Righteous ……

Words
33
Reading
1 min
Listen
Play
8y

အမှန်ကိုအားပြု

အမှားကိုထောက်ရှု့လို့

တူဖြစ်တုန်း ထုလိုက်ကြတာ

သောသောညံ ဆူညံပွတ်လို့

အထုခံရသူ နလံမထူလေသမျှ

အူတက်အောင် ဟားတိုက်ကြတယ်

မမှားဘူးကြတဲ့လူတစုက

အဟုတ်တကယ် အမှန်တွေချည်းဘဲလို့ 

သူတို့ကိုယ်သူတို့ လုံးလုံးအာမခံရင်း

မှားသူကို ပြစ်တင်ပြောဆိုတော့

တံတွေးခွက် ပက်လက်မြောရင်း

သူ့ ခမျာ ထုသမျှခံရရှာတယ်

အခုဆို ပုတုတုဖြစ်လို့ 

မြေကြီးထဲရောက်တော့မယ် ……

ed68f83c5f7e1eb7b6191e56fdb9c24f.jpg

photo credit to facebook

julia-rain@julia-rain

Righteous …… | Ecency