လိုချင်​တဲ့​နေရာ

Words
74
Reading
1 min
Listen
Play
8y

အလုပ်တစ်ခုရဲ့ အစမှာ အဲ့အလုပ်ပေါ်ချစ်မြတ်နိုးခြင်းကအစပြုတယ်။
အလုပ်အတွက် အချိန်ကို နစ်မြုပ်ထားရမယ်။ အပျော်အပါးတွေထက် အလုပ်ကပိုအရေးကြီးလာမယ်။
အိပ်ရစားရဖို့ထက် အလုပ်ပြီးဖို့က ပိုအရေးပါလာမယ်။

image
photo from google

အစပိုင်းစလုပ်တဲ့နေရာမှာ လွယ်သလိုနဲ့ အခက်အခဲမျိုးစုံကို စတွေ့မယ်။
နောက် အဆင်မပြေမူ့တွေက ကိုယ့်ကို ထိုးနှက်လိမ့်မယ်။
ကြိုးစားပေမယ့်​ အသိအမှတ်ပြုခြင်းခံရတာနဲနေမယ်။
ဘက်ပေါင်းစုံကတိုက်ခိုက်လိမ့်မယ်။ အလိမ်အညာတွေ ချည်းကပ်လာလိမ့်မယ်။
တချို့က ကဲ့ရဲ့မယ် တချို့က အမူအရာတွေနဲ့ ချိုးနှိမ်ဆက်ဆံမယ်။
အမိန့်ပေးချင်တဲ့သူတွေ ဝေဖန်သူတွေကလဲပိုများလာမယ်။
တဖန် အောင်မြင်နေပြီးသားသူတွေကို သွားကြည့်မိပြီး ဆက်လုပ်ချင်စိတ်တွေကုန်လိမ့်မယ်။
နောက်တော့ ကိုယ့်ယုံကြည်မူ​တွေ ​ပျောက်​ဆုံးသွား​တော့တယ်​။

အောင်မြင်ခြင်းရဲ့အစက ကျရူံးခြင်းက သို့ ရုန်းထွက်မူက ဆိုတာ​ ခံယူထားဖို့လိုပါတယ်​။
ကိုယ်တကယ်မြင်အောင်ကြည့်ရမှာက ကိုယ့်ကိုကိုယ်ပါ။
ကိုယ်ဘယ်လောက်စွမ်းဆောင်နိုင်ပြီလဲ။
ကိုယ်ဘယ်လောက် အများတကာရဲ့ထောက်ခံမူ့ကိုရပြီလဲ။
ကိုယ့်ကိုဘယ်လောက်ထိ အရေးပေးအသိအမှတ်ပြုထားလဲ။
ကိုယ့်ရဲ့စွမ်းဆောင်မူ့က ဘယ်လောက်ထိ တစ်ပါးသူကို စိတ်ကျေနပ်မူ့ပေးနိုင်လဲဆိုတာတွေပါ။

image
photo from google

လူတိုင်းက ချိုသာတာကိုကြိုက်တယ်။
လိုက်ရောတာကိုကြိုက်တယ်။
ကိုယ့်ဘက်ကသာ ဘယ်လောက်ထိ
စွမ်းဆောင်နိုင်မလဲဆိုတာကို အမြဲတွေးနေမယ်ဆို တစ်နေ့ ကိုယ်လိုချင်တဲ့နေရာရောက်ရှိပြီး
ရောက်ရှိနေတဲ့ နေရာလဲ တည်မြဲနေမှာ အသေချာပါပဲ။

လိုချင်​တဲ့​နေရာ | Ecency