ခုရက်ပိုင်း ကျွန်တော် စာတွေ ရေးသားခြင်း အနည်းငယ် ပါးသွားပါတယိ။ ဒီလိုကြောင့် အားလုံးကို အားနာရပါတယ်။ တစ်ခါတစ်လေ စာရေးသားဖို့ လုပ်ရာတွင် လမ်းစပျောက်နေတယ်။ ဒီလို နေ့ရွှေ့ ညရွှေ့ရင်း စာရေးဖို့ နောက်ကျသွားပါတယ်။ Post အသစ် မတင်ဖြစ် ပင်မဲ့ HIVE Myanmar မှ တင်သမျှ Post အားလုံးကို Vote ပေးဖြစ်ပါတယ်။
ကျွန်တော်တို့သည် စီးပွားရေး လုပ်ကြသည့် အခါမှာ စိတ်ဖိစီးမှု များစွာ တွေဆုံတက်ရပါတယ်။ ကျွန်တော်ဆိုလျှင် ဒီရက်ပိုင်း အဆင်မပြေမှုတွေ များစွာ ဖြစ်ပေါ် နေပါတယ်။ ဆိုင်မှာ ကူလုပ်ပေးဖို့ ခေါ်ထားသည် သူများ၏ အဆင်မပြေမှုက အဓိက နေရာက ပါဝင်နေပါတယ်။
သူတို့ကို ခေါ်ပြီး ၎င်းတို့ရှာသမျှ ပြသာနာများကို ဖြေရှင်း နေရခြင်းဖြင့် လုပ်ငန်းများ ထပ်မံတိုးချဲ့ရန် မစဥ်းစားနိုင် တော့ပါဘူး။ ခုတော့ အများစု ဖြေရှင်းနိုင်ပြီ ဖြစ်ပါတယ်။
ဘယ်လိုကိစ္စတွေ ဖြစ်ဖြစ် အေးဆေးဖြေရှင်း နိုင်ခဲ့လို့ တော်ပါသေးတယ်။ ကျွန်တော်တို့တွေက နောင်တစ်ချိန် တစ်နေရာရာမှာ ပြန်တွေ့ နိုင်ပါသေးတယ်။
ဒီလို ပြန်တွေ့လျှင် တစ်ဦးကို တစ်ဦး အမှန်းမပါဘဲ ခေါ်ပြော နှုတ်ဆက် ချင်ပါသေးတယ်။
@johndieo
8.6.2022