Human Resource(HR)

Words
175
Reading
1 min
Listen
Play
8y

HR ငါးခုံးမများ


image
ဒီကနေ့ ကုမ္ပဏီတွေမှာ ဖြစ်နေတဲ့ HR ကိစ္စရပ်က အလုပ်ရှင်ဟာ HR Manager တစ်ယောက်ကို အလုပ်ခန့်လိုက်တယ်။ အလုပ်ရှင်မျှော်လင့်တာက ခန့်လိုက်တဲ့ HR Manager ရဲ့ လုပ်သက်အတွေ့အကြုံများအရသော်လည်းကောင်း၊ အရည်အချင်းအရသော်လည်းကောင်း ကုမ္ပဏီရှိ HR Issue တွေကို လက်ရှိအနေအထားထက် တိုးတက်လာအောင် ခန့်လိုက်တဲ့ HR Manager ဖက်က ဘာတွေများ contribute လုပ်မလဲဆိုတာကို မျှော်လင့်ခဲ့ကြတယ်။

လက်တွေ့မှာ ဖြစ်နေတာက HR Manager ဆိုသူက အလုပ်ထဲရောက်လာရင် လက်ရှိစနစ်တွေက ဘာတွေလဲ၊ ဘယ်လို Policy တွေ ရှိလဲ၊ ဘယ်လို SOP တွေ ရှိလဲ၊ ဘယ်လို form တွေသုံးသလဲဆိုတာကို အရင်စုံစမ်းပြီး ကော်ပီယူလိုက်ကြတယ်။ ပြီးရင် HR Process တွေက ပုံမှန်သွားနေတယ်ဆိုရင် ရေလိုက်ငါးလိုက် နေလိုက်ကြတယ်။

အကြီးမားဆုံးကွဲလွဲချက်ပါ။ ဘာကြောင့်ဒီလို ဖြစ်ကြသလဲဆိုတော့ တစ်ချို့ တစ်ချို့သော HR တွေဟာ HR အလုပ်နှင့်ပတ်သတ်နေတဲ့ အခြေခံဝမ်းစာတွေကို မဖြည့်ဆည်းခဲ့ကြဘူး။ ဖြည့်ဆည်းရကောင်းမှန်းလဲမသိဘူး။ ဝမ်းစာဆိုတာ ဘယ်လိုဟာမျိုးလဲတောင် မသိတာတွေများတယ်။ (စကားချပ်-ဝမ်းစာဆိုတာ ဘာတွေလဲလို့ ကျနော်ကိုလဲ လာမမေးနဲ့၊ မပြောချင်တော့ဘူး)

ထိုသူတွေနားလည်တာက HR က sexy ဖြစ်နေတယ်။ Manager ဖြစ်ချင်တယ်။ လစာကို များများတောင်းမယ်။ နှစ်စဉ်တော့ လစာတိုးရချင်တယ်၊ Bonus လည်းရလိုက်ချင်သေးတယ်။ အလုပ်ထဲမှာ ဝန်ထမ်းတွေကို ဆရာလုပ်ချင်တယ်။ အလုပ်ကို သက်သက်သာသာလုပ်ချင်တယ်။ လုပ်ငန်းခွင်က ကြမ်းတယ်ဆိုရင်၊ ပြသနာတွေ များတယ်ဆိုရင် အလုပ်ထွက်ပြီ၊ ပြေးပြီ။ ပြေးတာတောင် ရိုးရိုးမပြေး အလုပ်ရှင်ကို အပြစ်တင်လိုက်သေးတယ်။ သူဖက်က ဘာတွေများ contribute လုပ်ခဲ့သလဲ၊ HR Audit လုပ်ခဲ့သလား၊ short term plan ဖြစ်ဖြစ် road map ဖြစ်ဖြစ် လုပ်ခဲ့သလား၊ တင်ပြခဲ့သလားဆိုတော့ သူဌေးကို ပြောတော့ ပြောတာပဲ။ သူဌေးက HR ကိုမှ နားမလည်တာ။ ပြောလဲ အပိုပဲတဲ့။

စဉ်းစားကြည့်လေ သူဌေးဆိုတာ HR ပညာကို နားလည်ဖို့လိုရင် HR တာဝန်ယူသူက ပြောပြ ရှင်းပြရမှာပေါ့။ သူဌေးတစ်ယောက်ရဲ့ တာဝန်က HR ပညာကို နားလည်းတဲ့ လူတစ်ယောက်ကို လစာပေးပြီး အလုပ်ခန့်ထားဖို့ အရည်အချင်းပဲလိုတာ။ ဒါကို သူဌေးက HR အကြောင်းဘာမှ မသိပါဘူးလို့ ပြစ်တင်ဝေဖန်တဲ့ HR သမားက ရူးကြောင်ကြောင်နိုင်လွန်းတာပဲ။

ကိုယ်တိုင်တောင် ဝမ်းစားမပြည့်တာကို အလုပ်ရှင်ကို အပြစ်ဖို့ရင်း အကာအကွယ်ယူတယ်။ တာဝန်မဲ့စကားပြောတယ်။ အခြေအနေမကောင်းရင် အလုပ်သစ်ရှာပြီ။ ငါးခုံးမတွေကြောင့် တစ်လှေလုံးပုတ်ကြရပြီ။
image
Please Follow Me jockerlay@jockerlay

Human Resource(HR) | Ecency