ကျီစားသလား Torum

Words
107
Reading
1 min
Listen
Play
5y

image

အော် Tourm Tourm
အများတကာ Tourm နေချိန် ကိုယ့်မှာ
ဖုန်းက verify မဖြစ်လို့ ဒုက္ခများ၊ ရွာလည်
နေသည်။ အများတကာ Whatsapp က
နှစ်ခုပေါ်သလားမသိ။ ကိုယ့်မှာတော့
Whatsapp နှစ်ခုနဲ့ တိုင်ပတ်။
Whatsapp တစ်ခုက ကုတ်ရောက်လာရင်
ကျန်တစ်ခုက ကုတ်ထပ်တောင်း။
နောက်တစ်ခုရရင် နောက်တစ်ခုက
ကုတ်ပြန်တောင်းနဲ့ ရူးလို့ရပါ့။

img_0.5206579221373362.jpg

အများတကာတွေ Tourm မှာ
ကလိုင်းနေချိန် ကိုယ်တွေ ဖုန်း verify
ရဖို့ အသည်းအသန် ကလိနေရသည်။
ယခုထိ ယနေ့ထိ Tourm မှာ
အဆင်မပြေသေးပါ။ ဒီကြားထဲ
ကိုဟင် က Tourm မှာတစ်ရက် ပိုစ့်
မတင်ရင် တစ်ရက်နောက်ကျနေမည်ဟု
ပိုစ့်ရေးတင်လာသည့်အခါ။
ဘယ်လိုပြောမလဲပေါ့နော်။

တနေ့နေ့မှာတော့ Tourm မှာ
အဆင်ပြေကောင်းပါရဲ့။ ယခုလောလောဆယ်မှာတော့ hive မှာ ပိုစ့်တင်ရပါအုံးမည်။
ကိုယ်တွေက cryptocurrency နှင့်
ပတ်သက်လာလျှင် အမြဲ နောက်ကျ
နေတတ်သည့် သဘာဝကရှိနေသည်။
cryptocurrency ၏ သဘာဝကလည်း
တနေ့နှင့်တနေ့မတူ အမြဲပြောင်းလဲနေသည်။

img_0.3223525232801391.jpg

ပြောင်းလဲနေသည့် cryptocurrency
နောက်သို့ အမှီလိုက်နိုင်အောင် ကြိုးစား
နေရပါသည်။ တစ်ခါတစ်ရံ ကိုယ်က
လိုက်မမှီ ဖြစ်နေတတ်သည်။
မသိ မတတ်သည်များကို သိသူ
တတ်သူများထံ မေးမြန်း စုံစမ်းမှတ်သား
ရသည်။ မေးမြန်ရာတွင် ဖြေကြား
ပေးသူများကို ကျေးဇူးအထူးတင်ရှိပါကြောင်း
ပြောကြားအပ်ပါသည်။

မှတ်ချက်။ ယခုပိုစ့်တင်သည့်အချိန်မှာတော့
Tourm မှာ ဖုန်းက verify ဖြစ်သွားပါသည်။

htwegyi@htwegyi
5-6-2021

ကျီစားသလား Torum | Ecency