လူတဦးချင်းစီရဲ့ စရိုက်၊ လက္ခဏာများက မတူကြသလို။
စိတ်နေစိတ်ထားများလည်း မတူကြဘူးဆိုတာ
အားလုံး သိကြသည်။ ထိုအပြင် ကိုယ်ခန္ဓာအချိုး
အစားများလည်း ကွာခြားသည်။ မျက်နှာ အသွင်အပြင်
များကလည်း ကွာခြားကြပြန်သည်။ ထိုသို့ ကွားခြား
ကြသည့်အနက် မျက်နှာအသွင်အပြင် ကွာခြားမှုက
လူအများကို ပို၍ သတိထားမိစေသည်။
ရုပ်ချောသူ၊ ရုပ်လှသူများကို လူတို့က ဂရုထားမိကြသည်။
ကျုပ်တို့လို ရုပ်ဆိုးသူ သာမန်ရုပ်ရည်ရှိကြသူ
များအဖို့ သာမန်ပင်ဖြစ်ကြသည်။ လူ့ပြည် လူ့လောကမှာ
လေ့လာကြည့်မိတော့ ရုပ်ချောသူတွေက ဦးရေအတော်
နည်းတာကလား။ ကျုပ်တို့လို သာမန်
ရုပ်ရည်ရှိသူတွေက အများသား။ ဒီတော့ဗျာ
ကိုယ်တွေ ရုပ်ဆိုးတာ အားငယ်စရာ၊ ဝမ်းနည်းစရာ
မလိုဘူးပေါ့။ ကိုယ်လို လူတွေ အများကြီးရှိသဟ
ဆိုပြီးတော့ပေါ။
နောက်တခါ ထပ်ပြီး သတိထားမိတာက ရုပ်ချောတဲ့
မိန်းကလေးတွေက ကျုပ်တို့လို ရုပ်ဆိုးတဲ့သူတွေကို
သဘောကျတတ်တာကလား။ ဟ ဒါတော့ များသွားပြီး
လို မိတ်ဆွေက ပြောမယ်။ တစ်ရာ ရာခိုင်နှုန်း
မဟုတ်တောင် ရှစ်ဆယ့်ငါး ရာခိုင်နှုန်းတော့
အာမခံတယ်။ အဘယ်ကြောင့်ဆိုသော် ရုပ်ချောသူ
မိန်းကလေးကို ရုပ်ဆိုးသူနှင့် ရုပ်ချောသူ အမျိုးသား
နှစ်ဦးက အတူဝိုင်းပြီး ပိုးပန်းသည် ဆိုပါစို့။ ထိုအခါ
အများအားဖြင့် ရုပ်ချောသူကိုသာ မိန်းကလေးက
ရွေးချယ်မည် ဖြစ်ပေသည်ဟု ထင်ကြမည်။
အပိုးခံရသော မိန်းကလေးက သာမန်မဟုတ်ပဲ
စဉ်းစားတွေးခေါ်တတ်သူဖြစ်ပါမူ ရုပ်ဆိုးသူအမျိုးသား
နှင့်သာ ဖူးစားဖက်ဖြစ်စေသည်။ ရုပ်ချောသူ
အမျိုးသားက ရုပ်ချောသူဟု ကိုယ့်ကိုကိုယ် စိတ်ဘဝင်
မြင့်နေတတ်ပေမည်။ အပြိုင်ပိုးကြရာတွင်လည်း
ရုပ်ချောသူက သာမန်လုံ့လသာ ပြုပေသည်။
ရုပ်ဆိုးသူကမူ ရုပ်ချောသူ အမျိုးသားထက် ဆန့်ကျင်ဘက်
ဖြစ်ကာ ဇွဲသန်စွာ၊ လုံ့လပိုမိုအားစိုက်ထုတ်သူက
များကြသဖြင့် ရှစ်ဆယ့်ငါးရာခိုင်နှုန်းဟု ပြောခြင်း
ဖြစ်ပါသည်။ ကျန် တစ်ဆယ့်ငါး ရာခိုင်နှုန်းကတော့
မည်သည့်အမျိုးအစားများဖြစ်နေမလဲ ဆိုသည်
ကတော့ ကိုယ်တိုင်ဆန်းစစ်ကြပေရာ့။
အချပ်ပို။
ရုပ်ချောတဲ့ မိန်းကလေးတွေက အမြောက်ကြိုက်ကြ
သည်။ မြောက်ပင့် ပြောဆိုမှုကို လူတိုင်း သဘောကျ
သည်။ မိန်းကလေးများက ပိုမိုကြိုက်သည်။
ထိုအကြိုက်ကို ပြောဆိုနိုင်သူများတွင် ရုပ်ဆိုတဲ့
ငနဲတွေက ပါရမီအပြည့်ရှိကြပေသည်။ ဒါကလည်း
လောကကြီးက သူရို့ခမျ ရုပ်ဆိုးကြသဟ။ ဒီတော့
ဒင်းတို့ခမျ ရုပ်ဆိုးသမျှ အပြောကြွယ်ကြပါစေ
ဆိုပြီးသကာလ အဲ့သလို ဖြစ်စေခဲ့သည်ထင်။
ထိုအပြင် ရုပ်ဆိုးတို့က ရုပ်ချောသော မိန်းကလေးများအပေါ်
အနွံနာခံ အားကြီးတတ်ကြပြန်ပေသည်။
ဖော်ပြပါ ရေးသားချက်များက ကျွန်ုပ်၏
သုံးသပ်ချက် တခုတည်းသာ ဖြစ်ပါသည်။
@htwegyi
July 2, 2026