Hive ဈေး တက်ဖို့ Post တင်စို့။

Words
110
Reading
1 min
Listen
Play
4y

img_0.7621092795142147.jpg

တနေ့က nweoomon@nweoomon တို့မိသားစု
ထံသို့ နေပြည်တော်မှ သူတို့အမ ကစ်ကို အဖွား
လာသည်။ ကစ်ကိုအဖွားကို စဉ့်ကိုင်သို့
ပို့ပေးရသည်။ စဉ့်ကိုင်က ကစ်ကို တဝမ်းကွဲ
အကို ပိုင်ပိုင်၏ အဖိုးအဖွားများရွာဖြစ်သည်။
ပိုင်ပိုင်တွင် ညီလေးတဦး ရှိသည်။ သူ့ညီလေး
က အသားဖြူသည်။ ပိုင်ပိုင်က အသားညိုသည်။

စဉ့်ကိုင် အဖိုးအဖွားများက သူ့တို့မြေးများကို
တွေ့လိုသည်က‌တကြောင်း၊ ကစ်ကို အဖွားက
သွားလည်ချင်သည်‌ ပြော၍ သွားကြသည်။
စဉ့်ကိုင်မှ အပြန် မိုးအုံ့၍ ကျောင်စိမ်းဘုရား
ဝင်ဖူးကြသည်။ ကျောက်စိမ်းဘုရားရောက်မှ
နေက ပူလာသည်။

ကျောက်စိမ်းဘုရားက နေပူပါရင် ဖူး၍
မကောင်းပါ။ အရိပ်မရှိ ကျောက်ပြားများက
ပူလှသည်။ ညနေ နေအေးချိန်၊ ညအချိန်မှ
ဖူးပါမှ ဖူး၍ ကောင်းသည်။ ကျောက်စိမ်း
ဘုရား ပတ်ဝန်းကျင်မှ သစ်ပင်၊ ပန်းပင်၊
ပျိုးဥယျာဉ်များကို nweoomon@nweoomon မှ
မှတ်တမ်းတင်ခဲ့သည်။

မှတ်တမ်းတင်သူ က ပိုစ့်မတင်၊ ပုံမတင်အား
သည်ကြောင့် ကိုယ်တွေကပဲ အနစ်နာခံကာ
သူမ၏ ဓာတ်ပုံများကို Hive မှာ တင်လိုက်
ရပါသည်။ သူမကို Hive မှာ ပိုစ့်မတင်နိုင်ပါလည်း
Dbuzz မှာ ပုံလေးများတင်ရန် ချော့ပြော၊
ခြောက်ပြောပါသော်လည်း မည်သို့မျှ
ပြောမရသည့်အဆုံး ကိုယ်တိုင်သာ ပိုစ့်တင်
ရပါလေသည်။

အင်း နေနှင့်အုံးပေါ့ Hive ဈေးတက်မှ
ကမန်းကတန်း၊ အသည်းအသန်၊ အပြေး
အလွှား ပို့စ်တွေ ပုံတွေ တင်မှာဖြင့်
မြင်ယောင်မိပါသေး။ ကဲ ကြားလား
Hive ဈေးတက်လိုက်စမ်းပါကွယ်ရို့။

htwegyi@htwegyi
20-9-2022

Hive ဈေး တက်ဖို့ Post တင်စို့။ | Ecency