Funny

htinlinn(42)
Published in
#funny
Words
289
Reading
2 min
Listen
Play
9y

😃Miss Call လင်မယား😃

( ဘဝအမော ပြေစေဖို့)

#ရပ်ကွက်တစ်ခုမှာ အလွန်နှမြော၊ အလွန်ကပ်စေးနဲတဲ့ သူငယ်ချင်း လင်မယားရှိတယ်။

ယောက်ျားလုပ်သူက မိန်းမကို ကြောက်ရတယ် ပြောကြတယ်မလား...

'မယားကြောက်' တဲ့သူကို "မယက" ဆိုပြီး။ ဒီလူက 'မယက' မဟုတ်ဘူးတဲ့။ 'မယတက' တဲ့။ 'မယားကို တုန်နေအောင်ကြောက်'... လို့... 'မယတက'... တဲ့။

ကောင်းဘူးလား... လင်မယားနှစ်ယောက်လုံး အလုပ်တွေအကိုင်တွေနဲ့ဆိုတော့ ဝင်ငွေကောင်းတယ်။

ဒါပေမယ့် နေရာတကာ ချွေတာတယ်။ မနက်စာ မုန့်ဟင်းခါးစားရင် တစ်ပွဲဝယ်ပြီး ထမင်းတွေထပ်ထည့်၊ လင်မယား ၂ယောက် ခွဲစားတယ်။

ကော်ဖီမစ်ထုပ် ၁ ထုပ်ကို ၂ ခွက်ဖျော်ပြီး လင်မယား ၂ယောက် ခွဲသောက်တယ်။

အမဲသား ၁၅ ကျပ်သားဝယ်ပြီး တစ်ဝက်ကို အခြောက်လှမ်းတယ်၊ ကျန်တဲ့တစ်ဝက်ကို ပြုတ်ကြော်လုပ်ထားပြီး ၃ ရက်လောက်စားတယ်။

လဘက်ရည်ဆိုင်ထိုင်တာ တွေ့လို့များ သွားမနှုတ်ဆက်နဲ့ မကြားချင်ယောင် ဆောင်နေတာ သောက်ပါအုံးလို့ လောကွတ်လုပ်ရမှာ စိုးလို့လေ မတော် တကယ်ဝင်သောက်သွား ခက်ရချည့်ရဲ့လို့ ခံယူထားတာကိုး။

ခု သားလေးတစ်ယောက်ရှိတယ်။
Unwanted child ပေါ့။ မလိုချင်ဘဲ ရတာ၊ တားနေတဲ့ကြားက ရတာလေ။ ကလေးမွေးလာရင် ကုန်ကျမယ့် စရိတ်စက၊ လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ရမယ့် စရိတ်စကတွေကို နှမြောတာလေ။ ကိုယ့်ကိုကိုယ်တောင် မသထှာတာကိုး။

ပြောရအုံးမယ်... ... လင်မယား ညားကျတော့ ကလေးမယူသေးဘူးလို့ သဘောတူကြတယ်။ ဒါနဲ့... ကလေးမရအောင် ဘယ်လို တားကြမလဲပေါ့ တိုင်ပင်တယ်.... ...

မိန်းမကပြောတယ်... ဆေးထိုးဆေးစားတော့ မလုပ်ချင်ဘူး၊ လူက မဲပြီးဝလာတတ်တယ်လို့ ပြောတယ်၊ အလှပျက်လိမ့်မယ်... တဲ့

ယောကျာ်းကလည်း ပြောတယ်.... င့ါ သားကြောကို ခွဲစိပ်ဖြတ်တောက်ဖို့ကျလည်း မလွယ်ဘူး၊ အလေးပင်တွေ ဘာတွေတောင် မ,လို့ မရဘူးပြောတယ်... တဲ့။

ဒါနဲ့... (မရိုသေ့စကားဗျာ) ကွန်ဒုံပဲ သုံးကြမယ်လို့ ၂ ယောက်သား သဘောတူကြတယ်။ Unicef ကလား မသိဘူး၊ တခါတလေ ကွန်ဒုံတွေ အလကားဝေတယ်လေ။ အလကား ရတဲ့အခါရ၊ လိုအပ်တဲ့အခါ နည်းနည်းထပ်ဝယ်ပေါ့။

