Hello to all HIVE members. HIVE members are likely to be upset by the drop in crypto prices. Somedays I did not see even post like the past. They are not getting as much money as before to vote. I think everyone is upset.
In this case, I'm doing what I have to do on a regular basis. Since I write letters as a hobby. So price (going up / down) does not hurt me much.
I also do not want to discourage HIVE users. The concept of price fluctuates. We can't do like ,these price is up we are happen and these price is down we are upset. We should pass with confidence what happen in price.
No matter what happens, we have to do what we have to do. I took a break from work yesterday , Sunday. So I got out of bed at about 8:30 in the morning. When I woke up, I could not make breakfast because of the power outage.
My family also went to visit my relatives, so I did what I wanted to do alone at home. I sat on Facebook until the electricity came on. In fact, I'm quite addicted to social. Videos posted on Facebook make me more addicted. I think I will have to make some time restrictions soon.
When the electricity came on, I started my breakfast too. When I get out of bed late, I do not go shopping. My parents did not leave anything at home for breakfast.
I'm here too and have breakfast. When I opened the refrigerator, I saw eggs, Butter and Lettuce. There is bread outside.
At this point, I can make a good breakfast.
First I fry the egg. While the egg is frying, slice the onion. When the eggs are fried, I put a lettuce leaf on the bread. Then add sliced onion. On top of the onions, add fried eggs. Then add a little butter.
So I got my breakfast. When I'm bored, I make my own breakfast as if there are not parents at home. Not bad, it tastes good. Do you make your own breakfast ? Q: What about your breakfast?
( Burmese Version)
HIVE အဖွဲ့သားတွေ အားလုံး မင်္ဂလာပါ။ Crypto ဈေးတွေကျနေတော့ HIVE အဖွဲ့သားတွေလည်း စိတ်ညစ်နေကြမယ် ထင်ပါတယ်။ ဒီရက်ပိုင်း တစ်ချို့ဆို Post တွေ တင်တာတောင် မတင်ဖြစ်တော့ဘူး။ Vote ပေးရာမှာလည်း အရင်လောက် $ မရကြတော့ပါဘူး။ အားလုံး စိတ်ညစ်နေကြမယ် ထင်ပါတယ်။
ဒီအခြေအနေမှာ ကျွန်တော်ကတော့ ကျွန်တော် လုပ်စရာရှိတာတွေကို ပုံမှန်လုပ်ဆောင် ဖြစ်ပါတယ်။ ကျွန်တော်က ဝါသနာအရ စာတွေရေးဖြစ်တာ ဆိုတော့ ဈေးတက်တာ/ ဈေးကျတာက ကျွန်တော်အတွက် သိပ်ပြီးမထိခိုက် နိုင်ပါဘူး။
HIVE User တွေလည်း စိတ်ဓာတ် မကျစေချင်ပါဘူး။ ဈေးနှုန်း၏ သဘောတရား အရ အတက်/အကျ ရှိပါတယ်။ Crypto ဈေးတက်ရင် ပျော်ပြီး ဈေးကျလျှင် စိတ်ညစ်နေလို့ ဘယ်ဖြစ်မလဲ။ဘယ်ကိစ္စဘဲ ဖြစ်နေပါစေ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ် ကျော်လွှားကြရမှာ ဖြစ်ပါတယ်။
ဘယ်လိုကိစ္စတွေဘဲ ဖြစ်နေပါစေ ကျွန်တော်တို့ လုပ်စရာရှိတာ ကို လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ မနေ့က Sunday မှာ အလုပ်နားပါတယ် ခင်ဗျ။ ဒီတော့ ကျွန်တော်လည်း မနက် ၈:၃၀ လောက်မှ အိပ်ယာထပါတယ်။ ကျွန်တော် အိပ်ယာနိုးတော့ လျှပ်စစ်မီးပျက်နေသော ကြောင့် မနက်စာလုပ်လို့မရပါဘူး။
ကျွန်တော် အိမ်သားတွေကလည်း အမျိုးတွေဆီ သွားတယ်ဆိုတော့ အိမ်မှာ ကျွန်တော် တစ်ယောက်တည်း လုပ်ချင်တာ လုပ်ပါတော့တယ်။ လျှပ်စစ်မီး မလာမချင်း ကျွန်တော်လည် Facebook ထိုင်သုံးနေလိုက်တယ်။ အမှန်ဆို ကျွန်တော် Social ပေါ်မှာ အတော်လေး စွဲလမ်းနေပါတယ်။ Facebook မှာ တင်ထားတဲ့ Video တွေက ကျွန်တော်ကို ပိုမို စွဲလမ်းစေပါတယ်။ မကြာခင်မှာ ကျွန်တော်လည်း အချိန်ကန့်သတ်ချက်တွေ လုပ်ရတော့မယ် ထင်ပါတယ။
လျှပ်စစ်မီးလာတော့ ကျွန်တော်လည်း ကျွန်တော်ရဲ့ မနက်စာကို စလုပ်ပါတော့တယ်။ အိပ်ယာထ နောက်ကျတော့ ကျွန်တော် ဈေးမသွားဖြစ်ဘူး။ အိမ်က လူတွေကလည်း ဘာမှ မချန်ထားဘူးခင်ဗျ။
ကျွန်တော်လည်း ရှိတာလေနှင့် မနက်စာလေးကို လုက်ဖြစ်ပါတယ်။ ကျွန်တော် ရေခဲသေတ္တာကို ဖွင့်ကြည့်တော့ ကြက်ဥ၊ ထောပတ်၊ အရွက် တွေ တွေ့ပါတယ်။ အပြင်မှာတော့ ပေါင်မုန့် ရှိနေပါတယ်။
ဒီလောက်ဆိုရင် ကျွန်တော် မနက်စာ ကောင်းကောင်း လုပ်လို့ ရပါတယ်။
ပထမဦးစွာ ကျွန်တော် ကြက်ဥ ကိုကြော်ပါတယ်။ ကြက်ဥကြော်နေတုံး ကြက်သွန်နီကို လှီးထားပါတယ်။ ကြက်ဥကြော် ရတော့ ပေါင်မုန့်ပေါ်တွင် ဆလတ်ရွက်လေးတင်တယ်။ ပြီးတော့ လှီးထားပြီးသား ကြက်သွနီထည့်ပါတယ်။ ကြက်သွန်နီ ပေါ်မှာတော့ ကြက်ဥကြော် ထည့်တယ်။ ပြီးတော့ ထောပတ်လေး နည်းနည်းထည့်လိုက်ပါတယ်။
ဒီလိုနှင့် ကျွန်တော်၏ မနက်စာ ရသွားပါတော့တယ်။ ကိုယ်ကလည်း ပျင်းနေတာ နှင့် အိမ်မှာ လူကြီးတွေ မရှိတော့ အဆင်ပြေသလို မနက်စာလေး ကိုယ်တိုင်လုပ်တယ်ပေါ့။ မဆိုးပါဘူး အရသာတော့ ရှိပါတယ်။ သူငယ်ချင်းတို့လည်း လူကြီးတွေ မရှိရင် မနက်စာ ကိုယ်တိုင် လုပ်စားဖြစ်လား။ မနက်စား ချက်ဖြစ်ရင်ရော ဘာတွေချက်ကြလည်း ခင်ဗျ။
@johndieo
24.1.2022