တိမ်မည်းတွေ မငိုပါနဲ့တော့
ချော့သိပ်တဲ့ မေ့မေ့အသံကို
သားသေချာ မကြားရတော့လို့...
ညိုနေတဲ့ ကောင်းကင်ကြီးလည်း
မပြိုပါနဲ့တော့
စိုနေတဲ့ သားအဝတ်တွေတောင်
မခြောက်သေးဘူး...
အရင်က သားပျော်ပျော်ကြီး
အော်ဟစ်ပြီး ဆိုဖူးခဲ့တဲ့
မိုးသီချင်းလည်း မဆိုချင်တော့ဘူး...
မနေချင်တော့ဘူး...
ုခြင်ကိုက်တဲ့ ဘုန်းကြီးကျောင်းမှာ
ပျင်းလွန်းလို့ ညောင်းချိလာပီ...
ကျောင်းလည်းပဲ တက်ချင်လာပြီ
သူငယ်ချင်းတွေ မရှိကြတော့
တစ်ယောက်ထဲ ဆော့နေရတာ
ခြောက်ကပ်ကပ်ပြင်းစရာကြီး...
တခါတခါ မေမေက
ဘာဖြစ်မှန်းမသိ၊
အိမ်ပြန်မယ် သွားပြောမိတိုင်း
ငို ငိုပြီး .... ပြန်မပြောဘူး...
ဟူးး...
မေမေက တစ်ခုပဲပြောတယ်
မိုးပေါ်က အရိပ်မည်းတွေ
တိမ်ဖြူ တွေခွဲလိုက်ပြီးမှ
မေမေတို့ အိမ်ပြန်မယ်တဲ့... ။ ။
(စစ်ဘေးဒုက္ခသည်များနှင့် ရေဘေးဒုက္ခသည်များအား ရည်စူးလျက်)
Follow Me @jockerlay