Movie Review

Words
131
Reading
1 min
Listen
Play
8y

ဆော့ဖ်​ဝဲလ်​ review ​တွေပဲ​ရေး​နေတာ အ​ပြောင်းအလဲ​ဖြစ်​​သွား​အောင်​ ဒီတစ်​ခါ ရုပ်​ရှင်​ဇတ်​ကား​လေးတစ်​ကားအ​ကြောင်း review ​ရေး​ပေးပါမယ်​....။

အခု​ review​ရေး​မည့်​ ဇတ်​ကားမှာ​ ဘောလီဝုဒ်​​ ရုပ်​ရှင်​ကားတစ်​ကားပင်​ဖြစ်​ပါသည်​။ ကျွန်​​တော်​ ​ဘောလီဝုဒ်​ ရုပ်​ရှင်​ကားများ ကြည့်​ခဲလှသည်​။ ​​ဘာ​ကြောင့်​လဲဆို​တော့ ​ဘောလီဝုဒ်​ ရုပ်​ရှင်​​တော်​​တော်​များများဟာ ဇတ်​အိမ်​၊ဇတ်​လမ်း​ကောင်း​ပေမယ့်​ အကအလှ​တွေ အလွန်​အကျွံ သုံးစွဲထားတာ​ကို ကျ​နော်​က​တော့ သိပ်​မကြိုက်​ဘူး...။ အိန္ဒယရုပ်​ရှင်​ကား​တွေမှာ မင်းသားမင်းသမီး​နဲ့ ​​နောက်က​လူ​နှစ်​ဆယ်​​လောက်​က ဟိုရမ်းဒီရမ်း ယွစိယွစိနဲ့ က ​နေ​တာ​တွေက ဇတ်​လမ်းရဲ့ အရသာကို​ပေါ့သွား​စေတယ်လို့ ကျ​နော်​က​တော့ထင်​မိပါတယ်​။

ကျ​နော့်​အကိုမှ "မင်းဒီကားကြည့်ကြိ​​​​​လိုက်​ ဇတ်​လမ်း​ရိုးရိုး​အေး​အေး​နဲ့ အရမ်း​ကောင်းတယ်"​​ ဟု ​ပြောလာ​သော​ကြောင့်​ ကျ​နော်​လည်း မကြည့်​ချင်​ကြည့်​ချင်​နှင့်​ ကြည့်​လိုက်ေ​လသည်​။

ဒီဇတ်​ကားဟာ အခု 2018မှ အသစ်​ထွက်​ရှိထားတာဖြစ်​ပြီး Hindi (ဟင်​ဒီ) ဘာသာစကားဖြင့်​ ရို​က်​ကူးထားတာဖြစ်​ပါတယ်​။ ဇတ်​ကား အမည်​က​တော့ " Hichki " ပါ။
FB_IMG_15353654457897697.jpg
ဇတ်​လမ်း​ထဲမှာ ​မွေးရာပါ အ​ကြောဆွဲ​ရောဂါ ခံစား​နေရသည့်​ အသက်​30အရွယ်​ အမျိုးသမီး တစ်​​ဦးအ​ကြောင်းကို အ​ခြေခံ၍ ရိုက်​ကူးထားခြင်းဖြစ်​သည်​။ သူမဟာ ​ကျောင်းဆရာ​မအရမ်းဖြစ်​ချင်​​ပေမယ့်​ သူမ၏​မွေးရာပါ အ​ကြောဆွဲတတ်​သည့်​ ​ရောဂါအ​ခြေအ​နေ​ကြောင့်​ ဘယ်​​ကျောင်းကမှ သူမကို ​လက်​မခံခဲ့​ပေ။ ​နောက်​ဆုံးတွင်​​တော့ သူမငယ်​ငယ်​ကတက်​ခဲ့သည့်​ ​ကျောင်းတစ်ေ​ကျာင်း​မှာပင်​ ​ကျောင်းဆရာမအလုပ်​ရခဲ့သည်​။ ထို​ကျောင်းတွင်​ ​သူမစာစသင်​ရမည့်​ အတန်းမှာ တစ်​​ကျောင်းလုံးမှ အဆိုးဆုံးအညံ့ဆုံးဆိုသည့်​ ​ကျောင်းသား​များ စုထားသည့်​ အတန်းဖြစ်​​လေသည်​။ ​ကျောင်းသားများ၏ ဒုက္ခ​ပေးပုံများနှင့်​ ထို​ကျောင်းသားများအ​ပေါ် သူမ၏ အ​ကောင်းမြင်​​တတ်​​သော စိတ်​သ​ဘောထားများကို ​ပေါ်လွင်​​အောင်​ ​ဖော်​ပြထား​​ပေသည်​။

ထို​ဆိုးသွမ်းလှသည့်​​ကျောင်းသားများကို ​နောက်​ဆုံးတွင်​ ထူးချွန်​ထက်​မြက်​သည့်​ ​ကျောင်းသားေ​လးများဖြစ်လာ​​​အောင်​ သူမစွမ်း​ဆောင်​ခဲ့ပုံများမှာ အတုယူစရာ​ကောင်းလှ​ပေသည်​။ ဒီဇတ်​လမ်းထဲတွင်​ မိမိ​ဘဝပေးအ​ခြေအ​နေပင်​ရှိ​နေပါ​စေ မိမိရည်​မှန်းချက်​ကို တစိုက်​မတ်​မတ်​ လုပ်​​ဆောင်​သွားသည့်​ စိတ်​ဓာတ်​​နှင့်​ ​ဘေးပတ်​ဝန်းကျင်​မှ ​ပြောဆိုတိုက်​ခိုက်​လာသည်​များကို အ​ကောင်းမြင်​ဝါဒဖြင့်​ ​ဖြေရှင်းပုံများ၊ က​လေးဆိုး​လေးများကို မည်​သို့မည်​ပုံ ဆက်ဆံရမည်များ​ကို ​သရုပ်​ဖော်ရိုက်​ကူးထား​​ပေသည်​။ ရုပ်​ရှင်​ကြည့်​ရာတွင်​ ​စိတ်​ဝင်​စားမှုနည်းသွားမည်​ဆိုး၍ ဇာတ်​လမ်းအ​သေးစိတ်​ကို မ​ဖော်​ပြ​လိုပါ။ ကိုယ်​တိုင်​သာ ကြည့်​ကျိ​လိုက်​ပါခင်​ဗျာ......။
FB_IMG_15353655847310612.jpg
Download Link:https://channelmyanmar.org/hichki-2018/
ရေးသားသူ - Jhon Jhon
MSC-046
Photo Source

Movie Review | Ecency