တို့များမလည်ကြတော့ဘူးကွယ်.....
ညက နက်နေဆဲ
နှလုံးသားက ချစ်လို့ကောင်းတုန်း.....
လမင်းကြီးက သာလို့ကောင်းတုန်း.....
ဓားက ဓားအိမ်ကို ပွန်းရှစေတယ် ။
ရှင်သန်ဖို့က နှလုံးသားကို အနားပေးရသလို
ချစ်ခြင်းကိုလည်း နားရပေဦးမပေါ့.....
အချစ်အတွက် ညဆိုတာဖြစ်လာရတယ်။
နေ့ရောက်တာ မြန်လွန်းလှပေတယ်။
ဒါပေမယ့်... လရောင်အောက်မှာ.....
တို့များ မလည်ကြတော့ဘူးကွယ် ။ ။
Follow me @jockerlay
I am waiting vote at @good-karma