one small positive thought

Words
57
Reading
1 min
Listen
Play
8y

အဲဒီတုန်းက..
ပန်းသီးကြွေကျတာကြည့်ဖို့ ပန်းသီးပင်မရှိတဲ့နိုင်ငံတော်ဟာ
အရူးလို့သမုတ်ခံနေရချိန်ပေါ့
ဆွဲငင်အားကိုစတင်အသုံးချသူ မွန် ရိုး ဟာ
နှလုးံသားအချေအဖျက်ခံရဖို့ ပန်းသီးကိုတစ်ကိုက်ကိုက်လိုက်တယ်
ဖတ်ဆေးလိပ်ကိုမီးညှိပြီး ကော်ဖီဆိုင်ကထွက်လာတော့
ဟစ်တလာရဲ့ခေါင်းထဲ အတွေးတစ်ခုဝင်လာတယ်
အဲဒီနေ့က မင်း ဘယ်သွားနေလဲ?
နျူတန်ရဲ့နိယာမအရ ဘုရားတွေမှိုလိုပေါက်လာတော့..
အချစ်ဟာ..
အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့တိုင်းခန်းလှည့်လည်ရင်း
ရာဇဝင်ထဲ တဝဲလည်လည်
ပန်းသီးသည်ရဲ့အိပ်မက်မှာ.
မိုးမလင်းသေးတဲ့ကမ္ဘာဦးနေ့ရက်များ တခမ်းတနား.ရှိနေလေ ရဲ့..
အဲဒီအချိန်အတောအတွင်းမှာပဲ..
ဒိုင်ယာနာမင်းသမီးဆီလျှို့ဝှက်စာတစ်စောင်ရောက်လာတယ်..
ပန်းသီးအကြောင်းကဗျာရေးဖို့စဉ်းစားတိုင်း
သေချင်စော်နံနံလာတဲ့ ရာဘင်ဒြာနတ်တဂိုးဟာ
ချစ်သူမရှိတဲ့အကြောင်း ဘယ်သူမှမသိခဲ့ဘူး
သေနတ်ကြိုက်သူတိုင်း ပန်းသီးမကြိုက်သလို
ပန်းသီးစားသူတိုင်း စစ်မတိုက်ကြဘူး လေ
မင်းကိုငါချစ်တဲ့အကြောင်းပြောတုန်းက ငါဟာ ငါမဟုတ်ခဲ့
သမိုင်းတရားခံတစ်ယောက်ရဲ့သမိုင်းကိုကြည့်ရင်
ဖြစ်ချင်တိုင်းမဖြစ်တော့ လုပ်ချင်တာလုပ်ခဲ့တာတွေ့ရမယ်
အချစ်စစ်ဆိုတာ အမိန့်နာခံမှုကိုဖြစ်စေတတ်ကြောင်း
စတင်ရှာဖွေတွေ့ရှိခဲ့တဲ့ အိုင်းစတိုင်းဟာ
စီလီကွန်အရုပ်မအတွက်သွက်သွက်ခါ အောင်ရူးသွပ်ခဲ့ဖူးတယ်..
မင်းရော ပန်းသီးစားဖူးရဲ့လား..
ဘာပဲဖြစ်ဖြစ် ..
အချစ်မှာမျက်စေ့ပါတဲ့အကြောင်းကိုတော့
အဒေါ့ဖ်အိုက်ခမန်းကိုပြောပြလိုက်ပါ....
image

one small positive thought | Ecency