မင်း မရှိလို့ မဖြစ်ဘူးသိလား

Words
134
Reading
1 min
Listen
Play
5y

img_0.7621092795142147.jpg

Ecency ကလည်း ဘာချေသလဲ မမေးနဲ့။
သူ့လာ မ vote တာကြာလို့ မ boost
တော့ဘူးလို့ အောင်းမေ့တာ။ တနေ့က
vote များများရသော်လည်း သွား
boost အုံးမဟဲ့ ဆိုတော့ လာဗုတ်တယ်။
စိတ်မပါတပါနဲ့ boost တော့ ဒင်းက
လာဗုတ်သပ။

Cryptocurrency က တခါတရံ ရင်ခုန်ရသား။
အင်း ဒါကြောင့် ဟိုက်မြန်မာက လူပျိုကြီးတွေ
လက်မလွတ်နိုင်ကြတာကို။ ကိုဟင် ဆိုပါရင်
ပိုင်ရှင်ရှိပါလျှက်နဲ့ လက်ညိုးတထိုးထိုးနဲ့
ဟိုဟာယူမယ် ဒီဟာယူမယ် ဆိုပြီး
အိန္ဒြေကို မရရှာဘူး။ ရှိပါစေတော့။
ကိုယ်တွေကျ လက်ညိုးထိုးရအောင်
လက်ညိုးကို မဆန့်နိုင်ဘူး။ အင်း ပိုစ့်တင်ဖို့
စာရိုက်နေရတာကို နော့။

Screenshot_20211102-190600_Samsung Internet.jpg

မနေ့က hive power 2000 ပြည့်ခဲ့သည်။
2000 ပြည့်ပြီဆိုတော့ 2500 ပြည့်အောင်
ဆက်လက်လျှောက်လှမ်းရပေအုံးမည်။
မျှော်လင့်ချက်များနဲ့ ခရီးဆက်
ခရီးလမ်းလျှောက်ရင်း ပန်တိုင်ကိုမြင်ရဖို့
အားသွန်စိုက်ဆဲ။ လမ်းခရီးမှာ မောပန်းလိုက်၊
လမ်းပျောက်လိုက်၊ အားတက်လိုက်နဲ့
လျှောက်လာခဲ့သည်။ မှတ်တိုင် နှစ်ထောင်သို့ပင်
ခရီးပေါက်ခဲ့ပေပြီ။

20211103_154630.jpg

Leodex မှာ hive မှ spt ပြောင်းတာ
ဘာမှားသွားလဲမသိ 4hive ပလုံသွားသည်။
Buy order မှာလည်းရှာမတွေ့ပါ။
ကိုယ့်ဝေါလ်မှာလည်း မတွေ့ပါ။
TIX ကလည်း အတော်မျက်လှည့်ပြသည်။
Leodex မှာ တခါဖွင့်ကြည့် တခါပြောင်း
လဲသည်။ TIX တန်ဘိုးက သုညဖြစ်လိုက်၊
နောက်တခါ ဒေါ်လာနှစ်ဆယ်ဖြစ်လိုက်နှင့်
အပြောင်းအလဲ မြန်ပေသည်။

မည်သို့ ဆိုစေ ယခုလို တရာကိုး၊ တရာ့တစ်ဆယ်
ဘဝမှာ hive ရှိ‌ နေလို့ တော်ပေသေးသည်။
hive များမရှိရင် ငေါင်စင်စင်၊ ပျင်းဖွယ်
ကောင်းပါဘိ။ hive ကျေးဇူး မူးလို့ရှူးစရာ
ဒေါ်လာလေးရှိလို့ တော်ပေသည်။
မင်း မရှိလို့ မဖြစ်ဘူးသိလား Hive.

htwegyi@htwegyi
3-11-2021
PM 4 : 04