We Love Steemit

Words
92
Reading
1 min
Listen
Play
8y

မုတ်​သုံ​လေနှင့်​အတူ မိုးရာသီသည်​ကား စတင်​ခဲ့​ချေပြီ။ မိုးရွာချလိုက်​တာနှင့်​ ပတ်​ဝန်းကျင်​တစ်​ခုလုံး ​အေးမြလန်းဆန်းသွား​လေသည်​။ ​မိုး​ရေဖြင့်​ ​ဆေး​ကြောလိုက်​ခြင်း​ကြောင့်​ အရာအားလုံးသည်​ သစ်​လွင်​​တောက်​ပ​နေသ​ယောင်​ ရှိ​နေသည်​။ ​နေပူဒဏ်​​ကြောင့်​ ညှိုးနွမ်း၍ ဖုန်​အလိမ်းလိမ်းတက်​​သော သစ်​ပင်​ဝါးပင်​တို့လည်း မိုး​ရေစွတ်​ဖြန်းလိုက်​ခြင်း​ကြောင့်​ ချက်ခြင်း​​စိမ်းလန်းစိုပြည်​လာ​လေသည်​။ ​အပင်​ငယ်​​လေးများလည်း ​မြေကြီးအတွင်းမှ အစုလိုက်​ အစုလိုက် ​​ထိုးထွက်​လာကြ​ပေသည်​။

ပတ်​ဝန်းကျင်​ အရပ်​​လေးမျက်​နှာတစ်ခု​လုံး အသစ်​တစ်​ဖန်​ပြန်​လည်​ ​မွေးဖွားလာ​နေသ​ယောင်​ရှိ​နေ​ပေမယ့်​ ကျွန်ုပ်​၏ အ​တွေးအ​ခေါ်​တွေက​ ​ဟောင်းနွမ်း​နေဆဲ၊ စိတ်​ဓာတ်​​တွေလည်း ​အောက်​ဆုံးထိ ကျ​ရောက်​​နေဆဲပါ။ အရင်​လို စာစဉ်​​ဆောင်းပါးများကိုလည်း ​ရေးသားလိုစိတ်​ ပြင်းပြခြင်းမရှိ​​တော့ပဲ အခြား​သော အွန်​လိုင်း​ငွေရှာနည်းများဘက်​တွင်​သာ စိတ်​ပါ​နေခဲ့သည်​။ အခြား​ငွေရှာနည်းများဟုဆိုရာ၌ အခုလုပ်​ အခု​ငွေရသည့်​ အလုပ်​မျိုး​တွေဖြစ်​သည်​။ ဥပမာ Mobi ​လိုဟာမျိုး​တွေ​ပေါ့။ သူများ​တွေ​တော့ မသိဘူး ကျ​နော်​က​တော့ Mobi က​နေ အကျိုးအမြတ်​​တစ်​စုံတစ်​ရာကိုမျှ ခံစားရရှိခြင်း မရှိခဲ့ပါဘူး။ အိပ်​​ရေးပျက်​၊ ​ဘေလ်​ကုန်​၊ လူပန်းသာ ဖြစ်​ခဲ့ပြီး တကယ့်​တကယ်​ ​ငွေထုတ်​ခါနီးကြ​တော့ အမျိုးမျိုး​သော Error​တွေ​ကြောင့်​ စိတ်​ပျက်​ခဲ့ရပါတယ်​.....။

အခြား​သော ​ငွေရှာနည်း​တွေလုပ်​ကြည့်​ရင်းမှ စတီးမစ်​ရဲ့ တန်​ဖိုးကို ပိုပြီး နားလည်​ခဲ့ပါသည်​။အရင်းအနှီး မလိုပဲ​ ဝင်​​ငွေရရှိနိုင်​သည့်​ အွန်​လိုင်း​ငွေရှာနည်း​တွေထဲမှာ steemit ကို ဘယ်​ဟာမှ မမှီနိုင်​ဘူးဆိုတာ အခုမှ တဖြည်းဖြည်းသိလာခဲ့ရတယ်။ ဒါ​ကြောင့်​ စတီးမ်မစ်​မှာပဲ ​သုတရသ ​ဆောင်းပါး​တွေ ပုံမှန်​ပြန်​လည်​​ရေးသားပါ​တော့မည်​ဟု ဆုံးဖြတ်​လိုက်​ပါ​တော့တယ်​။
Author By Jhon
MSC-046
Photo By Google Imagebccnews24.com-images11.jpg

We Love Steemit | Ecency