အရင်က ပြောခဲ့သလို ကျွန်တော်မှာ လူနေ ဆောင် ( အဆောင် ) တစ်ချို့ ရှိပါတယ်။ ရှင်းရှင်း ပြောရလျှင် Cryptp Exchange လောကမှ အနားမယူခင်ကတည်းက အဆောင်ကိစ္စကို Backup စီးပွားရေး တစ်ခုအနေဖြင့် ကြိုးစားပြီး အကောင်အထည် ဖော်ခဲ့တာပါ။
ကျွန်တော် တွေးထင်ထားသည့်အတိုင်း Exchange လောကမှာ ပြသာနာ တစ်ချို့ပေါ်ပေါက်လာတော့ ဒီအဆောင်ကနေသာ ဝင်ငွေ ရရှိခဲ့ပါတယ်။ အဆောင်ဆိုသည်မှာ ဝင်ငွေ ပုံမှန် ရရှိနိုင်သည့် နေရာတစ်ခု ဖြစ်သော်လည်း လုပ်ရကိုင်ရ ခက်ခဲသည့် ကိစ္စတစ်ခုတည်းတွင် ပါဝင်ပါတယ်။ အကြောင်းမှာ လူပေါင်းများစွာ၏ စရိုက်ပေါင်း များစွာကို ကိုင်တွယ် ဖြေရှင်းနေရသောကြောင့် ဖြစ်ပါတယ်။
ကျွန်တော် အဆောင်များ၏ အဓိက ဝန်ဆောင်မှု ပေးသော ဦးတည်အုပ်စုများမှာ အခြေခံ လူတန်းစား များသာ ဖြစ်ကြပါတယ်။ အခြေခံ လူတန်းစားဟု ခေါ်ဝေါ်သုံးနှုန်းရခြင်းမှာလည်း လူတန်းစား ခွဲခြား ဆက်ဆံလိုသောကြောင့် မဟုတ်ပါဘူး။
အောက်ခြေ၏ ဝန်များကို အဓိက ထမ်းပိုးနေရပြီး လစာလေး မလောက်မငှကို ချွေတာ သုံးစွဲကြရသူများ ဖြစ်သာ်ကို ရည်ညွှန်းချင်သောကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် သူတို့သိသည့် အသိနှင့် ကျွန်တော်တို့ အံဝင်ခွင်ကျ ဖြစ်ဖို့ဆိုလျှင် အတော်လေး ထိန်းညှိယူကြရပါတယ်။ အဆောင်၏ သဘောသဘာဝအရ လူအတက်/အဆင်း အမြဲရှိနေသောကြောင့် လုပ်ငန်းများ အစဥ်မပျက် လည်ပတ်နိုင်ဖို့ အတော်လေး ကြိုးစားရပါတယ်။
ကျွန်တော်အနေဖြင့် အဆောင် ၊ ဆိုင် နှင့် Trading ကြားထဲတွင် လုက်ငန်းများ အဆင်ပြေပြေ ပြီးမြောက်စေရန် အတော်လေး အချိန်ကို စီမံရပါတယ်။ ( ကျွန်တော်အနေဖြင့် အဆောင်မှာ အဆောင်မှူးထားရှိခြင်း မရှိပါဘူး။ ဒါအပြင် ဆိုင်နှင့် Trading ကို လည်း လုပ်ဆောင်နေရပါသေးတယ်။ )
ဆက်ရန်
@johndieo
10.7.2022