စိတ်အလှ

Words
99
Reading
1 min
Listen
Play
8y

ကလေးတစ်ယောက်က သူ့အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက
“ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။
“မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးကပြန်ဖြေခဲ့တယ်။
လှပဖို့ရာ လွယ်ပါတယ်။
စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲလိုတယ်။

image
photo from google

အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က
“ခင်ဗျားဆိုင်က အမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများ သုံးသလဲ”လို့မေးတော့ သူဌေးက
“ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။
တစ်လုံးပျက်ရင် ချက်ချင်းအသစ်တစ်ခုလှဲလိုက်လို့ခုလိုလင်းနေတာပါ” လို့ပြန်ဖြေခဲ့တယ်။
အမြဲတမ်းကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။
မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကို လဲပေးဖို့ပဲလိုတယ်။

ကြက်ကလေးတစ်ကောင်ဟာ ဥက ပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင်ကိုတွေ့မိခဲ့တယ်။
အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ
ကျောမှာ ဥခွံကိုပဲပိုးထားတော့တယ်။
ကြီးလေးတဲ့ အတ္တတွေကို ခွါချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။
ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကို စွန့်ပစ်ဖို့ပဲလိုတယ်။

image
photo from google

ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။
ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေက သူ့ကိုမေးတယ်
“ကျွန်တော်တို့ ပင်ပန်းလို့သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလဲမရဘူး” လို့ဆိုတော့

“ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့
သူက ပြန်ဖြေခဲ့တယ်။
ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။
လောဘနည်း၊လိုချင်တပ်မက်မှုနည်းဖို့ပဲ လိုတယ်။

လူ့ဘ၀မှာလည်း နေပျော်ဖို့ရာ လွယ်ပါတယ်။
တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်ဖို့ပဲလိုပါတယ်။

#nobidbot

စိတ်အလှ | Ecency