ကျွန်တော်ရဲ့ ဆမ်ဆောင် ဂျေဆဲပင်း ဖုန်းလေးက
စတိုးပြည့်သဖြင့် ဘာမျှလုပ်ရ ကိုင်ရတာ အဆင်မပြေပေ။
ဖုန်းအင်တာနယ်စတိုးက 16GB သာရှိသည်။
ဖုန်းစတင်ဝယ်စဉ်က 16GB ဆိုပါမူ အတော်အသုံးပြု
ရပေမည်ဟုထင်ခဲ့သည်။ ယခုကဲ့သို့ crypto များ
ပြုလုပ်သည့်အခါ ဖုန်းအင်တာနယ်စတိုးက အသုံးဝင်
သည်ကို မသိခဲ့ပေ။ ဖုန်းမှာ ကင်မရာအနည်းငယ်ကောင်းပြီး
သီချင်းများနားထောင်၍ အသံကြည်လင်
ကောင်းမွန်ပါလျှင်အဆင်ပြေသည်ဟု မှတ်ယူခဲ့သည်။
ဖုန်းဝယ်ယူခဲ့စဉ်ကလည်း ကိုယ်တွေက ဖုန်းနဲ့
ဂိမ်းဆော့သူမဟုတ်သဖြင့် ဖုန်းမှာ စတိုးများစရာ
မလိုဟု ထင်ခဲ့သည်။ ယခုတော့ ထိုစတိုးများက
စကားပြောလာခဲ့ပေသည်။ ဖုန်းစတိုးပြည့်မှုကြောင့်
Ecency app ကိုပင် Update မလုပ်နိုင်တော့ပေ။
သူငယ်ချင်း ပေးထားသော ဖုန်းအဟောင်းလေးတခု
ဖြင့် Ecency ကို Update လုပ်ကာ ဖုန်းနှစ်လုံးဖြင့်
အသုံးပြုနေရသည်။
ယခုတော့ ဖုန်းနှစ်လုံးဖြင့် အလုပ်များနေရသည်။
သူငယ်ချင်းဖုန်းက ကိုယ်ရဲ့ ဖုန်းထက်တော့ စတိုး
များသည်။ ဒီတော့ ထိုဖုန်းမှာ Hive အတွက် စာရေး
ပိုစ့်တင်ဖို့အဆင်ပြေသည်။ ကျွန်တော့်ဖုန်းမှာ
မြန်မာစာ လက်ကွက်က မည်သို့ဖြစ်သည်မသိ
လက်ရိုက်ကွက်က အနည်းငယ်သေးသွားကာ
စာရိုက်ဖို့ အဆင်မပြေတော့ပေ။ လက်ကွက်မူလ
အရွယ်သို့ ရောက်အောင် ကလိပါသော်လည်း
မလုပ်နိုင်သဖြင့် ဒီအတိုင်းပစ်ထားရသည်။
အသစ်မြင်တော့ အဟောင်းကို ပစ်ဆိုသလို။
သူငယ်ချင်း၏ ဖုန်းဖြင့် စာရိုက်ကာ ပိုစ့်တင်သည်။
Ecency app ကိုလည်း Update လုပ်နိုင်သဖြင့်
ယခုထိတော့ အဆင်ပြေနေသေးသည်။
ChatGPT မှာ Samsung J7 Core ၏
စတိုးပြည့်မှုကို မေးကြည့်ရာ အတော်ကို အရစ်
ရှည်ပေသည်။ သို့နှင့် ကိုယ်လည်း စိတ်ပေါက်ပေါက်ဖြင့်
မေးရာမှ လိုရင်းကို ရောက်တော့သည်။ နို့မို့
သူ့ကို စခရင်ရှေ့ာ ရိုက်ပြနေရတာနဲ့ နှစ်ပေါက်
ပေတော့မည်။ နောက်ဆုံးတော့ သူလည်း
ကျွန်တော်ရဲ့ ဆမ်ဆောင် ဖုန်းအဟောင်းလေးကို
Factory reset လုပ်လိုက်ပါဟု ပြောရပါလေတော့သည်။
@htwegyi
November 20, 2026