About two days ago, while I was using the computer, my niece came to me. My niece is about 15 years younger than me. I knew in that look that she had something to worry about.
My niece wants to be a designer when she grows up. Now she is taking a basic course in Fashion Illustration online. She is also studying Korean and English.
She spoke to me in English. Like Korea, I can't speak, so she go to watch Movie, Listening to music and practicing.
She came and showed me pictures every day. "Uncle, are these pictures beautiful?" It doesn't matter what his age is or the pictures she draws. She wants to be a famous designer when she grows up. It is often said that a big store will be opened.
I have no up and down relationship with children. We treat each other as friends. They are no longer afraid of me when I treat them as openly as children and friends. When they are uncomfortable, Difficulties They talk openly about their feelings (children have feelings and stress according to their age)
Sometimes she would come up to me and say, "Uncle, that boy is handsome, that actor is cute, and how the teacher scolded to mer." I give advice based on what she says. It does multiplication.
I also found a color pen that would suit for her and ordered it online. (Our children are only allowed to use the Internet under our surveillance. Telephones are not provided with smart phones.
Only keypad phone is provided. It also explains why. "You do not have to worry about holding a keypad phone. We will be given a phone when you are old enough.You can find what you need on your laptop."
The child understands why we should not use it. As an adult, I would rather just say what I say than do what I say.
I was not at home at the time of delivery. So she took the item and signed it. When I opened the color pen box, I was quite impressed. There is no denying that colorful pictures will come to me the next day.
လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်တော် Computer သုံးနေတုံး ကျွန်တော် တူမလေးရောက်လာခဲ့တယ်။ ကျွန်တော်တူမလေး က ကျွန်တော်ထက် (၁၅) နှစ်ခန့် ငယ်ပါတယ်။ ရောက်လာတယ် ဆိုကတည်းက တစ်ခုခု ပူဆာတော့မယ် ဆိုတာ ကျွန်တော် သိနေပါတယ်။
တူမလေးက သူကြီးလာရင် Designer ဖြစ်ချင်တာတဲ့လေ။ ခုတော့ Fashion Illustration အခြေခံသင်တန်းကို Online ကနေ လေ့လာနေပါတယ်။ ဒါအပင် Korea ဘာသာ နှင့် English ဘာသာတွေကိုလည်း လေ့လာဖြစ်နေတယ်။
