“မိန်းမရေ ဘာလုပ်နေတာလဲ”
“အော် မောင်နဲ့ သားလေး စားဖို့မှို ကန်စွန်းလေးကြော်မလို့”
“အေး ကန်းစွန်းရွက်လေးပြောင်အောင်ဆေးနော်”
“ဆေးထားတယ်မောင်”
“မှိုလည်းပြောင်အောင်ဆေးကွ မှိုကဆေးတွေဘာတွေစိုက်တာ”
“အင်းပါမောင်ရဲ့”
“ကြက်သွန်ဖြူလေးနဲ့ ဆီသေချာ သပ်နော် ဆီစိမ်းနံ့ထွက်လိမ့်မယ်”
“အင်း”
“ကန်စွန်းတွေ အရမ်းမညိုးစေနဲ့”
“ဒီမယ် ရှင်ဒီနေ့တော်တော် စကားများနေပါ့လား ကျုပ်ကိုဟင်းမချက်တတ်ဘူးမှတ်နေလား”
“မင်းဟင်းချက်တတ်မှန်းသိပါတယ် ကိုယ်ချင်းစာတတ်အောင်လို့ပါ”
“ဘာကိုကျုပ်က ကိုယ်ချင်းစာရမှာလဲ”
“ငါကားမောင်းရင် ဘေးကနေဟိုလိုလုပ် ဒီလိုလုပ် ဟိုလိုမောင်း ဒီလိုမောင်းနဲ့
ဆရာကြီးလုပ်လို့ ကိုယ်ချင်းစာတတ်အောင်လို့ လုပ်ပြတာ”
“အော် ရှင်ကကျုပ်ကို လက်စားချေတယ်ပေါ့”
“ဟီး… သဲလေးကလဲချစ်လို့စတာ စိတ်ဆိုးရဘူးနော် …နော်”
“ဟွန်း …..”