အော် လောဘ လောဘ

Words
122
Reading
1 min
Listen
Play
6y

image

Facebook တွင် post တင်ခ 2000ကျပ်၊
Like ပါက 50ကျပ်၊ see more လုပ်ပါကလည်း
ငွေပေးရမည်ဟု ပိုစ့်တစ်ခုကို ဖတ်ရသည့်အခါ
စိတ်ထဲတစ်မျိုးဖြစ်သွားသည်။ အံ့ဩသလိုလို၊
ဝမ်းနည်း ဝမ်းသာသလို။

ဝမ်းနည်းတာက Facebook ကို ပိုက်ဆံပေးပြီး
ပို့စ်တင်ရမှာမို့၊ ဝမ်းသာတာက Facebook မှာ
ပေါက်ကရတွေကို မြင်တွေ့ရတာ နည်းပါးသွားမှာမို့။
ထိုအပြင် ဇူကာဘတ်က လီဘရာများ စတင်
အကောင်အထည်ဖော်ပြီလားဟု တွေးမိသည်။

ခုအချိန်မှာ Crytocurrency နှင့်ပတ်သက်၍ လုံးဝ အတိမ်းအစောင်းမခံနိုင်သည့် အချိန်ဖြစ်သည်။
ဟ ကြီးကျယ်လှ‌ချည်လားဟု ပြောရင်လဲ
ခံရပါမည်။ ဒီအချိန်က ကျွန်တော်တို့
Steem & hive လက်ဝယ်ပိုင်ဆိုင်ထားသူများ
အဖို့ သွေးနုနု သားနုနု အချိန်ဖြစ်ပေသည်။

ပါဝါဒေါင်းထားသည့် Steem တွေကို
ရောင်းရမလား၊ ပြောင်းရမလား စဉ်းစားနေချိန်မှာ ဗြုန်းဆို Steem များအား
အိပ်ချိန်များသို့ လွှဲမရ ပြောင်းမရ
ဖြစ်စေခဲ့သည်။ နည်းနည်းမှ စဉ်းစားချိန်မပေး။
အတော်ဆိုးတဲ့ steem။ ကိုယ်တွေမှာ
steem တွေ ပါဝါဒေါင်းတန်းလန်ကြီး။
ဆက်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင်
ဖြစ်စေသည်။

20200526_130116.jpg

ပါဝါဒေါင်းပြီဖို့က နောက်ထပ် 4ပတ်ခန့်
လိုသေးသည်။ ဒီကြားထဲ ပါဝါဒေါင်းပြီသား
steem များကို ဘာဆက်လုပ်ရမည်မသိ။
ဟိုတလောက steem ဈေးတက်၍
ဝယ်သူအား ရောင်းမည်ဟုပြောကာ
ဈေးတွေမေးခဲ့သည်။ အမှန်က ကိုယ့်
steem တွေက ပါဝါမဒေါင်းရသေး
ဒေါင်းပြီးမှတ်ကာ 1steemကို 380ကျပ်ဖြင့်
ရောင်းမည်ဟုပြောခဲ့သည်။

ကိုယ့် wallet ထဲသွားကြည့်မှ ပါဝါမဒေါင်းရသေး
ကြောင်း သိရသည်။ ထို့ကြောင့် ဝယ်သူအား
တောင်ပန်းရသည်။ အရမ်းရောင်းချင်ပါသည်ဆိုမှ
ပါဝါမဒေါင်းရသေးသောအခါ။
စိတ်ထဲ မချင့်မရဲဖြင့် ပါဝါဒေါင်းတာ
နှေးချက် ဟု ရန်လုပ်ချင်မိတော့သည်။

htwegyi@htwegyi

အော် လောဘ လောဘ | Ecency