ကျွန်တော်နှင့် English လို အပြန်အလှန်ပြောဖြစ်တယ်။ Korea လိုတော့ ကျွန်တော်လည်း မတက်တော့ သူ့ဘာသာ Movie ကြည့်ရင်၊ သီချင်းနားထောင်ရင်း လက်တွေ့လုပ်နေလေရဲ့။
တစ်နေ့တစ်နေ့ ပုံတွေဆွဲပြီး လာလာပြတယ်။ "အန်ကယ်လေးရေ သမီးပုံလေးတွေ လှလားတဲ့" ခဏခဏလာမေးတယ်။ သူ့သက်အရွယ်နှင့် သူဆွဲထားတဲ့ ပုံတွေက မဆိုပါဘူး။ သူကြီးလာရင် နာမည်ကြီး Designer ဖြစ်ချင်တဲ့ အကြောင်း၊ ဆိုင်အကြီးကြီး ဖွင့်မယ်ဆိုတဲ့ အကြောင်းကတော့ ခဏခဏပြောနေပါတယ်။
ကျွန်တော်ကလည်း ကလေးတွေနှင့် အထက်အောက်ဆက်ဆံရေးမျိုး မရှိဘူး။ သူငယ်ချင်းတွေလို ပွင့်ပွင့်လင်းလင်း ဆက်ဆံဖြစ်တယ်။ ကလေးတွေနှင့် သူငယ်ချင်းတွေလို ပွင့်ပွင့်လင်းလင်း ဆက်ဆံချင်းက သူတို့ ကျွန်တော်ကို ကြောက်မနေကြတော့ပါဘူး။ သူတို့အဆင်မပြေမှု ၊ အခက်အခဲတွေ၊ ရင်ထဲက ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောဖြစ်ကြတယ်။( ကလေးတွေမှာ အသက်အရွယ်အလိုက် ခံစားချက်တွေ စိတ်ဖိစီးမှုတွေ ရှိနေကြပါတယ် )
တစ်ခါတစ်လေ ကျွန်တော်ကိုလာပြီးတော့ "အန်ကယ်လေးရေ.... ဟိုကောင်လေးက ချောလိုက်တာ၊ ဟိုမင်းသားလေးက ချစ်စရာလေး၊ ဆရာမက သမီးကို ဘယ်လိုဆူတာ " စသည်ဖြင့် သူမခံစားချက်ကို ရင်လာဖွင့်တယ်ဗျ။ ကျွန်တော်ကလည်း သူပြောဆိုသည့် စကားပေါ်လိုက်၍ အကြံပေးတာ၊ မြှောက်ပေးတာတွေ လုပ်ပေးဖြစ်ပါတယ်။
ဒီနေ့တော့ သူရောက်လာပြီး "အန်ကယ်လေးရေ သမီးရဲ့ ပုံစွဲဖို့ Color Pen တွေ ကုန်ပြီးတဲ့၊ အသစ်လေးထပ်ဝယ်ပေးပါအုံးတဲ့”။ ကျွန်တော်ကလည်း "အေးပါ.... အန်ကယ်လေး Online ကနေဘဲ မှာပေးမယ်နော်။ ဆိုင်ကိုတော့ အလုပ်မအား မသွားဖြစ်ဘူး။ ပစ္စည်းလာပို့လို့ အန်ကယ်လေး မရှိရင် သမီးဘဲ ဆင်ယူထားလိုက်" လို့ ပြန်ပြောခဲ့တယ်။
ကျွန်တော်လည်း သူနှင့် အဆင်ပြေမည့် Color Pen လေးတွေရှာပြီး Online ကနေ မှာထားဖြစ်တယ်။ (ကျွန်တော်တို့ ကလေးတွေကို ကျွန်တော်တို့ စောင့်ကြည့်မှုအောက်ကနေသာ Internet သုံးခိုင်းထားပါတယ်။ Telephone ကိုလည်း Smart Phone ပေးမသုံးထားပါဘူး။
Keypad ဖုန်းသာ ပေးသုံးထားပါတယ်။ ဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတာကိုလည်း နားလည်အောင် ပြောပြထားပါတယ်။ "Keypad phone ကိုင်ရလို့ စိတ်ညစ်စရာမလိုကြောင်း၊ အသက်အရွယ်တစ်ခုရောက်လာခဲ့လျှင် ဖုန်းပေးသုံးမှာ ဖြစ်ကြောင်း၊ လိုအပ်တာတွေကို Laptop ကနေသာ ရှာဖို့" ပြောပြထားပါတယ်။
ကလေးကလည်း ကျွန်တော်တို့ ဘာကြောင့် ပေးမသုံး ရလည်းဆိုတာကို နားလည်ပါတယ်။ ငါက လူကြီးဖြစ်နေလို့ ငါပြောတဲ့ အတိုင်းလုက်ရမယ်ဆိုတာထက် အကျိုးအကြောင်းကိုသာ ပြောပြဖြစ်ပါတယ်။
ပစ္စည်းလာပို့ချိန်မှာတော့ ကျွန်တော် အိမ်မှာရှိမနေပါဘူး။ ဒါကြောင့် သူမဘာသာ ပစ္စည်းယူပြီး လက်မှတ်ထိုးလိုက်တယ်။ Color pen box ကို ဖွင့်ကြည့်တော့ အတော်လေးသဘောကျနေလေရဲ့။ နောက်နေ့မှာ ကျွန်တော်ဆီကို ရောင်စုံပုံတွေ ရောက်လာတော့မယ်ဆိုတာတော့ ငြင်းမရတော့ပါဘူး။
@johndieo
26.1.2022