အားလုံးပဲမင်္ဂလာပါ။ ဦးစွာပထမပြောကြားလိုတာက ယခုထုတ်ပြန်ကြေညာချက်သည် Steemit Myanmar Team တစ်ခုလုံးအားကိုယ်စားပြုပါသည်။
ယနေ့ steemit တွင် ငွေရှာနေသည့် မြန်မာ မိတ်ဆွေများ အများအပြားရှိသလို စုစည်းဆောင်ရွက်နေကြတဲ့ အဖွဲ့များလည်း များစွာ ရှိပါသည်။ steemit သည် Online ပေါ်တွင် ငွေပေးသော site ဖြစ်ရာ ဝင်ရောက်လုပ်ကိုင်သူများအားလုံး ငွေရရန်အတွက်သာ လုပ်နေကြသည်ဟု ယူဆပါသည်။
steemit မှငွေရှာနေကြသည့်အဖွဲ့များတွင် blogger ဆန်ဆန် အဖွဲ့။ inveatment အဖွဲ့ ။ mining ဆန်ဆန်အဖွဲ့ဟူ၍ မတူညီသောပုံစံများဖြင့် ရှာဖွေနေကြသည်ကို တွေ့ရပါသည်။ မည်သို့ပင်ရှာဖွေသည်ဖြစ်စေ ပန်းတိုင်မှာ ပိုက်ဆံရရန်သာဖြစ်သည်။ မည်သည့်နည်းလမ်းမှားသည် မှန်သည် မဝေဖန်လို။ Steemit ကိုယ်တိုင် လက်ခံနေသော နည်းလမ်းများအားလုံး မှန်ကန်သည်ဟု ယူဆပါသည်။
ကျွန်တော်တို့ SMT အဖွဲ့မှညီအစ်ကိုများအနေဖြင့် online ပေါ်တွင် ကိုယ့်အချိန်ကိုယ်အကုန်ခံပြီး ငွေရှာနေကြသော မြန်မာများအားလုံးကိုလေးစားပါသည်။သို့သော် ဝမ်းနည်းစရာအဖြစ် ပုဂ္ဂိုလ်စွဲများဖြင့် ကျွန်တော်တို့ အဖွဲ့အား ဝေဖန်တိုက်ခိုက် အပုပ်ချနေသည်ကိုလည်း တွေ့ရပါသည်။
ထို့ကြောင့် Online ပေါ်တွင်ငွေရှာသူများအချင်းချင်း လေးစားသောအားဖြင့် ယနေ့မှစ၍ ကျွန်တော်တို့၏ SMT အဖွဲ့အား ဝေဖန်အပုပ်ချ ရန်တိုက် ပေးပြီး တိုက်ခိုက်ခြင်းများ ဆက်လက်မပြုလုပ်ရန် အသိပေးအပ်ပါသည်။
မည်သူမဆိုပုဂ္ဂိုလ်ရေးဆိုင်ရာ မကျေနပ်မှုများအား အချင်းချင်းသာဖြေရှင်းရန်နှင့် အဖွဲ့အချင်းချင်း ရန်တိုက်ခြင်းများမပြုလုပ်ရန် အသိပေးပါသည်။ကျွန်တော်တို့ အဖွဲ့မှ ညီအကို တစ်ဦးဦးက အခြားအဖွဲ့ များအပေါ် ဝေဖန်တိုက်ခိုက် အပုပ်ချပါက အဖွဲ့ခေါင်းဆောင်ဖြစ်သော ကျွန်တော်မှ အဆိုပါ member အား အဖွဲ့မှထုတ်ပယ်ပေးပါမည်။ ကျွန်တော် တာဝန်ယူ တာဝန်ခံပါသည်။
ထို့အတူ အခြားအဖွဲ့များမှ ဂုဏ်သရေရှိ ခေါင်းဆောင်များအနေဖြင့်လည်း မိမိတို့၏ member များအား ကျွန်တော့်အဖွဲ့ကို ထိပါးစော်ကားခြင်း မပြုရေး ထိန်းသိမ်းပေးရန် တောင်းဆိုပါသည်။ ခေါင်းဆောင်ပီသစွာ တာဝန်ခံနိုင်ကြမည်ဟုယုံကြည်ပါသည်။ ခေါင်းဆောင်များကိုယ်တိုင် လည်း မိမိတို့၏ဂုဏ်သိက္ခာကို ငဲ့ကွက်သောအားဖြင့် ကျွန်တော်တို့ အဖွဲ့အား စော်ကားတိုက်ခိုက်မှု မပြုဟု ယုံကြည်ပါသည်။
နိဂုံးချုပ်အနေဖြင့် SMT အဖွဲ့သည် လူတစ်ဦးတစ်ယောက်တည်း ဖွဲ့စည်းထားခြင်းမဟုတ်သောကြောင့် လူတစ်ဦးတစ်ယောက်အား တိုက်ခိုက်လိုစိတ်ဖြင့် တစ်ဖွဲ့လုံးအား ထိခိုက်စေပါက သည်းခံမည်မဟုတ်ကြောင်း အသိပေးပါသည်။
0nline ပေါ်မှာငွေရှာနေကြတဲ့ မြန်မာမိတ်ဆွေအပေါင်း အဆင်ပြေကြပါစေ။
KMMT
SMT Leader