အာဇာနည်နေ့ ရောက်ခဲ့ပြန်ပါသည်။ ယခု ၇၂ကြိမ် မြောက်ပါဆိုလျှင် သုံးကြိမ်မြောက်ရှိပြီးဖြစ်ပါ
သည်။ ကျွန်တော်တို့ ဟေမာဇလရပ်ကွက်ရှိ
မီးရထားဝန်ထမ်းများ ဦးဆောင်၍ အာဇာနည်
ခေါင်းဆောင်များကို နံက် ၁၀း၃၇ နာရီမှာ ဥသြစွဲ
၍အလေးပြုကြသည်။ မန္တလေးမြို့ ချမ်းအေးသာစံ
မြို့နယ် ဟေမာဇလရပ်ကွက် ၂၈လမ်း ၇၇၊ ၇၈
လမ်းကြားတွင် ပြုလုပ်ခြင်းဖြစ်သည်။
ဥသြစွဲ၍ အလေးပြုနေစဉ် ရင်ထဲမှာ ဝမ်းနည်းသလို
ဆို့နင့်ခံစားရသည်။ အချို့ အမျိုးသမီးများက
မျက်ရည်ကျကာ မျက်ရည်များသုတ်ရင်း အလေးပြု
ကြသည်။ အော်..ဗိုလ်ချုပ်အောင်ဆန်းနှင့်
အာဇာနည်များကို ယနေ့ထက်တိုင် ပြည်သူတို့် က
မမေ့လျော့ကြသေးပါ။