Groupbuy

Words
102
Reading
1 min
Listen
Play
9y

ကျွန်မက ၂၀၀၉ခုနှစ်မှာ ဒဂုံတက္ကသိုလ်ကနေ အင်္ဂလိပ်စာအထူးပြုနဲ့ကျောင်းပြီးခဲ့ပါတယ်။ နောက်ပြီးတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကနေ master of public administration ရရှိခဲ့ပါတယ်။အခု mba ကို ဆွစ်ဇာလန်ကနေပြီး သင်နေပါတယ်။ groupbuy ကိုမတည်ထောင်ခင်တုန်းက ကျွန်မဂျာမန် base internet innovator company မှာ အရောင်းအနေနဲ့စပြီးလုပ်ခဲ့ပါတယ်။ internet base ဖြစ်တဲ့အတွက်ကြောင့် အဲဒီတုန်းက မြန်မာပြည်မှာ e-commerce က တအားခေတ်မစားသေးပါဘူး။ company က start up တစ်ခုဖြစ်နေတဲ့အတွက်ကြောင့် ကျွန်မအနေနဲ့အရောင်းပိုင်းပဲ တာဝန်ယူရတာမဟုတ်ဘဲနဲ့ business process တစ်ခုလုံးကြီးrun ပေးရတာမျိုးရှိပါတယ်။ အဲဒီကနေမှ ကျွန်မအတွေ့အကြုံတွေ အများကြီးရခဲ့ပါတယ်။
အမေရိကားက ကျွန်မရဲ့ အစ်ကိုတစ်ယောက်က မြန်မာနိုင်ငံမာ groupbuy လိုပုံစံမျိုး လုပ်ဖို့ စိတ်ဝင်စားတယ်။ ကျွန်မကလည်း ဂျာမန် company မှာ လုပ်နေတာဆိုတော့ လုပ်ကြည့်ရအောင်ဆိုပြီး လုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သုံးလလောက်ကြာတော့ သူက မဖြစ်နိုင်ဘူးဆိုပြီး အမေရိကားပြန်သွားတယ်။ အဲဒါနဲ့ ကျွန်မကအလုပ်ထွက်ပြီး အဲဒီ project ကို ကိုယ့်ဘာသာ အသစ်ကပြန်စပြီး လုပ်ခဲ့ပါတယ်။ ကျွန်မအစ်ကိုလုပ်ခဲ့တဲ့ project က အမေရိကားက business model တစ်ခုလုံးကြီးကို ဒီမှာပြန်ပြီး set up လုပ်တဲ့ပုံစံဖြစ်ခဲ့တော့ ကျွန်မက ဒါကို မြန်မာနိုင်ငံနဲ့ fit in ဖြစ်အောင်လို့ ပြန်ပြီး localize လုပ်ရပါတယ်။ နောက်ထပ်သုံးလေးလလောက်အကြာမှာ ရင်းနှီးမြုပ်နှံသူတွေက စိတ်ဝင်စားလာပြီး ကျွန်မတို့ဆီမှာ ရင်းနှီးမြုပ်နှံကြပါတယ်။ အဲဒီလိုကနေစပြီး groupbuy ဖြစ်လာခဲ့တာဖြစ်ပါတယ်။

Groupbuy | Ecency