​ပေါက်​ကြား​စေမူ့ပုဒ်​မ
တပ်​လို့မရဘဲ တိုးလို့တန်းလန်းကြီး ဖြစ်​​နေ​ရော ...
ဘာဆက်​လုပ်​လို့ လုပ်​ရမှန်းမသိဘူးဖြစ်​​နေတယ်​ ။

သူတို့တွက်​ထားတာက ပထရက​နေသတင်း​ထောက်
နှစ်​ဦးနဲ့အကျင့်​ပျက်​ရဲတစ်​ချို့ရဲ့သတင်း​ရောင်းစားမှု့
ကြောင့်​ ဒီလိုဒီလို​တွေ​တော့ဖြစ်​ခဲ့ပြီ ဆိုပြီး ဦးထင်​​ကျော်
ကို နားသွင်းလို့လွယ်​လွယ်​လက်​မှတ်​ရမယ်​ ထင်​ခဲ့တာ ။

ဒါ​ပေမဲ့ ...
ဦးထင်​​ကျော်​အ​နောက်​မှာဘယ်​သူရှိလဲ ?
အားလုံးသိတဲ့အတိုင်း လူထု​ခေါင်း​ဆောင်​ ​ပေါ့ ...

သူတို့​ခြေလှမ်း​တွေကိုမြင်​​​နေတဲ့ အသိညဏ်​ကြွယ်​​သော
အမျိုးသမီးကြီးက အသာ​လေး​ခေါင်းခါပြထား​တော့
လိုချင်​တဲ့လက်​မှတ်​က မရဘူး ။ အဲ့ဒိအချိန်​မှာ ဦးထင်
ကျော်​ကို စင်္ကာပူမှာ​ဆေးစစ်​မယ်​ဆိုပြီး ​ရှောင်​ထွက်​သွား
ခိုင်းလိုက်​​တော့ တိုးလို့တန်းလန်းကြီးဖြစ်​​နေတဲ့ ဒီကိစ္စကို
ဦးထင်​​ကျော်​နဲ့မပြီးလဲ သူတို့လူ ဦးမြင့်​​ဆွေနဲ့ပြီးတယ်​ကွာ
ဦးမြင့်​​ဆွေကိုထိုးခိုင်းလိုက်​ဆိုပြီးဖြစ်​လာ​ရော ...

အချုပ်​​ပြောရ ရင်
ယခုဒီပြသနာကြီးက DASSK ရဲ့ကွက်​​ကျော်​မြင်​မူ့
ကြောင့်​ ကိုယ့်​ရှုးကိုယ်​ပြန်​ပက်​တဲ့ပုံစံမျိုးနဲ့ သူတိုလူ
ဦးမြင့်​​ဆွေ လက်​မှတ်​ကားယားကြီးဖြစ်​​နေပြီ ...

ကဲ .... အစိုးရ ဆိုပြီး​ရောမချနဲ့ ၊ ဒါကိုဘယ်​သူခွင့်
ပြုတာလဲ ။ လက်​မှတ်​ထိုးပြီးခွင့်​ပြုတဲ့လူရှင်းပါ
ဆိုရင်​ ဘယ်​သူ့ဘက်​လည်​သွားပြီလဲ ... ဟဲဟဲဟဲ

နောက်​တစ်​ခုက ညဏ်​မဟုတ်​ဘူး .... ကံ
ဦးကိုနီ ကိုလုပ်​ကြံတုန်းက ​သေ​သေချာချာ အပီအပြင်
တွက်​ထား​ပေမဲ့ ကြည်​လင်းကို ကို​နေ၀င်းက အသက်
စွန့်​ပြီးအရှင်​ဖမ်း​ပေးလိုက်​​တော့ အားလုံး​သောက်​တ
လွဲ​တွေဖြစ်​ပြီး တန်းစီ​ပေါ်သွားပါ​လေ​ရော ။ အခုလဲ
သူတို့မထင်​တဲ့​ထောင့်​က အမှန်​တရားမြတ်​နိုးတဲ့
ရဲမှုးတစ်​ဦးမှ ဒီကိစ္စကို​ထောင်​​ချောက်​ဆင်​​စေခိုင်း
သူမှာ ဘယ်​သူပါဆိုပြီး ရုတ်​တရက်​ထ​ဖော်
လိုက်​တဲ့အခါ .....

ဟားဟားဟားဟား ...
ယိ ​တွေဖြစ်​ကုန်​ပါပြီကွာဆိုပြီး
ကိုယ့်​နှဖူးသာ ကိုယ်​ပြန်​ရိုတ်​​ကုန်​ကြ​လေသတည်း ...

ကိုယ်​​တွေလူထု​ခေါင်း​ဆောင်​က
မင်းတို့ညဏ်​​လောက်​ကို သနာဲးတယ်​ ကွာ ... ။

Sua Sponte .

အကွက်​​လေး​တွေလှတယ်​ဆိုလို့ | Ecency