WITရယ် အိမ်သာရယ်

Words
140
Reading
1 min
Listen
Play
5y

img_0.7621092795142147.jpg

ယနေ့ ဘာပို့စ်တင်ရမလဲစဉ်းစားစမ်း။
မနက်ခင်းက ကိုဟင့်ကျေးဇူးကြောင့်
WIT $27 ဖိုးရခဲ့သည်။ ဒီအကြောင်းလေး ရေးရင်
ကောင်းမလား။ ရေးစရာမှ မရှိတာ
ဒီအကြောင်းပဲ ရေးရမှာပေါ့။ အလကား
ပေရှည်နေတာ။ အဲ့ အဲ့အကြောင်းကို
ဘယ်လိုစရေးရမလဲလို့စဉ်းစားနေတာ။
စဉ်းစားတာ ဘယ်နေရာမှာသွားစဉ်းစားတာလဲ
သိလား။ အိမ်တစ်အိမ်မှာ လွတ်လွတ်လပ်လပ်နဲ့
စဉ်းစားလို့ရမယ့်နေရာလေးတစ်ခုရှိတယ်။
အဲ့ဒါ ဘယ်နေရာလေးဆိုတာ မသိကြဘူး
မို့လား။

img_0.9628812659221673.jpg

လွတ်လွတ်လပ်လပ်နဲ့ ကိုယ်စွမ်း ဉာဏ်စွမ်း
ရှိသမျှ ဗိုက်စွမ်းရှိသမျှ ထုတ်လို့ရတဲ့နေရာလေးက
အိမ်သာလေးပ အဟဲ။ ရေပုံးလေးထဲ ရေထဲ့ပြီး
အိမ်သာသို့သွားသည်။ အိမ်သာရေပုံးထဲ
ရေထဲ့ပြီး ကြွေခွက်မှာ စောင့်ညောင့်ထိုင်သည်။
ဒူးပေါ် တံထောင်ဆစ်တင်သည်။ တံထောင်ဆစ်
ဆိုသည်ထက် လက်မောင်းကိုတင်သည်က
ပိုမှန်ပေမည်။

လက်ချောင်းလေးချောင်းကို စု၍ လက်သီး
ပုံသဏ္ဍာန်ပြုပြီး လက်မလေးအပေါ်တင်ကာ
နားထင်နားဖိကပ်ထားပါ။ ပြောနေကြာတယ်
သွားပါ ယခုစာဖတ်‌နေရင်း အိမ်သာသို့သွား၍
ပြုလုပ်ကြည်ပါ။ ဗိုလ်ထိုင်အိမ်သာတော့
ပြောတတ်ဖူး။ အဲ ဘယ်ရောက်သွားပါလိမ့်။
အင်း လက်ချောင်းလေးတွေကို လက်သီးသဏ္ဍာန်
လုပ်၍ နားထင်မှာဖိကာ မျက်လုံးလေးမှိတ်ပြီး
စဉ်းစားပါ မိတ်ဆွေ။

img_0.882767689140527.jpg

စဉ်းစားပါ စဉ်းစားပါ မိတ်ဆွေ ရေးစရာ
တခုခုတော့ ထွက်လာမှပါ။ ရေးစရာမထွက်ရင်
ဗိုက်ထဲက တခုခုတော့ ထွက်လာမှာပါ
ဘာထွက်ထွက်အမြတ်ပါ ဟုတ်ဖူးလား။
ကိုင်း ရေးစရာရပြီး ကိုဟင်က Creativecoin
အကြောင်းပိုစ့်တင်ပြီး နောက်ရက် CCC
ကို အသည်အသန်ဝယ်ရပါသည်။
ကိုယ်ဝယ်နေစဥ်အတွင်း သကောင့်သား
CCC ကဈေးတက်လို့နေပါပြီ။

Leodex မှာ CCC အနည်းငယ်သာရှိတော့
WAIV ကိုရောင်းပြီး ဝယ်ရသည်။
ကိုယ့်ဆီမှာရှိသည့် လက်ကျန်
CCC အနည်းငယ်နှင့် ဝယ်လို့ရသည့်ကိုပေါင်း
လိုက်တော့ CCC 3200 ကျော်ရှိသည်။
ထို CCC 3200 ကိုအမြန် stake သည်။
stake ပြီး ကမန်းကတန်း Delegate
လုပ်လိုက်သည်။ သူက 31-12-2821နေ့
နောက်ဆုံးဖြစ်သည်။ အမြန်နှင့် ကမန်းကတန်း
လုပ်ဆောင်မှုကြောင့် နှစ်သစ်လက်ဆောင် WIT
$27 ဖိုးရလိုက်သည်။ ကိုဟင်ရေ ကမန်းကတန်း
ကျေးဇူးတင်ပါသည်။

htwegyi@htwegyi
2-1-2022

WITရယ် အိမ်သာရယ် | Ecency