Bluetooth earbuds?

Words
110
Reading
1 min
Listen
Play
3y

​Bluetooth earbuds

လမ်းလျှောက်ရင်းနဲ့ သီချင်း နားထောင်ချင်လို့
ဟိုတလောက လှည်းတန်းနားက ဖုန်းအပိုပစ္စည်းဆိုင်မှာ Bluetooth နားကြပ် သွားဝယ်တယ်

ဆိုင်က ကောင်မလေးကို bluetooth နားကြပ် ရှိလားလို့မေးတော့ သူက နားတဖက်သာ ထောင်ရတဲ့
နားကြပ်ကို ပြတယ်

ကျနော်က နား နှစ်ဖက်လုံး ထောင်ရတဲ့ဟာကိုပြောတာလို့ပြောတော့ သူက airpods ကို ပြောတာလားတဲ့

မသိပါဘူး ဘယ်လိုခေါ်တယ် ကိုယ်က bluetooth နဲ့ ချိတ် နားထောင်ရတဲ့ နားကြပ်ဆိုတော့ bluetooth နားကြပ်လို့ ခေါ်မယ်ထင်တာ

ဘာကွာလဲတော့ မသိဘူး airpods လား bluetooth earbuds လား bluetooth earphones လား

အဲ ဝယ်လာတာ နှစ်သောင်းပေးရတယ် အိမ်ရောက်တော့ နားထောင်ကြည့်တော့ ၁၀ မိနစ်ပဲ နာထောင်ရသးတယ် အားကုန်သွားတယ်

အားကုန်လို့ အား ၂ နာရီလောက် သွင်းပြီး နားထောင်တော့လည်း ၁၅ မိနစ်တောင်မခံဘူး အဲတော့ အဆင်မပြေဘူးလေ သီချင်းနားထောင်တာ ဈာန်တောင်မဝင်သေးဘူး အားကကုန်ပြီ

နောက် ၁ ပတ်လောက် မသုံးဘဲ ပစ်ထားပြီး ပြန်အားသွင်း ဖွင့်ကြည့်တော့ ၁ မိနစ်တောင် မခံတော့ဘူး

ဂျင်းမိသွားတာ ထင်တယ် ဘာတံဆိပ်တွေ ကောင်းမှန်းလည်း ကိုယ်က မသိဘူး အတုတွေကလည်း အများသား

Shop.com.mm မှာတော့ အများကြီးတွေ့တယ် ဒီတစ်ခါ ထပ်ဂျင်းထိမှာစိုးလို့ မဝယ်ရဲဘူး ဘာတံဆိပ်တွေကောင်းလဲဗျာ ပိုက်ဆံက သုံးလေးသောင်းပဲ သုံးနိုင်တယ် အကြံလေးဘာလေး ပေးပါဦး

ဂျင်းမိသွားတဲ့ ကျနော့် bluetooth earbuds ပုံ တင်ပေးလိုက်ပါတယ်

20240219_095111.jpg

19.2.2024
PWKK

Bluetooth earbuds? | Ecency