ခက်တာက... နှမြောတွန့်တိုတဲ့ လင်မယားဆိုတော့ ကွန်ဒုံကို တခါသုံးပြီးရင် ရေဆေးပြီး ပြန်သိမ်းထားတယ်တဲ့။ နောက် တခါနှစ်ခါ မပြဲသေးဘူးဆိုရင် ပြန်ပြန်သုံးသတဲ့လေ ဘယ်လိုတွေ သုံးနေသလဲတော့ မသိဘူး။ အဲဒီလို တလွဲတချော်တွေလုပ်လို့ ကိုယ်ဝန်ရပြီး၊ ဒီကလေး ရလာတာပဲ။ ကောင်းကြသေးရဲ့လား... ဟမ်။

နှမြောလွန်း တွန့်တိုလွန်ပြီး မကြံကောင်းမစည်ရာတွေကြံတော့ မဖြစ်ချင်တာတွေ၊ မဖြစ်သင့်တာတွေ ဖြစ်ကုန်တာပေါ့။ ပြောမယ်ဆို အများကြီးပါ၊ ဆုံးနိုင်မှာ မဟုတ်ဘူး။

ခုပြောချင်တာက ဖုန်းကိစ္စ။

လင်မယားနှစ်ယောက်လုံး Hand phone တစ်ယောက်တစ်လုံး ဝယ်ထားတယ်။

ခေတ်အခြေအနေအရ မဖြစ်လို့သာဝယ်ထားတာ သိပ်ကိုင်ချင်တာ မဟုတ်ဘူး၊ အပိုကုန်တယ်လို့ ထင်တာကိုး ဖုန်းသာ ကိုင်ထားတာ၊ လင်မယားချင်းတောင် သေရေးရှင်ရေးကလွဲလို့ ဖုန်းမခေါ်ဘူး၊ အထွက် Call အတွက် ပိုက်ဆံဖြတ်မှာ စိုးလို့လေ။
တစိမ်းဆို ဝေးရော... ..

ဒါဆို လုံးဝ ဖုန်းမခေါ်ဘူးလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ သူတို့ဘက်က ပြောစရာအရေးကိစ္စရှိလာပြီဆိုရင် သက်ဆိုင်တဲ့သူဆီကို Miss call ပေးတယ်။ တဖက်လူရဲ့ နံပတ်ကို နှိပ်ပြီး ခေါ်တယ်... Ring သံ တစ်ချက်မြည်သွားပြီဆိုတာနဲ့ ပြန်ချလိုက်တယ်။ Miss call တွေ့တော့ တစ်ဖက်လူက ပြန်ခေါ်ရတော့တာပေါ့။ အဲဒီတော့မှ သူပြောစရာရှိတာ ပြောတယ်။

အကြောင်းသိတဲ့လူတွေက သူတို့လင်မယားကို နာမည်ပေးထားတယ်... "မစ်စ်ကော လင်မယား"... လို့။

အဲလိုနဲ့ နေလာလိုက်တာ... တစ်ရက်တော့ သတင်းဆိုးတစ်ခု ကြားလိုက်ရတယ်။

နှမြောတွန့်တိုတဲ့ ကျနော့်သူငယ်ချင်းလင်မယား သူတို့ရဲ့အိမ် မီးထဲပါသွားလို့တဲ့။

သူ့ဘေးအိမ်က စလောင်တာတဲ့။ အဲ့အိမ်က အိမ်ရှင်တွေ မရှိကြဘူးလို့ ပြောတယ်။ ဝါယာရှော့လား၊ ရှို့တာလားတော့မသိ၊ လူမနေတဲ့ အိမ်က ညကြီးသန်းကောင် မီးထလောင်တာ။ အဲဒါကို မီးသတ်ကားက အချိန်မှီမရောက်လာတော့ သူငယ်ချင်းအိမ်ပါ ပါသွားတာ။

ဒါနဲ့ သတင်းမေးသွားရင်း သူတို့ကို မေးကြည့်တယ်... ...

"ဘေးကပ်ရက်အိမ် မီးလောင်တာ မင်းတို့က မသိဘူးလား" "သိတာပေါ့ကွ၊ ငါတို့အိပ်တဲ့အခန်း ခြေရင်း ပြူတင်းပေါက်ကနေ တန်းမြင်နေရတယ်"

"ဒါဆို မီးသတ်ကို ဖုန်းမဆက်ဘူးလား".... .... ဆိုတော့ သူငယ်ချင်းက ပြောရှာတယ်... ...

"လောင်လောင်ခြင်း ငါ မီးသတ်ဌာနကို မစ်စ်ကောပေးပါတယ်ကွာ၊ ခွေးမသားတွေက ပြန်မခေါ်ဘူးလေ".... တဲ့။ 😃
image
အံ့သြဘ😃

Credit # သန့်ဇင်ဉီး —

#Hades

Funny | Ecency